အင်ဂျင်အပူကို ထိန်းသည့် Air-Water Cooling System အကြောင်း
Air-Water Cooling System သည် အင်ဂျင်အပူကို ထိန်းချုပ်ရန် အသုံးပြုသောနည်းလမ်းတစ်ခုဖြစ်ပြီး၊ ရေ (Water) နှင့် လေ (Air) ကို သုံးပြီး အင်ဂျင်ကို အေးစေဖို့ အဓိကရည်ရွယ်ထားသည်။
ဤစနစ်တွင်၊ အင်ဂျင်၏ အပူဓာတ်ကို ရေမှ ယူဆောင်ပြီး၊ ထိုပူနေသောရေများကို ရေလည်အုံ (Radiator) မှတဆင့် လေဖြင့် အေးစေပါသည်။
Air-Water Cooling System ၏ အခြေခံလုပ်ဆောင်ချက်များ
ရေဖြင့်အပူကိုစုပ်ယူခြင်း (Heat Absorption)
အင်ဂျင်လည်ပတ်စဉ်အတွင်း စွမ်းအင်ပြောင်းလဲမှုကြောင့် အပူဓာတ်ပိုမိုဖြစ်လာသည်။ Cooling system သည် အင်ဂျင်အပူကို ရေနှင့်ထိတွေ့စေပြီး အပူဓာတ်ကို ရေထဲသို့ လွှဲပြောင်းပေးသည်။
ရေလည်အုံ / အင်ဂျင်ကို အအေးပေးသည့်ကိရိယာ (Radiator) မှ အပူလျှော့ပေးခြင်း
အပူဓာတ်ကို ရေလည်အုံမှ လေလှိုင်းထဲသို့ ထုတ်လွှတ်သည့်နည်းဖြင့် ရေထဲရှိ အပူဓာတ်ကို အေးစေသည်။
ရေစနစ်လည်ပတ်မှု (Water Circulation)
ရေလည်ပတ်မှုစနစ်သည် Water Pump ဖြင့် အင်ဂျင်နှင့် Radiator ကြားကို စက်မော်တာဖြင့် မောင်းနှင်လည်ပတ် စေသည်။
လေအေးဖြင့် အပူလျှော့ချမှု (Air Cooling)
Radiator ၏ အပူဓာတ်ကို ပိုမိုလျှော့ချရန် ရေလည်အုံ၏ ရေသွားပိုက်လိုင်းမျက်နှာပြင် ဧရိယာများကို လေနှင့်များများထိတွေ့စေခြင်းဖြင့် အေးစေသည်။ ထို့ကြောင့်ရေပိုက်များကို ဇစ်ဇက်ပုံ ပြုလုပ်ထားပြီး လေဖြင့်ထိတွေ့နိုင်သည့် ဧရိယာများအောင် ပြုလုပ်ထားလေ့ရှိသည်။
Air-Water Cooling System ၏ ကောင်းကျိုးများ
- အင်ဂျင်၏ အပူချိန်မြင့်တက်မှုကို ထိန်းချုပ်နိုင်သည်။
- Overheat ဖြစ်မှုကို အရှိန်လျှော့ချသည်။
- အင်ဂျင်စွမ်းဆောင်ရည်နှင့် စက်လုပ်ဆောင်နိုင်စွမ်း များကိုကောင်းမွန်စေသည်။
- အချိန်အကြာကြီး အင်ဂျင်ကို အလုပ်လုပ်စေနိုင်ပြီး အင်ဂျင်သက်တမ်းကို ပိုကြာစေသည်။

သုံးသပ်ချက်
Air-Water Cooling System သည် ခေတ်မီအင်ဂျင်စနစ်များတွင် မဖြစ်မနေလိုအပ်သော နည်းပညာဖြစ်သည်။ ရေနှင့်လေတို့ပေါင်းစပ်၍ အင်ဂျင်၏ အပူထိန်းချုပ်နိုင်မှုကို ပိုမိုကောင်းမွန်စေရန် အခြေခံထားပြီး လက်ရှိထွန်စက်၊ မော်တော်ကားနှင့် လက်တွန်းထွန်စက်များ အစရှိသည့် စက်များတွင် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေပါသည်။
လေဖြင့် ရေပူကိုအေးစေသည့် နည်းစနစ်မပါဘဲ တိုင်ကီထဲမှ ရေပူကို ရေအေးဖြင့် ရော၍ အေးစေသော စနစ်ကိုလည်း တချို့အင်ဂျင်များတွင် အသုံးပြုလေ့ရှိသည်။ ဥပမာ - မော်တော်ပဲ့ထောင်များတွင် ရေအေးကို ရေတိုင်ကီထဲ မောင်းထည့်ခြင်းဖြင့် အပူကို လျှော့ချစေသည်။ ထို့အပြင်အင်ဂျင်ကို တနေရာထဲအထိုင်ချပြီး လည်ပတ်သောလုပ်ငန်းများ (ဆီစက် ၊ ကြိတ်စက်၊ ခွဲစက် …) တွင်လည်း ရေအေးထည့်ပေးခြင်းစနစ်ဖြင့် အင်ဂျင်အေးအောင် လုပ်ဆောင်လေ့ရှိသည်။
သို့သော် လက်တွန်းထွန်စက်ကဲ့သို့ ကွင်းထဲတွင် ရွေ့လျားနေသော စက်များအတွက် လေနှင့် ရေ ပေါင်းပြီး အပူကိုလျှော့ချသည့် Air-Water Cooling System သည်သာ အမှန်ကန်ဆုံးဖြစ်ပါသည်။ လေနှင့် အေးစေသည့် စနစ်မပါဘဲ ရေအေးဖြည့်ခြင်းဖြင့်သာအေးစေပါက အပူချိန်လွန်ကဲလာသောစက်ကို ရပ်တန့်၍ မကြာခဏ ရေလဲပေးနေရသည့်အတွက် အလုပ်မဖြစ်နိုင်ပါ။ ထို့ကြောင့် သုံးစွဲမည့် တောင်သူများအနေဖြင့်လည်း စက်များကို ရွေးချယ်ဝယ်ယူရတွင် မိမိအသုံးပြုမည့် လုပ်ငန်းပေါ်မူတည်၍ Air-Water Cooling System ပါသောစက်များကို မှန်ကန်စွာ ရွေးချယ်ဝယ်ယူရမည်ဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
လယ်ယာသုံးစက်ကိရိယာများ
aung
1 year agoိဖခုုူု့ြုငငသုလ်ီတမငငငငဃြလကြ
aung
1 year agoပန္ကာ
Related questions
ဒီငရုတ်သီးပင်က အဲ့လိုဖြစ်နေတာ ဘာလုပ်ရမလဲဟင် ဖြေပေးကြပါဦးရှင့်
Mon Mon • 3 answers
Rubber စိုက်ဖို့ ြမေ ၇ ဧက ပြင်ပီးပါပီ။ မျိ ုးက BPM 24ပါ။ ကျင်းတူးစိုက်နဲ့၊ ပေါက်စိုက်တာ ဘယ်ဟာပိုကောင်းလဲ ခင်ဗျ...အားနည်းချက်၊ အားသာချက်လေး အကြြံပ ုပေးကြပါခင်ဗျါ...
myonyein • 2 answers
စပါး
Hnin Oo • 1 answers
မြေတိုင်းကိရိယာဝယ်ချင်ပါတယ်ဗျ ဘယ်မှာဝယ်လို့ ရနိုင်မလဲ
U Kyaw Kyaw • 1 answers
အပွင့်ခြောက်ပြီးအသီးမတင်တာများနေလို့ပါပိူးသတ်ဆေး၊မှိုသတ်ဆေး၊အသီးအပွင့်တင်ဆေး၃ရက်ခြားဖျန်းထားပြီးလို့၄ရက်လောက်ရှိပါပြီ။အရွက်၊အညွှန့်၊သားတက်များဖြက်ဖို့လိုအပ်ပါသလား၊လိုအပ်ပါကဘယ်အချိန်၊ဘယ်အရွက်၊ဘယ်သားတက်များဖြတ်ရမလဲဖြေကြားပေးပါအုံး၊အသီးပွင့်များမခြောက်အောင်ဘယ်အချက်တွေကိုရှောင်ရမလဲခင်ဗျာ။
zawhtut • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Green Way
See all
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
မိသားစုအတွက် အာဟာရဖြည့်တင်းနည်းနှင့် အပိုဝင်ငွေရှာနည်း အွန်လိုင်းအခမဲ့ ဆွေးနွေးပွဲ
03/05/2026
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့
01/05/2026