လျှပ်စစ်ဖောက်စက်ဖြင့် ဘဲဖောက်နည်း
ဘဲဥများကိုသားဖောက်ရန် လျှပ်စစ်ဖောက်စက်ကို အသုံးပြုပြီးလည်း သားဖောက်နိုင်ပါသည်။ဘဲကောင်ရေ များများဖောက်လိုသည့်အခါမှာ ဖောက်စက်ကိုအသုံးပြုပြီးဖောက်ရန် လိုအပ်ပါသည်။ ဖောက်စက်ဖြင့် သားဖောက်ရာတွင် ဖောက်မည့်ဘဲဥများကို ကနဦးရွေးချယ်ရာမှာ သန့်ရှင်းလတ်ဆတ်မှုရှိရပါမည်။ ဘဲထီးတစ်ကောင်ကို ဘဲမ ၁၀ ကောင် မျိုးဘဲထားရှိ၍ မျိုးဥဖောက် ဥထုတ်လုပ်နိုင်ပါသည်။
ဘဲဥသည် ၂၈ ရက်ကြာမှ သားပေါက်သဖြင့် ဝပ်စက် (Setters) ထဲတွင် ၁၅ ရက်ထားရှိ၍ ကျန်ရှိသည့် ၁၃ ရက်ကို ဖောက်စက် (Hatchers) ထဲသို့ ပြောင်းရွှေ့ထားမှ ဘဲသားပေါက်လေးများ ထွက်ရှိလာပါမည်။
ဝပ်စက် (Setters) ၏ အပူချိန်မှာ ၉၉.၅ ဒီဂရီ ဖာရင်ဟိုက် (၃၇.၅၉ ဆဲလ်စီးယပ်စ်)နှင့် ရေငွေ့ပါဝင်နှုန်း (၅၅%)ဖြင့် ချိန်ပေးရပါမည်။
ဘဲဥများကို ဖောက်စက် (Hatchers) ထဲသို့ ပြောင်းရွှေ့သည့်အခါတွင် အပူချိန်ကို ၉၉.၅ ဒီဂရီ ဖာရင်ဟိုက် (၃၇.၂၉ ဆဲလ်စီးယပ်စ်) နှင့် ရေငွေ့ ပါဝင်နှုန်း (၆၅%) ချိန်ထားပြီး ဘဲသားပေါက်လေးများ နှုတ်သီးထွက်စချိန်တွင် လေထုအတွင်းစိုထိုင်းဆ (၈၀%) သို့ တိုးမြှင့်ပေးရပါမည်။
ဘဲသားလေးများ စုံညီစွာထွက်လာသည့်အခါ အပူချိန်ကို ၉၇ ဒီဂရီဖာရင်ဟိုက် (၃၆.၁၉ ဆဲလ်စီးယပ်စ်) နှင့် စိုထိုင်းဆ ၇၀% သို့ ထားပေးရပါမည်။
ဘဲသားလေးများ စုံညီစွာထွက်ရှိပြီး အမွှေးခြောက်သည့်အခါတွင် ဖောက်စက် (Hatchers) ထဲမှ ထုတ်ယူပြီး မွေးခြံထဲသို့ ပြောင်းရွှေ့မွေးမြူနိုင်ပါပြီ။
မှီငြမ်း- တစ်နိုင်တစ်ပိုင်ဘဲမွေးမြူရေးစာမျက်မှာမှ ကောက်နှုတ်တင်ပြပါသည်။
Aung Aung
10 months agoဘဲထီးဘဲမ အဥကိုဘယ်လိုခွေးလေး
Aung Myint Mo
11 months agoဘဲသာဖောက့်တွေလိုချင်ပါတယ် ဆက့်သွယ်ရမဲ့ဖုန်းနံပါတ့်ပေးခဲ့ပါ
CHIT MIN THU
4 years agoဘဲ ပေါက်အထီးအမခွဲနည်းပြောပြ ပေးပါ
Related questions
ဆိတ်သားခွဲဈေး ဘယ်လောက်ရှိလဲဗျ ခုမှစမွေးမလို့ပါ ...ပြည်ဘက်မှာ
KoThet • 1 answers
ဖားသားပေါက်နဲ့ဖားအမေအဖေဘယ်မှာရောင်လဲဗျား
ကိုပြည့်ဖြိုးအောင် • 0 answers
ဆရာ ကျွန်တော် နွားမကည၁၂နာရီက အဖြူရေတွေ ကျနေတယ် ခုနေ့ခင်းလည်း ကျနေလို့ ညနေ၆နာရီက မေထုန်မဲ့နည်းနဲ့ သားစပ်လိုက်တယ် ခုည၁၀ နာရီမှာ အဖြူရေအနည်းငယ် ကျနေလို့ ဘယ်လိုဖြစ်တာလဲ ခင်ဗျာ
Ma wai • 1 answers
ဘယ်အချိန်မှာ သားဆက်ရမလဲ ခင်ဗျာ
Thant zin tun • 2 answers
နွားမမျိုးတင်တာ၃လကြာမှပြန်ပြီးမျိုးတောင်းတာဘယ်လိုလုပ်ရမလဲအကြံပေးစေချင်ပါတယ်
ko ko • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဦးဇော်(dof)
See all