Green Way
ကန်မြေသားအရောင်ကပြောသော ငါးမွေးမြူရေး ပြဿနာများ

ကန်မြေသားအရောင်ကပြောသော ငါးမွေးမြူရေး ပြဿနာများ

အောက်ဖော်ပြပါ အချက်များပေါ် မူတည်၍ မြေသား၏အရည်အသွေးနှင့် မြေအမျိုးအစားများ ကွဲပြားမှု ဖြစ်ပေါ်နိုင်သည်။ ယင်းတို့မှာ -

(က) မြေသား၏ အရောင် (Soil Color)

(ခ) မြေသား၏ ချဉ်ဖန်ဓာတ် (Soil pH)

(ဂ) သဲ၊ နုန်း၊ ရွှံ့များ ပျံ့နှံပါဝင်မှုနှင့် မြေအမျိုးအစား (Soil Particle Size <Sand, Silt, Clay> Distribution and Soil Type)

(ဃ) N: P: K အဟာရဓာတ်ပါဝင်မှု (Content of Nitrogen, Phosphorus and Potassium)

(က) မြေသား၏အရောင် (Soil Color)

မြေသား၏အရောင်ကို မျက်စိဖြင့်ကြည့်၍ ယေဘုယျအားဖြင့် အရည်အသွေး ကောင်း၊ မကောင်းသုံးသပ်နိုင်သည်။ ယင်းအတွက်မြေသားအရောင်သည် အရေးကြီးသည်။ အရောင်သည် မြေသားတွင် ဓာတ်သတ္တုပါဝင်မှု၊ မြေဆီဩဇာ၊ မြေဆီလွှာဩဂဲနစ်ပစ္စည်း စသည်တို့နှင့် ဆက်စပ်နေပါသည်။ သို့ဖြစ်၍ အရည်အသွေးကောင်းသည့် မြေသားရွေးချယ်မှုအတွက် မှန်ကန်စွာ ခွဲခြားညွှန်ပြပေးနိုင်သည်။

မြေကြီးအရောင်အား အဓိကအားဖြင့် (၃)ရောင်ခွဲခြားသည်။ ယင်းတို့မှာ အနက်၊ အနီ၊ အဖြူရောင်တို့ဖြစ်သည်။ ထို့အပြင် အဝါ၊ အညိုနှင့် မီးခိုးအရောင်ရှိသော မြေတို့ကိုလည်း တွေ့နိုင်သည်။ တခါတရံ စိမ်းဖျော့ရောင်ရှိသော မြေကိုလည်း တွေ့ရတတ်သည်။

အနက်ရောင် - သဘာဝဩဂဲနစ်ပစ္စည်းပါဝင်မှုများသော မြေမျိုးဖြစ်သည်။ ယင်းမြေမျိုးကို ဩဇာဓာတ်ကြွယ်ဝသော မြေအဖြစ် သတ်မှတ်သည်။ စိုက်ပျိုးရေးအတွက် အသုံးဝင်သည်။ (တခါတရံ Ferric Oxide ပါဝင်မှုများပါကလည်း မြေကို အနက်ရောင်ဖြစ်စေသည်။)

အနီရောင် - သံနှင့်အလူမီနီယံအောက်ဆိုဒ်ဓာတ်များပါဝင်မှုများပါက မြေကြီးအရောင်ကိုနီစေသည်။ အထူးသဖြင့် Ferrous Oxide ကြောင့် မြေနီများဖြစ်စေသည်။ ဂဝံဆန်သောမြေနီများဖြစ်သည်။ ရေထိန်းသိမ်းနိုင်မှု အားနည်းသည့်အပြင် Soil pH လည်း နိမ့်ကျသဖြင့် မွေးမြူရေးအတွက် အကျိုးမရှိပါ။

အဖြူရောင် - ဆားနှင့်ဆီလီကိတ်ဓာတ်များပါဝင်မှုများသော မြေတွင် အဓိကတွေ့ရသည်။ Manganese Oxide နှင့် Calcium Carbonate (ထုံးကျောက်) ပါဝင်မှုကြောင့်လည်း မြေကိုဖြူစေသည်။ ပင်လယ်ရေအတက်အကျရှိသောဒေသများတွင်လည်း အပေါ်ယံမြေတွင် အဖြူရောင်အလွှာရှိတတ်သည်။ Saline Soil ဟုခေါ်သည်။ ယင်းမြေမျိုးတွင် ဆိုဒီယမ်ပါဝင်မှု မြင့်မားသဖြင့် ရေတွင်ပါ အငံဓာတ်ပါဝင်မှုဖြစ်စေသည်။ ရေချိုမွေးမြူရေးအတွက် အသုံးမပြသင့်ပေ။ ထို့အပြင် အဆိုပါ White Alkali Soil မျိုးတွင် Soil pH 8.5 မှ 10.0 အထိ ရှိတတ်သဖြင့် ကန်ရေတွင်ရှိသော Water pH မြင့်မားလွန်းခြင်းကြောင့် ငါးများ သေဆုံးနိုင်ခြင်း (Alkali-ne Death Point – Water pH 11) ဖြစ်စေနိုင်သည်။

အညို‌ရောင် - သဘာဝဩဂဲနစ်ပစ္စည်းများ ပါဝင်မှုပမာဏအရများပါက အနက်ရောင်၊ ယင်းထက်နည်းပါကအညိုရောင်မြေကိုဖြစ်စေသည်။ အဟာရပံ့ပိုးပေးနိုင်သည့် (N:P:K) ဓာတ်များအထိုက်အလျောက်ပါသဖြင့် မွေးမြူရေးအတွက် အသုံးပြုနိုင်သည်။ ရွှံ့ရောင်ရှိသည့် မြေသည် ငါး၊ ပုစွန်မွေးမြူရေးအတွက် အသင့်တော်ဆုံးဖြစ်သည်။

မီးခိုးရောင် - သံဓာတ်ကြွယ်ဝသော မြေမျိုးတွင် လေမဲ့မြေ (Anaerobic Soil) အခြေအနေ၌ ဘက်တီးရီးယားများ၏ ဓာတ်ပြုမှုကြောင့် ဖဲရစ် (Fe3+) မှ ဖဲရပ်စ် (Fe2+) ပုံစံ ပြောင်းသွားကာ မီးခိုးရောင်ဖြစ်ပေါ်စေသည်။ တခါတရံ စိမ်းပြာရောင် (သို့) အ စိမ်းဖျော့ရောင်ဖြစ်စေသည်။ အထူးသဖြင့် ပင်လယ်၊ မြစ်ကမ်းစပ်များတွင် တွေ့ရတတ်သည်။ ယင်းသည်လည်းမွေးမြူရေးအတွက် အကျိုးမရှိပေ။

အဝါရောင် - အက်ဆစ်ဆန်လွန်းသောမြေ (သို့) အက်ဆစ်ဆာလဖိတ်မြေ (Acid Sulfate Soil – ASS) မျိုးတွင် အဝါရောင် (သို့) လိမ္မော်ရောင် (ပျောက်ကျား) တွေ့ရသည်။ အဆိုပါ မြေမျိုးတွင် Jarosite ဓာတ်ပါဝင်မှုများသဖြင့် အဝါရောင်ဖြစ်စေပြီး၊ လိမ္မော်ရောင်သည်အခြားသော သံအောက်ဆိုဒ် ဓာတ်များကြောင့်ဖြစ်သည်။ အဆိုပါမြေမျိုးတွင်Soil pH လွန်စွာနိမ့်ကျတတ်သဖြင့် ငါးများ သေဆုံးနိုင်သည်။ Soil pH – 4 (Acid Death Point) အောက်နိမ့်ကျသဖြင့် မွေးမြူရေးအတွက် လုံးဝအသုံးပြုရန် မသင့်ပေ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

Related questions

ငါးခူသားပေါက် လေးတွေ မွေးထားတာပါ (ဆိုဒ် ၁လက်မကျော်ကျော်) ။ ဒီမနက် ကန်ထဲမှာ အမြှုပ်တွေ အများကြီးတွေ့လို့ပါ ။ ရေကို နောက်ဆုံးပုံပါအတိုင်း စစ်ပြီး ပြန် လှည့်ပတ်စေတဲ့ နည်းနဲ့ရေပေးထားပါတယ် ။ Airpump တေွနဲ့ အောက်ဆီဂျင်လဲ ပေးထားပါတယ် ။အမြှုပ်က ဘာကြောင့်ထရတာလဲ ဘယ်လိုလုပ်ရမလဲခဗျ

TayZar • 3 answers

ရေငံပုဇွန် ဧက 15ဧကရှိတယ် ပုဇွန်သားပေါက်ထည့်ထားပြီး 3လက်မခွဲ အရွယ်အစားရောက်မှ အကုန်သေကုန်လို့ဘာဖြစ်သလဲသိချင်ပါတယ်ဗျ သိသူများဖြေကြားပေးပါ

Arkarkyaw • 7 answers

ပုစွန် တကန်မှာ black gill ဘာလို့ ဖြစ်တာလဲဗျ ။ ဘယ်လို ကုသရမလဲ?

Ya Kauk • 2 answers

ပေ ၄၀ပတ်လည် ရေအနက် ၄ ပေခွဲငါးအကောင်ရေ ၅၀၀၀ငါး​ပြေမထည့်ထားတာတလပြည့်ပြီထည့်တုန်းကမသေဘူးအခုရက်ပိုင်းမှတနေ့ ၅ကောင်လောက်သေနေလိူ့ပါအစာစားနှုန်းကပုံမှန်ကုန်ပါတယ်ရေတော့ပုံမှန်လဲပေးတယ်ရေတိုင်းကြည့်တာပုံပါအတိုင်းပြနေတယ်ဘာလုပ်သင့်လဲဖြေပါအုံးနော်ကျေးဇူးတင်ပါတယ်

Sai SI Thu • 1 answers

ပေ ၅၀ ပတ်လည်ကန်ကိုငါးပြေမ၅၀၀၀ ၁.၁.၂၀၂၅ကထည့်ထားတာထည့်တုန်းကမသေဘူးဒီရက်ပိုင်းမှသေနေလို့ပါရေကတော့စိမ်းနေတယ်ဘာလုပ်ရမလဲတနေ့ကို၁၅ကောင်လောက်သေနေတယ်၃ရက်ရှိပြီ ရေတိုင်းစရာကတော့ mi testerတော့ရှိတယ်တိုင်းကြည့်တာ179 ရှိတယ်ရေအရည်အသွေးစစ်တဲ့ပစ္စည်းတွေဘယ်မှာဝယ်လို့ရမလဲမွေးမြူရေးကိုဝါသနာပါလို့တနိူင်တပိုင်မွေးမြူတာပါကျေးဇူးတင်ပါတယ်

Sai SI Thu • 1 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....