Green Way
ဝက်မများမြိုင်လာလျှင် သိနိုင်သောအချက်များ

ဝက်မများမြိုင်လာလျှင် သိနိုင်သောအချက်များ

ဦးဇော်(dof)
ဦးဇော်(dof) 05/10/2021

- မြိုင်လာနေသော ဝက်မရဲ့ကျောကုန်းကို လက်ဖြင့်ဖိကြည့်ပါက ငြိမ်နေခြင်း။

- ဝက်မ၏နားရွက်သည် ထောင်မတ်နေခြင်း။

- ဝက်မ၏တန်ဆာသည် နီရဲရောင်ရမ်းနေခြင်း။

- ဝက်မ၏တန်ဆာမှ အဖြူအရည်များ ကျဆင်းနေခြင်း။

- အသံကျယ်လောင်စွာ အော်ဟစ်နေတတ်ခြင်း။

- အစားအသောက်ပုံမှန်မစားခြင်း။

- ခြံ၊ အစာပုံး၊ အစာခွက်၊ ရေပိုက်တို့ကို ကိုက်နေခြင်း။

- ဝက်သိုးနှင့် ထိတွေ့သောအခါတွင်လည်း ဝက်မမှ အမသံပေးခြင်း။

- ဝက်မနားရွက်သည် ထောင်မတ်နေခြင်း။

- အမြှီးသည်ထောင်ပြီး တုန်နေခြင်း။

- ကျောကုန်းပေါ်သို့ တက်ခွရာတွင် ဝက်မက ပြန်ပြီး အပေါ်သို့ ပင့်တင်တွန်းကန်သောအမူအရာပြခြင်း။ အစရှိသည်တို့ကို ကြည့်ရှုခြင်းဖြင့်လည်း ဝက်မများမြိုင်လာသည်ကို အလွယ်တကူသိရှိနိုင်ပါသည်။

ဝက်မတစ်ကောင်ရဲ့ မြိုင်စက်ဝန်းတစ်ခုနှင့်တစ်ခုကြားကာလမှာ ပျှမ်းမျှအားဖြင့် ၂၁ (၁၈-၂၄) ရက် ဖြစ်ပါသည်။

Ref: မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန။

7
mg kaung

mg kaung

1 year ago

မျိုး ရှိ /မရှိ ဘယ်လို စမ်းသပ် ရမလဲ...? ဘယ်လို စမ်းသပ်ရမလဲ? ၄ လ က ပြည့်နေပြီ ကျောက်ဆည်မြို့နယ်ကပါ....​ ဒေသမျိုး မျိုး ဝက်မ သုံးကောင်မွေးမြူထားပါတယ်။ သားတင်တာကတော့ရိုးရိုး မိတ်လိုက်တင်တာပါ.....အဲမှာ မျိုးရတယ်လို့ ထင်ရတာပါပဲ..အခုဆို ၄ လ နဲ့ ၄ ရက်ရှိနေပေမဲ့ ဝက်မတွေက နို့အုံလည်းကောင်းကောင်းမကြ ဗိုက်ကလည်းမသိ သာဘူး...မျိုးက ရှိလား မရှိတာလား ဘယ်လိုသေချာအောင် စမ်းသပ်ရပါသလဲ ဗျ? အစောင့်ကြီး စောင့် ပြီး မျှော်လင့်ထားခဲ့တာဗျာ

mg kaung

mg kaung

1 year ago

မျိုး ရှိ /မရှိ ဘယ်လို စမ်းသပ် ရမလဲ...? ဘယ်လို စမ်းသပ်ရမလဲ? ၄ လ က ပြည့်နေပြီ ကျောက်ဆည်မြို့နယ်ကပါ....​ ဒေသမျိုး မျိုး ဝက်မ သုံးကောင်မွေးမြူထားပါတယ်။ သားတင်တာကတော့ရိုးရိုး မိတ်လိုက်တင်တာပါ.....အဲမှာ မျိုးရတယ်လို့ ထင်ရတာပါပဲ..အခုဆို ၄ လ နဲ့ ၄ ရက်ရှိနေပေမဲ့ ဝက်မတွေက နို့အုံလည်းကောင်းကောင်းမကြ ဗိုက်ကလည်းမသိ သာဘူး...မျိုးက ရှိလား မရှိတာလား ဘယ်လိုသေချာအောင် စမ်းသပ်ရပါသလဲ ဗျ? အစောင့်ကြီး စောင့် ပြီး မျှော်လင့်ထားခဲ့တာဗျာ

နန်ဒါ

နန်ဒါ

2 years ago

ကျေးဇူးတင်ပါတယ်

ko win zaw

ko win zaw

2 years ago

ဆရာတို့ရေးးကျနော့ဝက်မ သားပြထားတာ ၁၅ရက်ရှိပီ အခုအဖြူအရည်တွေ အဖတ်တွေကျနေတယ် ဘာဖြစ်တာလဲ ပြောပြအကြံပေးပာအုံး

ကျော်ဖြိုးလင်

ကျော်ဖြိုးလင်

3 years ago

ဝက်မကြီးသားခွဲပြီး ၂၁ရက်ရှိပါပြီ ပြန်မမြူးသေးလို့ပါ သံဆေး အားဆေးလိုက်ပြီးပါပြီ ပြန်မြူးအောင်ဘယ်လိုလုပ်ပေးရမလဲဆရာ ဝက်သိုးနဲ့လဲဘေးချင်ကပ်ခြံမှာထားပါတယ် ဆရာ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....