ဝက်မဒန်းရွေးချယ်ရာတွင် သတိထားသင့်သည်များ
မြန်မာနိုင်ငံရဲ့မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာတာနှင့်အမျှ ဝက်မွေးမြူရေးကိုလည်း ပိုမိုကျယ်ပြန့်စွာ မွေးမြူလာကြပါသည်။ ထိုသို့မွေးမြူကြရာတွင် ဝက်သားပေါက်ဝယ်၍မွေးမြူသူများ၊ သားဖောက်ရောင်းသူများနှင့် ကိုယ်တိုင်သားပေါက်ဖောက်၍ မွေးမြူသူများလည်းရှိကြသည်။ ကိုယ်တိုင်သားဖောက်သူများအနေဖြင့် အရည်အသွေးကောင်းမွန်ပြီး ကျန်းမာသော ဝက်သားပေါက်ငယ်များရရှိရန်မှာ အရေးကြီးပါသည်။ ကျန်းမာသန်စွမ်းသော ဝက်သားပေါက်များရရှိရန်အတွက် ဝက်မဒန်းရွေးချယ်မှန်ကန်မှုရှိရန်မှာလည်း အရေးကြီးသော အချက်တစ်ချက်ဖြစ်ပါသည်။ ဝက်မဒန်းများကိုရွေးချယ်ရာတွင် အရေးကြီးသောအချက်များစွာရှိပါသည်။
ဝက်မဒန်းများကိုရွေးချယ်ရာတွင် နို့သီးတိုင် အနည်းဆုံး (၁၄ )ခု ရှိရပါမည်။ ပါဝင်သောနို့သီးတိုင်များသည် ညီညာရပါမည်။ နို့ကန်းမှုများ မရှိရပါ။ မျိုးရိုးဗီဇကောင်းမွန်ရပါမည်။ သို့မှသာ သားထိန်းစောင့်ရှောက်မှုကောင်းမွန်ပြီး မိခင်မှ ဖိမိခြင်း၊ ကိုက်ခြင်း၊ တက်နင်းမိခြင်း စသော ဆိုးကျိုးများကို ရှောင်ကျဉ်နိုင်မှာဖြစ်ပါသည်။ အကယ်၍ မှန်ကန်စွာမရွေးချယ်မိပါက သားအောင်နှုန်းမကောင်းခြင်း၊ သားထိန်းညံ့ခြင်း၊ နို့ထွက်နှုန်းမကောင်းခြင်း စသည့်ပြဿနာများစွာကို ကြုံတွေ့ရပြီး ဝက်ကလေးသေဆုံးနှုန်းများကာ စီးပွားရေးထိခိုက်မှု ရှိလာနိုင်ပါသည်။
ဝက်မွေးမြူရေးသမားများအနေဖြင့် မိမိရွေးချယ်လိုက်သော ဝက်မများသည် ကျန်းမာရေးကောင်းမွန်ပြီး ကူးစက်ရောဂါများ (ဥပမာ- ဘရူဆဲလ်လား သားလျောရောဂါ) လည်း ကင်းရှင်းရပါမည်။
ဝက်မဒန်းမများရွေးချယ်ရာတွင် ခန္ဓာကိုယ်အချိုးအစားရွေးချယ်မှုမှာလည်း အရေးကြီးလှပါသည်။ ရွေးချယ်လိုက်သော ဝက်မဒန်းမများသည် ခန္ဓာကိုယ်အချိုးစားကောင်းမွန်၍ ခြေထောက်လက်ထောက် တောင့်တင်းသန်မာရပါမည်။ သင့်တော်သော မအင်္ဂါ(တန်ဆာ) ရှိရပါမည်။ သို့မှသာ မွေးဖွားရာတွင် လွယ်ကူနိုင်မှာဖြစ်ပါသည်။
ပထမဦးစွာ ဝက်မဒန်းများကို သားတင်ရန် အကောင်းဆုံးအချိန်မှာ ၁၃၅ကီလို (ပိဿာ ၈၀)ခန့် နှင့် အသက်အားဖြင့် (၈) လ (သို့) ရက်ပေါင်း (၂၄၀)ခန့် ရှိရပါမည်။ ဝိတ်တန်းငယ်၍ အသက်ငယ်သော ဝက်မဒန်းများကို သားစပ်မိပါက သားပေါက်နှုန်းနည်းခြင်း၊ သားပေါက်ကြိမ်ရေနည်းခြင်း စသောဆိုးကျိုးများဖြစ်စေနိုင်ပါသည်။ ဝက်မဒန်းများကိုသားတင်ရာတွင် ပထမမြိုင်ကိုကျော်၍ ဒုတိယ သို့မဟုတ် တတိယမြိုင်မှသာ သားတင်သင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ပထမမြိုင်တွင်သားဥကြွေနှုန်း (12.2 )ခန့်၊ ဒုတိယမြိုင်တွင် (14.4) ခန့်နှင့် တတိယမြိုင်တွင် (15-16) ခန့်ရှိသောကြောင့် တတိယမြိုင်မှသားတင်လိုက်လျှင် သားပေါက်ကောင်ရေ ပိုမိုရရှိနိုင်ပြီး မျိုးပွားအင်္ဂါများလည်း ကောင်းစွာဖွံ့ဖြိုးနေပြီဖြစ်သောကြောင့် သားဆက်များများအသုံးပြုနိုင်မည်ဖြစ်ပါသည်။
မျိုးဝက်မများရွေးချယ်၍သားစပ်ရာတွင် ဝက်မ၏ခန္ဓာကိုယ်အနေအထားကို မူတည်၍ အဆင့် အဆင့် (၁) မှ (၅) အထိ သတ်မှတ်ထားပါသည်။ အဆင့်( ၁ ) မှာအရမ်းပိန်လွန်ပြီး အဆင့် ( ၅ ) မှာ အရမ်းဝလွန်းခြင်းဟု သတ်မှတ်ထားပါသည်။
အဆင့် (၁) - အရမ်းပိန်နေပါက သားအောင်မှုနည်းခြင်း၊ သားမွေးရခက်ခြင်း၊ မွေးချိန်ကြာခြင်း စသောဆိုးကျိုးများကို ဖြစ်စေပါသည်။ မွေးချိန်ကြာသောကြောင့် ဝက်ကလေးသေဆုံးနှုန်းမြင့်မားခြင်း၊ နို့ဦးရည်ကောင်းစွာမရရှိနိုင်ခြင်း စသည့်ပြဿနာများကြုံတွေ့လာနိုင်ပါသည်။
အဆင့် ( ၅ ) - အရမ်းဝနေပါက အဆီများ၍ မွေးရခက်ခဲခြင်း၊ မွေးချိန်ကြာခြင်း၊ မိမိခန္ဓာကိုယ်မနိုင်ခြင်း စသောဆိုးကျိုးများ ဖြစ်စေနိုင်ပါသည်။
ထို့ကြောင့် သားစပ်ရန် ခန္ဓာကိုယ်အရွယ်အစားရွေးချယ်ရာတွင် အဆင့်မပိန်လွန်း မဝလွန်းသော အဆင့် (၂) နှင့် (၃) မှာ အကောင်းဆုံးဖြစ်၍ ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားရှိနေပြီဖြစ်တဲ့အတွက် ဗိုက်ထွက်ကာ ဝဖြိုးနေသောအနေအထားဖြစ်သည့် အဆင့် (၄) ဖြစ်နေရပါမည်။ ဝက်မတစ်ကောင်ရဲ့ ကိုယ်ဝန်ဆောင်ကာလမှာ ၁၁၄ +/- ၃ရက်ရှိပါသည်။
ကိုနေလင်းအောင်
1 year agoအသက်လဲပြည့်ဝိတ်လဲပြည့်မှသားတင်ရင်တော့ပိုကောင်းပါတယ်
toetoe
1 year agoအသတိုးကျွေးထားလို့ကတ္တား၅၀ကေျာ်လောက်ဝက်မကိုဘယ်လိုပြန်ပြင်ပီးမျိုးဖောက်သင့်လည်းနားလည်သူများပြန်ကြားပေးကြပါနော်
နန်ဒါ
2 years agoကျွန်တော်က တော့ ၄၀ပိသာဆိုရင်အဆင်ပြေမလားဘဲ
toetoe
3 years agoဝိတ်တန်းအတွက်ကတော့၈၀ဆိုတာများလွန်းပါတယ်တသားပေါက်ပီးရင်၁၀၀ကျော်ပီအဲတာဆိုသားဆက်များများဖောက်နိုင်ဖို့မလွယ်တော့ဘူးပေါ့ဝက်မတကောင်ကိုသားဘယ်နှစ်ကြိမ်အထိဖောက်နိုင်ပါသလဲခင်ဗျ
ချစ်မင်းလူ
4 years agoမြိုင်ပေါ်စေရန် မည်သည့်အစာများကိုကျွေးသင့်ပါသလဲ
Related questions
ဆိတ်သားခွဲဈေး ဘယ်လောက်ရှိလဲဗျ ခုမှစမွေးမလို့ပါ ...ပြည်ဘက်မှာ
KoThet • 1 answers
ဖားသားပေါက်နဲ့ဖားအမေအဖေဘယ်မှာရောင်လဲဗျား
ကိုပြည့်ဖြိုးအောင် • 0 answers
ဆရာ ကျွန်တော် နွားမကည၁၂နာရီက အဖြူရေတွေ ကျနေတယ် ခုနေ့ခင်းလည်း ကျနေလို့ ညနေ၆နာရီက မေထုန်မဲ့နည်းနဲ့ သားစပ်လိုက်တယ် ခုည၁၀ နာရီမှာ အဖြူရေအနည်းငယ် ကျနေလို့ ဘယ်လိုဖြစ်တာလဲ ခင်ဗျာ
Ma wai • 1 answers
ဘယ်အချိန်မှာ သားဆက်ရမလဲ ခင်ဗျာ
Thant zin tun • 2 answers
နွားမမျိုးတင်တာ၃လကြာမှပြန်ပြီးမျိုးတောင်းတာဘယ်လိုလုပ်ရမလဲအကြံပေးစေချင်ပါတယ်
ko ko • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဦးဇော်(dof)
See all