အာရုံကြောစနစ်ကို ဖျက်စီးလိုက်နိုင်တဲ့ အပြာကွင်းပတ်ရေဘဝဲ
ယနေ့လူမှုမီဒီယာ (Facebook, Youtube) များတွင် Blue Ringed Octopus အကြောင်း နေ့စဉ်ရက်ဆက်ပါလာသည့် သတင်းများကို ဖတ်ရသည်။ မြန်မာနိုင်ငံ၏ ပထဝီရေမြေအနေအထား အရ ပင်လယ်ကမ်းရိုတန်းဒေသများ (ရခိုင်၊ ဧရာဝတီ၊ ရန်ကုန်၊ မွန်၊ တနင်္သာရီ) တွင်သာ ရေငန်ငါး စားသုံးမှုများပြီး ကျန်ကုန်းတွင်းဒေသများမှာ ရေချိုငါးသာ စားသုံးမှုများသည်။ အထူးသဖြင့် ရေငန်ငါး မျိုးစိတ်များတွင် ပါဝင်လာတတ်သည့် သဘာဝအဆိပ်အကြောင်း သိရှိသူ အလွန်ပင် နည်းပါးသည်။ Green Way တွင် ငါးများနှင့် သဘာဝအဆိပ်များအကြောင်း ယခင်က ဆောင်းပါးရေးသားဖော်ပြခဲ့ပါသည်။ ယခုလည်း အပြာကွင်းပတ်ရေဘဝဲနှင့် သူ့ရဲ့အဆိပ်အကြောင်း ဗဟုသုတရရှိစေရန် ရေးသား ဖော်ပြလိုက်ပါသည်။
ကမ္ဘာမှာ ရေဘဝဲမျိုးစိတ်ပေါင်း ဘယ်လောက်ရှိသလဲ? စားသုံးရန် သင့်/မသင့်?
ရေဘဝဲအမျိုးအစားမှာ တစ်ကမ္ဘာလုံးအနှံ့ မျိုးစိတ်ပေါင်း (၃၀၀) ခန့်ရှိပါသည်။ (National Geographic) အဓိကအားဖြင့် ရေဘဝဲမျိုးစု Octopodidae မှာ မျိုးစိတ် (၁၇၅) ခန့်ရှိပါသည်။ ယင်းသို့ မျိုးစိတ်များစွာ ရှိသော်လည်း လူတို့စားသုံးရန်အတွက် စျေးကွက်တွင်ရောင်းချမှုများသည့် လူစားများသောမျိုးစိတ်မှာ (၅) မျိးခန့်သာရှိပါသည်။
အပြာကွင်းပတ်ရေဘဝဲကစ်ရော စားသုံးရန်သင့်သလား?
သုတေသနမှတ်တမ်းများတွင် ဖော်ပြထားမှုအရ ယင်းသို့ ရေဘဝဲမျိုးစိတ်ပေါင်း (၃၀၀) ရှိသော်လည်း လူတို့စားသုံးရန် သင့်သည့်မျိုးစိတ်မှာ အနည်းငယ်သာရှိပြီး၊ စားသုံးရန် မသင့်သော မျိုးစိတ် အချို့လည်းရှိကြောင်း ဖော်ပြထားပါသည်။ ယင်းသို့ စားသုံးရန်မသင့်သည့် ရေဘဝဲမျိုးစိတ်တွင် Blue Ringed Octopus သည် လူကို သေစေနိုင်သည်အထိ (Tetrodotoxin – TTX) အဆိပ်သင့်စေနိုင်သော မျိုးစေ့အဖြစ် ပါဝင်သည်။
အပြာကွင်းပတ်ရေဘဝဲတွင် ဘာကြောင့်အဆိပ်ပါရသလဲ?
အပြားကွင်းပတ်ရေဘဝဲတို့သည် ပင်ကိုယ်အားဖြင့် ယင်းတို့ ကိုယ်တိုင် TTX အဆိပ်ကို ထုတ်လုပ်နိုင်ခြင်း မရှိပါ။ အဆိုပါအဆိပ်သည် အာရုံကြောစနစ်ကို ထိခိုက်စေသော (Neurotoxin) အဆိပ်တစ်မျိုးဖြစ်သည်။ သဘာဝဖြစ်ပေါ်မှုအရ ရေဘဝဲအတွင်း TTX အဆိပ်များ စုဆောင်းဖြစ်ပေါ် လာခြင်း ဖြစ်သည်။ အဓိကအားဖြင့် ရေဘဝဲ၏ တံတွေးဂလင်းအတွင်းနေထိုင်သော သဟဇာတ ဘတ်တီးရီးယား (Symbiotic Bactria) မှ ထုတ်ပေးခြင်း ဖြစ်သည်။ ဤဘက်တီးရီးယားများကို တခါတရံတွင် အရေပြား (Skin) နှင့် မျိုးပွားအင်္ဂါ (Reproductive Organs) တို့တွင်လည်း တွေ့ရနိုင် သည်။
ယင်းသို့ ရေဘဝဲအတွင်း TTX အဆိပ် စုဆောင်းဖြစ်ပေါ်မှုသည် သဟဇာတရှိသော ဆက်ဆံရေး (Symbiosis) နှင့် ဓာတုဆိုင်ရာ ကာကွယ်မှု (Chemical Defense) တို့ကြောင့် ဖြစ်သည်။ ဆိုလိုသည်မှာ သက်ရှိအမျိုးအစား နှစ်မျိုး (သို့မဟုတ် နှစ်မျိုးထက်ပို) တို့အကြား အတူနေထိုင်ပြီး၊ အချို့သည် အကျိုးရှိခြင်း၊ အချို့သည် ထိခိုက်ခြင်းသို့မဟုတ် မသက်ဆိုင်ခြင်း ဖြစ်နိုင်သော အနီးကပ် နှင့် ရေရှည်ဆက်နွယ်မှုဖြစ်သည်။ တစ်ဆက်တည်းမှာပင် ရန်သူများထံမှ မိမိကိုယ်ကို အန္တရာယ်ကင်း ရှင်းရန်အတွက် အဆိပ် သို့မဟုတ် စူးရှ၍ အနံ့ဆိုးသော ဓာတုပစ္စည်းများကို အသုံးပြုခြင်း ဖြစ်သည်။ တနည်းအားဖြင့် ရေဘဝဲသည် ဘက်တီးရီးယားများ၏ နေထိုင်ရာဝန်းကျင် ဖြစ်သလို ရေဘဝဲအတွက် ရန်သူကို ကာကွယ်ရန် အဆိပ်ကို ထုတ်ပေးသဖြင့် အပြန်အလှန် အကျိုးရှိစေသည်။
Tetrodotoxin – TTX အဆိပ်ထုတ်နိုင်သော ဘက်တီးရီးယားများမှာ -
Vibrio
Pseudomonas
Alteromonas
Bacillus
Aeromonas တို့ ဖြစ်ကြသည်။
အဆိုပါဘက်တီးရီးယားများသည် ယင်းတို့၏ ပုံမှန်ဇီဝကမ္မလုပ်ငန်းစဉ် (Metabolism) အစိတ်အပိုင်းအဖြစ် TTX အဆိပ်ထုတ်ပေးပြီး၊ ရေဘဝဲက ၎င်းအဆိပ်ကို စုပုံသိုလှောင်ထားနိုင်သည်။

TTX အဆိပ်ကရော အပြာကွင်းပတ်ရေဘဝဲအပေါ် သက်ရောက်မှုရှိလား?
အပြားကွင်းပတ်ရေဘဝဲမျိုးစိတ်သည် ရေဘဝဲမျိုးစိတ်များထဲတွင် အရွယ်အစား အသေးဆုံး ဖြစ်သဖြင့် အဓိကမှာ မိမိကိုယ်ကိုယ်ကာကွယ်ရန် အဆိပ်ထုတ်သည့်ဘက်တီးရီးယားမျိုးစိတ်တို့နှင့် သဟဇာတဖြစ်အောင် နေထိုင်ရင်း အဆိပ်လက်သင့်ခံနိုင်သော မျိုးစိတ်အဖြစ် အသွင်းကူးပြောင်းလာ ခြင်းဖြစ်သည်။ အခြားရေဘဝဲမျိုးစိတ်များတွင် ယင်းအခြေအနေမျိုးမရှိပါ။ အတူယှဉ်တွဲနေထိုင်ပါက တစ်မျိုးမှာ သေဆုံးနိုင်သောကြောင့်ဖြစ်သည်။ အထူးသဖြင့် ဘက်တီးရီးယားများသာ သေဆုံးသွားနိုင် သည်။
အဆိပ်စုပုံခြင်း (Bioaccumulation Process) နှင့် အဆိပ်ပြင်းအား
ရေဘဝဲသည် တံတွေးဂလင်းချိုင့်နှင့် တစ်ကိုယ်လုံးအတွင်းရှိ အဆိပ်သိုလှောင်အင်္ဂါများထဲတွင် TTX အဆိပ်ကို စုပုံထားသည်။ အဆိပ်ပြင်းအား (Toxic Concentration) သည် အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်းတိုးလာသည်။ တိုးလာရသည့်အကြောင်းရင်းများမှာ -
(၁) ဘက်တီးရီးယားများမှ ဆက်လက်ထုတ်လုပ်မှု
(၂) TTX အဆိပ်ပါဝင်သည့် အစာများ (ဥပမာ - ပုစွန်သေးများ၊ ရေသတ္တဝါကောင်သေးများ) ကို စားသုံးခြင်း
အပြာကွင်းပတ် ရေဘဝဲသည် Symbiotic Bacteria မှ ထုတ်ပေးသော Tetrodotoxin – TTX ဟု ခေါ်သော အစွမ်းထက် Neurotoxin ကို သယ်ဆောင်ထားပြီး ယင်းတို့၏ အပြာစက်များသည် အန္တရာယ်အရှိဆုံးအဆိပ်ရှိကြောင်း သတိပေးသည့်အရောင် အတိပေးခြင်း (Aposematism) ဖြစ် သည်။ TTX အဆိပ်သည် ဆိုင်ယာနိုက် (Cyanide) ထက် အဆ (၁၂၀၀) ဆပိုပြီး သေစေနိုင်သည်။ အကိုက်ခံရပါက မိနစ်ပိုင်းအတွင်း အရွယ်ရောက်ပြီးသူတစ်ဦးကို သေစေနိုင်သည်။ ရေဘဝဲသည် ပင်ကိုယ်အားဖြင့် ရန်လိုခြင်းမရှိသော်လည်း သွားရောက်နှိုးဆော်ပါက တုန့်ပြန်တိုက်ခိုက် (ကိုက်) လိမ့်မည်ဖြစ်သည်။ ကိုက်မိပါက ဖြစ်စေ၊ စားသုံးမိပါက ဖြစ်စေ အဆိပ်သင့်ခြင်း ဖြစ်စေပါသည်။
အပြာကွင်းပတ်ရေဘဝဲ၏ အဆိပ်သက်ရောက်မှု
ကိုက်ခံရ၍ဖြစ်စေ စားသုံးမိ၍ဖြစ်စေ အဆိပ်သည် ဦးနှောက်နှင့် ကြွက်သားများကြားရှိ အာရုံကြောအချက်ပြစနစ်များကို လျင်မြန်စွာ ပိတ်ဆို့သွားသဖြင့် မိနစ်ပိုင်းအတွင်း အဆိပ်လက္ခဏာ ပေါ်လာသည်။ အဆိပ်သည် တစ်ရှူးများကို မဖျက်ဆီးဘဲ အာရုံကြောစနစ်ကို ဖျက်ဆီးကာ အကြော သေစေသည်။ TTX အဆိပ်သည် ရေဘဝဲကို ကင်ခြင်း၊ ပြုတ်ခြင်း၊ ချက်ခြင်းတို့ဖြင့် ပျက်ပျယ်သွားခြင်း မရှိပါ။ လူသေဆုံးသည်အထိ ဖြစ်စေနိုင်သော အန္တရာယ်အလွန်မြင့်မားသည့် ရေသတ္တဝါဖြစ်သည်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from သက်နိုင်(ငါးဦးစီး - ငြိမ်း)
See all
အကောင်းဆုံးငါးမွေးမြူရေးကျင့်စဉ်တွင် ပါဝင်သော အဆင့်များ
13/05/2026
အကောင်းဆုံး ငါးမွေးမြူရေးအလေ့အကျင့်ဆိုတာဘာလဲ?
03/04/2026
စားလို့ရတဲ့ ငါးဥ နဲ့ စားလို့မရတဲ့ ငါးဥ
04/08/2025
ငလျင်ဒဏ်ကြောင့် ပျက်စီးထိခိုက်မှုဖြစ်ပွားခဲ့သော ငါးမွေးမြူရေးကန်များအပေါ် ပြန်လည်ကုစားဆောင်ရွက်နည်းများ
21/04/2025
ငလျင်ကြောင့် ငါး၊ ခရုစသည့် ရေနေသတ္တဝါများ ထိခိုက်ရသည့်အကြောင်းအရင်းများ
11/04/2025
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....