အင်ဂျင်ဝိုင်က စက်ပစ္စည်းတွေမှာ ဘာကြောင့်အရေးကြီးတာလဲ?
အင်ဂျင်များလည်ပတ်ရာတွင် အင်ဂျင်ဝိုင်၏ အခန်းကဏ္ဍသည် အင်ဂျင်၏ သက်တမ်းနှင့် လည်ပတ်မှုကို သက်သာစေရန်အတွက် အရေးပါသည်။ အထူးသဖြင့် အင်ဂျင်ဝိုင်သည် အောက်ဖေါ်ပြပါ အချက်များအတွက် မရှိမဖြစ် အရေးပါသည်။
၁. သံချေးတက်ခြင်းနှင့် ပွတ်စားခြင်းမှ ကာကွယ်မှု
အင်ဂျင်အတွင်းရှိသတ္တုအစိတ်အပိုင်းများသည် တစ်ခုနှင့်တစ်ခု ပွတ်တိုက် လှုပ်ရှားရသောကြေင့် ပွတ်စားမှုများ ဖြစ်တက်သည်။ ၎င်းအပြင် ရေငွေ့ နှင့် စိုထိုင်းဆများကြောင့် သံချေးတက်ခြင်းဖြစ်တက်သည်။
အင်ဂျင်ဝိုင်သည် မျက်နှာပြင်ပေါ်တွင် အလွှာတစ်ခုအဖြစ် ဖုံးအုပ်ပေးပြီး သံချေးတက်ခြင်း နှင့် ပွတ်စားမှုကို ကာကွယ်ပေးသည်။
၂. အပူချိန်ကို ထိန်းညှိခြင်း
အင်ဂျင်အတွင်းတွင် လည်ပတ်မှုကြောင့်၊ ပွတ်တိုက်လှုပ်ရှားရမှုတို့ကြောင့် အပူကို ဖြစ်ပေါ်စေသည်။ မည်သည့် အရာဝတ္ထုများဖြစ်စေ ပွတ်တိုက်ပါက အပူစွမ်းအင်ထွက်သည့်သဘောရှိသည်။ အင်္ဂျင်အစိတ်အပိုင်းများသည် အချိန်တိုအတွင်း အလွန်အမင်း ပွတ်တိုက်လှုပ်ရှား ရုံးကန်ရသည့်အတွက် အပူမှာ လွန်စွာများသည်။
အင်ဂျင်ဝိုင်သည် အပူချိန်များကို ထိန်းညှိပေးပြီး အင်ဂျင်ကို အပူလွန်ခြင်းမှ ကာကွယ်သည်။
၃. ပွတ်တိုက်ခြင်းကို သက်သာစေမှု
• အင်ဂျင်အတွင်းရှိ လှုပ်ရှားနေသောအစိတ်အပိုင်းများသည် အမြဲတမ်းအချင်းချင်း ပွတ်တိုက်ထိတွေ့နေပါသည်။ ချောဆီမပါပဲ ပွတ်တိုက်သည့်အခါ အပူလွန်ကဲ လာကာ အရာဝတ္ထုများသည့် ပူလာပါက ပွလာသည့်သဘောကြောင့် သတ္ထုမျက်မှာပြင်အချင်းချင်း ပွတ်စားမှုဖြစ်လာပြီး နောက်ဆုံးတွင်လှုပ်ရှားမရတော့ပဲ အင်္ဂျင်ရပ်သွားသည်အထိ ဖြစ်တက်သည်။
• အင်ဂျင်ဝိုင်သည် အစိတ်အပိုင်းများအကြား ပွတ်တိုက်မှုကို လျှော့ချပေးပြီး လှုပ်ရှားမှုကို ချောမွေ့စေကာ ပျက်စီးမှုများကို ကာကွယ်ပေးသည်။

၄. သန့်ရှင်းမှုနှင့် အညစ်အကြေး ဖယ်ရှားခြင်း
• အင်ဂျင်ဝိုင်သည် ဖုန်မှုန့်များ၊ သတ္တုအမှုန်များနှင့် အခြားအညစ်အကြေးများကို ဖမ်းယူထားခြင်းအားဖြင့် အင်ဂျင်အတွင်း သန့်ရှင်းမှုကို ထိန်းသိမ်းပေးသည်။
• အဆိုပါ အညစ်အကြေးများကို အင်္ဂျင်ဝိုင်စစ်ပေါက်မှ စစ်ထုတ်ပေးပြီး အင်ဂျင်အတွင်းပိုင်း သန့်ရှင်းမှုကို လုပ်ဆောင် ပေးသည်။
၅. အစိတ်အပိုင်းများ၏ သက်တမ်းတိုးမြှင့်မှု
အင်ဂျင်ဝိုင်သည် စက်ပိုင်းဆိုင်ရာ အစိတ်အပိုင်းများ၏ စက်မှုလုပ်ဆောင်မှုကို ကောင်းမွန်စေပြီး ပွတ်ဖန်များ၍ သတ္ထုမျက်နှာပြင်များ ပါးပြီးပေါက်ပြဲ ပျက်စီးမှုကို ကာကွယ်ပေးသည့်အတွက် အင်္ဂျင်သက်တမ်းကို တိုးမြှင့်ပေးနိုင်သည်။
၆. ပျက်စီးမှုနှင့် ဆုံးရှုံးမှု လျှော့ချပေးခြင်း
• အင်ဂျင်ဝိုင်မှ ပံ့ပိုးပေးသည့် ချော့မွေ့မှုသည် အင်ဂျင်အစိတ်အပိုင်းများအပေါ်ရှိ ပွတ်အားနှင့်ဖိအားကို လျှော့ချပေးပြီး ၄င်းအင်ဂျင်အစိတ်အပိုင်းများ၏ ကြာရှည်ခံမှုကို တိုးမြှင့်စေသည်။
မှန်ကန်သည့် အင်ဂျင်ဝိုင်ကို အသုံးပြုခြင်းသည် အင်ဂျင်၏ စွမ်းဆောင်ရည်ကောင်းမွန်မှု၊ သက်တမ်းတိုးမြှင့်မှုနှင့် ဆီစားနှုန်း လျှော့ကျစေသည်။ထို့ကြောင့် အင်ဂျင်ဝိုင်၏ အရေးပါမှုကို လျော့မတွက်သင့်ပါ။ စက်အမျိုးအစားနှင့် အသုံးပြုမှုအပေါ် မူတည်ပြီး သင့်တော်သော အင်္ဂျင်ဝိုင်ကို ရွေးချယ်အသုံးပြုသင့်ပါသည်။
အင်ဂျင်ဝိုင်ကို စက်အသုံးပြုမှုနာရီ 250 မှ 300 သုံးပြီးတိုင်း အသစ်လဲလှယ်အသုံးပြုဖို့လိုပါသည် ။ အင်ဂျင်ဝိုင်လဲသည့်အခါ အင်္ဂျင်စစ်သည့်ဖစ်တာကိုပါတပါတည်းလဲပေးရမည်။ စက်အသုံးပြုသည့်နာရီကို မှတ်သား၍ အချိန်ပြည့်လျှင် အင်ဂျင်ဝိုင်ကို မဖြစ်မနေလဲပေးရမည်။ မှတ်သားထားမှုမရှိလျှင် အကြမ်းအားဖြင့် အင်ဂျင်ဝိုင်အရောင် မဲနက်ပြီး အစေးဓါတ် မရှိတော့သည့် အခါ လဲပေးရမည်။ သို့သော် စက်အသုံးပြုသည့်အချိန်ကို မှတ်သားပြီး ပုံမှန်လဲပေးခြင်းသည် အင်ဂျင်၏ စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်စေပြီး ၊ သတ်တမ်းကို ပိုမိုတာရှည်စေပါသည်။ အင်ဂျင်ဝိုင်လဲသည့်အခါ စက်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် အင်ဂျင်ဝိုင်အမျိုးအစား ( SAE - …. ) ကို မှန်ကန်စွာ ရွေးချယ်ပြီး လဲပေးရမည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
လယ်ယာသုံးစက်ကိရိယာများ
Related articles
Related questions
ဒီငရုတ်သီးပင်က အဲ့လိုဖြစ်နေတာ ဘာလုပ်ရမလဲဟင် ဖြေပေးကြပါဦးရှင့်
Mon Mon • 3 answers
Rubber စိုက်ဖို့ ြမေ ၇ ဧက ပြင်ပီးပါပီ။ မျိ ုးက BPM 24ပါ။ ကျင်းတူးစိုက်နဲ့၊ ပေါက်စိုက်တာ ဘယ်ဟာပိုကောင်းလဲ ခင်ဗျ...အားနည်းချက်၊ အားသာချက်လေး အကြြံပ ုပေးကြပါခင်ဗျါ...
myonyein • 2 answers
စပါး
Hnin Oo • 1 answers
မြေတိုင်းကိရိယာဝယ်ချင်ပါတယ်ဗျ ဘယ်မှာဝယ်လို့ ရနိုင်မလဲ
U Kyaw Kyaw • 1 answers
အပွင့်ခြောက်ပြီးအသီးမတင်တာများနေလို့ပါပိူးသတ်ဆေး၊မှိုသတ်ဆေး၊အသီးအပွင့်တင်ဆေး၃ရက်ခြားဖျန်းထားပြီးလို့၄ရက်လောက်ရှိပါပြီ။အရွက်၊အညွှန့်၊သားတက်များဖြက်ဖို့လိုအပ်ပါသလား၊လိုအပ်ပါကဘယ်အချိန်၊ဘယ်အရွက်၊ဘယ်သားတက်များဖြတ်ရမလဲဖြေကြားပေးပါအုံး၊အသီးပွင့်များမခြောက်အောင်ဘယ်အချက်တွေကိုရှောင်ရမလဲခင်ဗျာ။
zawhtut • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Green Way
See all
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
မိသားစုအတွက် အာဟာရဖြည့်တင်းနည်းနှင့် အပိုဝင်ငွေရှာနည်း အွန်လိုင်းအခမဲ့ ဆွေးနွေးပွဲ
03/05/2026
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့
01/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....