ငါး၊ ပုစွန်တို့အတွက် လိုအပ်တဲ့ ပရိုတင်း
မွေးမြူထားသော ငါးပုစွန်များတွင်လည်း အစာစားသည့် အလေ့အထပေါ် မူတည်၍ အပင်စား (Herbivore), အသားစား (Carnivore), အစုံစား (Omnivore) ဟူ၍ တူညီမှု မရှိသလို ရေပေါ်၊ ရေလယ်၊ ရေအောက်စသည်ဖြင့် နေထိုင်ကျက်စားမှု မတူညီသောကြောင့် ယင်းတို့ကို ကျွေးသည့် အစာအရည်အသွေးနှင့် ထုတ်လုပ်သည့် အစာပုံစံသည်လည်း မတူညီနိုင်ပါ။ ယေဘုယျအားဖြင့် အသားစားငါးများအတွက် Protein လိုအပ်ချက်သည် ကျန်အပင်စားနှင့် အစုံစား ငါးများထက် ပိုမြင့်မားမည်ဖြစ်သည်။ ထို့အတူ အသက်အရွယ် (အငယ်၊ အလတ်၊ အကြီး) တွင် အရွယ်အငယ်ဆုံးအချိန်သည် Protein လိုအပ်ချက်အများဆုံး ဖြစ်ပါသည်။ ထိုနည်းအတူ ရေချို၊ ရေငန်ပုစွန်များသည် အစုံစားသတ္တဝါများဖြစ်ပြီး သားပေါက် (Post Larvae) အရွယ်သည် သက်လတ်၊ သက်ကြီးအရွယ်ထက် Protein လိုအပ်ချက်ပိုမြင့်မားပါသည်။ ရေငန်ပုစွန်နဲ့ ရေချိုပုစွန်တွင်လည်း ရေငန်ပုစွန်သည် Protein လိုအပ်ချက် ပိုမြင့်မားပါသည်။
ကြီးထွားမှုအတွက်လိုအပ်သည့် Protein တစ်မျိုးတည်းအား အခြေခံ၍ ပြောမည်ဆိုလျှင် Protein ပါဝင်မှုမြင့်လေ အစာအရည်အသွေးကောင်းလေဟု ပြောဆို၍ ရနိုင်မည်လားဟုမေးလျှင် ဥပမာအားဖြင့် မြန်မာနိုင်ငံတွင်လက်ရှိမွေးမြူနေသည့် ရေချိုမွေးမြူရေးငါးများစုစုပေါင်း၏ ၇၀% ခန့်ရှိသည့် ငါးမြစ်ချင်း၊ ငါးကြင်းစသည့် ငါးများအတွက် အသားတိုးမွေးမြူခြင်းတွင် အမှန်တကယ် Protein လိုအပ်ချက်မှာ (၂၅%-၂၀%) ဖြစ်သော်လည်း Protein၄၀%ခန့် ရှိသော ပဲဖတ်ကိုကျွေးခြင်းဖြင့်ပို၍ ကြီးထွားမှုကောင်းမလာနိုင်ပါ။ ငါးများ အနေဖြင့် Protein ပိုမြင့်မားသော အစာကျွေးသော်လည်း ယင်းတို့ကြီးထွားရန် အမှန်လိုအပ်သည့် Protein (Amino Acid) ကိုသာ သုံးစွဲပြီး ကျန်သည်များကို မစင်အဖြစ် စွန့်ထုတ်မည် ဖြစ်သည်။

Proteinကို အကျယ်ပြောမည်ဆိုပါက နိုက်ထရိုဂျင် (Nitrogen) ဓာတ်ကို အခြေခံထားသည့် ဓာတုပစ္စည်းတစ်မျိုးဖြစ်ပြီး Amino Acids (Essential and Nonessential Amino Acids) များဖြင့်ဖွဲ့စည်းထားသည်။ အမိုင်နိုအက်ဆစ်အမျိုးအစားပေါင်း (၂၀) ခန့်ရှိပြီး ကြီးထွားမှုအတွက် မရှိမဖြစ် လိုအပ်သော အမိုင်နိုအက်ဆစ် (Essential Amino Acids – EAA) မှာ (၉) မျိုးခန့်ရှိပါသည်။
EAA လိုအပ်မှုသည် ရေနေသတ္တဝါမျိုးစိတ်အလိုက်၊ အသက်အရွယ်အလိုက် ကွဲပြားမှုရှိသည်။ ရေချိုရေငန် မတူညီမှုအပေါ်လည်း ကွဲပြားမှုရှိသည်။ ထို့အတူ ရေနေသတ္တဝါများကို ကျွေးသည့် အစာကုန်ကြမ်း (Raw Ingredients) များဖြစ်သည့် ကဇော်ဖတ်၊ ဖွဲနု၊ ပဲဖတ်၊ နှမ်းဖတ်၊ ပဲပုပ်ဖတ်၊ ပုစွန်ဖွဲ၊ ငါးပေါင်းမှုန့်တို့တွင် EAA အမျိုးအစားများပါဝင်မှုနှင့် ပါဝင်မှု ရာခိုင်နှုန်းများမတူကြပါ။ အချို့ကုန်ကြမ်းများတွင် အနည်းငယ်သာပါပြီး အချို့ကုန်ကြမ်းများတွင် ကြွယ်ဝမြင့်မားစွာပါဝင်ပါသည်။ ယင်းတို့ထဲတွင် ငါးပေါင်းမှုန့် (Fishmeal) သည် Protein မြင့်မားသလောက် EAA ပါဝင်မှု ကြွယ်ဝပါသည်။
အသားတိုးငါးမြစ်ချင်းငါးအတွက် လိုအပ်သည့် Protein (၂၅%) ရှိသော (သို့မဟုတ်) ယင်းထက်မြင့်မားသော မည်သည့်အစာကုန်ကြမ်းတစ်မျိုးတည်းကို ကျွေးစေကာမူ ယင်းငါးအတွက် အမှန်လိုအပ်သည့် EAA အချိုးအစား အပြည့်အဝ မပါနိုင်သဖြင့် ကြီးထွားမှုအတွက် အပြည့်အဝမရရှိနိုင်ပါ။ အသားတိုးငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများသည် ယေဘုယျအနေဖြင့် Protein ပါဝင်မှုကိုသာ ကြည့်၍ အကဲဖြတ်နေကြသည်။
သိပ္ပံနည်းကျဖော်စပ်ထားသည့် Formulated Feed ဖြစ်သည့် အစာတောင့် (Pellet) များတွင် EAA ပါဝင်မှုမြင့်မားသည့် Fishmeal ကုန်ကြမ်းကို အခြေခံ၍ စုစုပေါင်းကုန်ကြမ်းပစ္စည်း (၅) မျိုးခန့် ရောစပ်ထားပြီး ရေနေသတ္တဝါ အမျိုးအစား၊ အသက်အရွယ်အလိုက် သင့်တော်မည့် ပုံစံနှင့်အရွယ် (Type & Size) များ ထုတ်လုပ်၍ မွေးမြူရေးအတွက် အကျိုးရှိစွာ အသုံးပြုနိုင်သည်။
ကုန်ကြမ်းပစ္စည်းအမယ်များ ရောစပ်ရခြင်းမှာ ကုန်ကြမ်းတစ်ခုခြင်းစီတွင် မတူညီသည့် EAA ပါဝင်မှုအရ မွေးမြူရေးငါးအတွက် အမှန်လိုအပ်သည့် EAA များ Protein တွင် အနီးစပ်ဆုံး ပါဝင်စေရန် ဖြစ်သည်။
ပိုမိုကောင်းမွန် အရည်အသွေးပြည့်ဝသည့် အစာဖြစ်စေရန်အတွက် ငါး၊ ပုစွန်အလိုက်လိုအပ်သည့် သတ္တုဓာတ်နှင့်ဗီတာမင်ဓာတ်များ ပေါင်းစပ်ဖြည့်စည်းပေးရန်လည်း လိုအပ်သည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related questions
မိတ္ထီလာ ပျော်ဘွယ်သာစည်မှာ ငါးခူ ဒိုင်သွင်းစျေး ဘယ်လောက်ဆရာတို့
မူန် • 1 answers
ငါးအချိန်တစ်ဆယ်မှာ ပိသာဘယ်လောက်ရှိလဲ
ဒေါ်ဇာဖြူဝင်း • 3 answers
ငါးမုတ်အကြောင်းသိချင်ပါတယ်
ဦးသီဟထွန်း • 1 answers
တီလားဗီးယားမွေးမြူရာတွင် ဒေသအစာကို ဘယ်လို ပြုလုပ်ကျွေးမွေးရမလဲ ဆရာတို့
ရန်နောင်စိုး • 1 answers
ငါးအစာအတွက်မြက်ချဥ်ထည့်နည်းသိချင်ပါတယ်ခင်ဗျာ ဘာပစ္စည်းများလိုအပ်ပါသလဲခင်ဗျာ
zaw naing • 0 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from သက်နိုင်(ငါးဦးစီး - ငြိမ်း)
See all
အကောင်းဆုံးငါးမွေးမြူရေးကျင့်စဉ်တွင် ပါဝင်သော အဆင့်များ
13/05/2026
အကောင်းဆုံး ငါးမွေးမြူရေးအလေ့အကျင့်ဆိုတာဘာလဲ?
03/04/2026
အာရုံကြောစနစ်ကို ဖျက်စီးလိုက်နိုင်တဲ့ အပြာကွင်းပတ်ရေဘဝဲ
12/11/2025
စားလို့ရတဲ့ ငါးဥ နဲ့ စားလို့မရတဲ့ ငါးဥ
04/08/2025
ငလျင်ဒဏ်ကြောင့် ပျက်စီးထိခိုက်မှုဖြစ်ပွားခဲ့သော ငါးမွေးမြူရေးကန်များအပေါ် ပြန်လည်ကုစားဆောင်ရွက်နည်းများ
21/04/2025