ပုစွန်မွေးမြူရေးအတွက် အစာဖော်စပ်စာနည်းလမ်များ
ပုစွန်အတွက်ဖော်စပ်စာပြုလုပ်မည်ဆိုလျှင် သားလောင်း၊ သားပေါက်၊ သက်နုအဆင့် ဖော်စပ်စာနှင့် သက်ကြီးကောင်၊ မျိုးပုစွန်ဖော်စပ်စာဟူ၍ နှစ်မျိုးရှိပါသည်။ သားလောင်း၊ သားပေါက်နှင့် သက်နုကောင်အတွက် ဖော်စပ်စာမှာ
အမျိုးအမည် - စပ်စာ (ဂရမ်)
- ငါးမှုန့် - ၃၀၀
- ပုစွန်ခြောက်မှုန့် - ၁၅၀
- ပဲပိစပ်မှုန့် - ၁၅၀
- ဖွဲနု - ၁၅၀
- ဂျုံမှုန့် - ၁၅၀
- သာဂူမှုန့် - ၅၀
- ငါးကြီးဆီ - ၂၀
- ဗီတာမင်စီ - ၀.၅
- ရေ - ၂၀၀
နောက်တစ်နည်းမှာ
- အမျိုးအမည် - စပ်စာ (ဂရမ်)
- ငါးမှုန့် - ၁၇၅
- ပုစွန်ခြောက်မှုန့် - ၂၂၅
- ပဲပိစပ်မှုန့် - ၂၀၀
- ဖွဲနု - ၈၀
- ဂျုံမှုန့် - ၁၀၀
- သာဂူမှုန့် - ၅၀
- ငါးကြီးဆီ - ၃၀
- ဗီတာမင်စီ - ဝ.၅
- ရေ - ၂၀၀
နောက်တစ်နည်းမှာ
အမျိုးအမည် - စပ်စာ(ဂရမ်)
- ငါးမှုန့် - ၂၇၅
- ပုစွန်ခြောက်မှုန့် - ၂၇၅
- ဖွဲနု - ၂၀
- ဂျုံမှုန့် - ၁၅၀
- သာဂူမှုန့် - ၅၀
- ငါးကြီးဆီ - ၂၀
- ဗီတာမင်စီ - ၀.၅
- ရေ - ၂၀၀ တို့ဖြစ်သည်။
သက်ကြီးကောင်ပုစွန်နှင့် မျိုးပုစွန်အတွက် ဖော်စပ်စာမှာ
အမျိုးအမည် - စပ်စာ (ဂရမ်)
- ငါးမှုန့် - ၂၀၀
- ပုစွန်မှုန့် - ၂၀၀
- ကမာမှုန့် - ၂၅၀
- ဖွဲနု - ၁၀၀
- သာဂူမှုန့် - ၄၀
- ပဲပိစပ်ဆီ - ၂၅
- ငါးကြီးဆီ - ၂၅
- ဗီတာမင်စီ - ၁
- ရေ - ၂၀၀
နောက်တစ်နည်းမှာ
အမျိုးအမည် - စပ်စာ (ဂရမ်)
- ငါးမှုန့် - ၂၀၀
- ပုစွန် မှုန့် - ၂၀၀
- ဖွဲနု - ၁၀၀
- သာဂူမှုန့် - ၄၀
- ပဲပိစပ်ဆီ - ၂၅
- ငါးကြီးဆီ - ၂၅
- ဗီတာမင်စီ - ၁
- ရေ - ၂၀၀
နောက်တစ်နည်းမှာ
အမျိုးအမည် - စပ်စာ (ဂရမ်)
- ငါးမှုန့် - ၂၀၀
- ပုစွန်မှုန့် - ၂၀၀
- ဖွဲနု - ၁၀၀
- သာဂူမှုန့် - ၄၀
- ပဲပိစပ်ဆီ - ၂၅
- ငါးကြီးဆီ - ၂၅
- ဗီတာမင်စီ - ၁
- ရေ - ၂၀၀ တို့ဖြစ်သည်။
ပုစွန်ဖမ်းယူနည်းများမှာ
ပုစွန်သည် ရောင်းတမ်းဝင်ရန် ၈ လမှ ၁၀ လကျော်သာ ကြာသည်။ ထိုအချိန်ဆိုလျှင် ဖမ်းယူရောင်းချနိုင်ပြီ ဖြစ်သည်။ ပုစွန်သည် စျေးကွက်ကောင်းသော ထုတ်ကုန်တစ်မျိုးဖြစ်သည်။ ပုစွန်ကို ဖမ်းယူရာတွင် ပုစွန်ပိုက်အား လူအင်အားသုံး၍ “ဂ” ပုံစံဖမ်းယူနည်းဖြင့် ဖမ်းယူကြသည်။ထို့ပြင် ထောင့်ဖြတ်မြောင်းတူး၍ ဖမ်းယူနည်း၊ ပတ်လည်မြောင်းဖော်၍ ဖမ်းယူနည်း၊ ယင်းဝိုင်းရေစိမ်းထိုးဖမ်းယူနည်းတို့ ဖြစ်သည်။ ယင်းဝိုင်းရေစိမ်းထိုးဖမ်းယူနည်းမှာ မဖမ်းယူမီ ရေကို ၃ပေအထိလျှော့ချပေးရမည်။ ထို့နောက်ယင်းကို ကန်၏ ထောင့်တစ်ထောင့်တွင် ချဝိုင်းလိုက်ပါ။ ကန်၏ထောင့်နှင့် ယင်းသည် ၈ ပေ ကွာရမည်။ ပုစွန်ဝင်နိုင်စေရန် ယင်းအားမြှုံးသဏ္ဍာန် ပြုလုပ်ပေးထားရမည်။ထိုယင်းအဝင်သို့ ရေစိမ်းသွင်းပေးရသည်။ထိုအခါ ရေစိမ်းထိုးလိုက်သဖြင့် ပုစွန်များ ယင်းအတွင်းသို့ ဝင်လာသည်။ဤနည်းဖြင့် ဖမ်းယူခြင်းကို ယင်းဝိုင်းရေစိမ်းထိုးဖမ်းယူခြင်းဟု ခေါ်သည်။
နောက်တစ်နည်းမှာ ရေထုတ်ပိုက်ဖြင့် ဖမ်းယူခြင်းဖြစ်သည်။ဤနည်းဖြင့် ဖမ်းယူလျှင် ရေသွင်းရေထုတ်အပေါက်ကို ပိုက်တပ်၍ ပိုက်ထိပ်မှ အိတ်စွပ်ကာ ရေထုတ်ခြင်းဖြင့် ဖမ်းယူကြသည်။ အချုပ်အားဖြင့် ဆိုရသော်- ပုစွန်မွေးမြူခြင်းသည် အခြားသောမွေးမြူရေးလုပ်ငန်းများထက် ဂရုစိုက်ရသလို လုပ်ငန်းစဥ်တွေလည်း များသည်။အတိမ်းအစောင်း မခံပေ။ အထူးသဖြင့် ရေထုညစ်ညမ်းမှုကို မခံနိုင်ပေ။စနစ်တကျလုပ်ကိုင်နိုင်လျှင် အကျိုးအမြတ်များများ ရနိုင်မည်ဖြစ်ပါကြောင်း မျှဝေပေးလိုက်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related questions
မိတ္ထီလာ ပျော်ဘွယ်သာစည်မှာ ငါးခူ ဒိုင်သွင်းစျေး ဘယ်လောက်ဆရာတို့
မူန် • 1 answers
ငါးအချိန်တစ်ဆယ်မှာ ပိသာဘယ်လောက်ရှိလဲ
ဒေါ်ဇာဖြူဝင်း • 3 answers
ငါးမုတ်အကြောင်းသိချင်ပါတယ်
ဦးသီဟထွန်း • 1 answers
တီလားဗီးယားမွေးမြူရာတွင် ဒေသအစာကို ဘယ်လို ပြုလုပ်ကျွေးမွေးရမလဲ ဆရာတို့
ရန်နောင်စိုး • 1 answers
ငါးအစာအတွက်မြက်ချဥ်ထည့်နည်းသိချင်ပါတယ်ခင်ဗျာ ဘာပစ္စည်းများလိုအပ်ပါသလဲခင်ဗျာ
zaw naing • 0 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from နှင်းဖြူဖြူ
See all
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
ကယ်လိုရီနည်းပြီး ပရိုတင်းပါဝင်မှုများတဲ့ ရေငန်က ရွှေငါး
05/09/2025
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....