မွေးမြူရေးငါးကို ဘယ်လိုနည်းလမ်းတွေနဲ့ အစာကျွေးမလဲ?
ငါးမွေးမြူသူတွေအနေနဲ့ မိမိထည့်သွင်းမွေးမြူထားတဲ့ ငါးမျိုးစိတ်များနဲ့ ငါးမွေးမြူတဲ့နည်းစနစ်ပေါ်မူတည်ပြီး ငါးအစာကျွေးတဲ့နည်းလမ်း အမျိုးမျိုးရှိပါတယ်။ မိမိသတ်မှတ်ထားတဲ့ ပုံမှန်နေရာ ၄ နေရာ (သို့) ၆နေရာမှာ အညီအမျှ ကြဲပက်ပြီး အစာကျွေးခြင်း၊ ကန်ဘောင်မှ ၆ ပေ သို့ ၁၀ပေခန့်ရှည်တဲ့ လူသွားလမ်း(သို့) တံတားပြုလုပ်ပြီး အစာကို ကြဲပက်ခြင်း၊ ကန်အလယ်မှာ စင်လုပ်ပြီး ပက်ကျွေးမွေးခြင်း၊ အစာဗန်းလုပ်ပြီး ကျွေးခြင်း၊ အရွယ်အစားကြီးတဲ့ကန်တွေအတွက် ကြိုး ၂ ချောင်း (သို့) ၃ ချောင်းကို ကန်ရဲ့ အရှည်အတိုင်းတားစေပြီး ၎င်းကြိုးလေးများ အရှည်အတိုင်းလှေဖြင့်ဖြစ်စေ ဝါးဖောင်ဘောဖြင့် အစာကျွေးနိုင်ပါတယ်။
အစာကျွေးချိန်နှင့် အကြိမ်ရေ
ငါးကျပ်သားခန့် အရွယ်အထိ တစ်နေ့သုံးကြိမ်ခန့်၊ ငါးကျပ်သားကျော်ရင် ဖမ်းဆီးရောင်းချချိန်အထိတစ်နေ့ နှစ်ကြိမ် ကျွေးနိုင်ပါတယ် ။(အကောင်းဆုံးပျော်ဝင်အောက်ဆီဂျင်ပမာဏ- ၅-၇ မီလီဂရမ်/၁ လီတာ) ငါးကန် ရေရဲ့အပူချိန် အတက်အကျဟာလည်း အစာစားနှုန်းကိုလျော့ကျစေပါတယ်။ (အကောင်းဆုံး အပူချိန်အတိုင်းအတာ ၂၅-၃၂ ဒီဂရီစင်တီဂရိတ်) အကယ်၍ ရေရဲ့အပူချိန်ဟာ ၂၀-၂၄ ဒီဂရီစင်တီဂရိတ်၊ ၁၆-၁၉ ဒီဂရီစင်တီဂရိတ်နဲ့ ၃၃-၃၈ ဒီဂရီစင်တီဂရိတ် အတွင်းရှိရင် ပုံမှန်ကျွေးနေကျ အစာပမာဏရဲ့ ၈၀ ရာခိုင်နှုန်း၊ ၆၀ ရာခိုင်နှုန်းအထိလျှော့ပြီး ကျွေးသင့်ပါတယ်။ မနက်ပိုင်းနေထွက်ပြီး နှစ်နာရီခန့်အကြာမှာ နေ့စဉ်ကျွေးရမယ့် ပမာဏရဲ့ ၆၀-၆၅ ရာခိုင်နှုန်း (တစ်နေ့လုံး ကျွေးရမယ့် အစာရဲ့တစ်ဝက်ကျော်)ကို ကျွေးပြီး ညနေနေမဝင်မီ နှစ်နာရီခန့်အလိုမှာ ကျန် ၃၅-၄၀ရာခိုင် နှုန်းကို ကျွေးသင့်ပါတယ်။ ငါးကန်ရေရဲ့ အရည်အသွေးဟာ မိုးဆက်တိုက်ရွာတဲ့နေ့တွေမှာ အပြောင်းအလဲမြန်တဲ့အတွက် ငါးများအစာစားနှုန်း လျော့ကျလေ့ရှိပါတယ်။
အစာကျွေးချိန်တွင် ငါးကျန်းမာရေးအခြေအနေစစ်ဆေးခြင်း
အစာကျွေးချိန်မှာ ငါးများထင်သလောက်မတွေ့ရှိပါက ကျွေးတဲ့အစာကို မကြိုက်/မနှစ်သက်ကြောင်း သိနိုင်ပါတယ်။ ငါးအစာစားနည်းရတဲ့ အကြောင်းအရင်းတစ်ခုမှာ ရေအရည်အသွေးမကောင်းခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ငါးများကျန်းမာသန်စွမ်းမှုရှိ/မရှိ အခြေအနေကို ငါးနမူနာ ကောက်ယူတဲ့ အချိန်မှာလည်း စစ်ဆေး ကြည့်ရှုနိုင်ပါတယ်။ ဦးခေါင်းပိုင်းဟာ ကိုယ်ထည်ပိုင်းထက်ကြီးနေတဲ့ အနေအထားတွေ့ရှိရင် အစာပြတ်လပ်မှု၊ မလုံလောက်မှု ဖြစ်နေကြောင်း သိရှိနိုင်ပါတယ်။ အရည်အသွေးညံ့တဲ့အစာ (ဗီတာမင်၊ သတ္တုဓာတ်နဲ့ အခြား အာဟာရဖြစ်စေတဲ့ ကုန်ကြမ်းများမပါဝင်တဲ့ငါးစာ)များသာ စားသုံးရသဖြင့် သန်စွမ်းမှုမရှိခြင်းကြောင့် အစာစားတာ ရပ်တန့်သွားနိုင်ပါတယ်။ ခန္ဓာကိုယ်နဲ့ အမြီးများကောက်ကွေးနေခြင်း၊ ဦးခေါင်းပိုင်းနိမ့်ဆင်းနေခြင်းစတဲ့ လက္ခဏာတွေဟာ ငါးများကျန်းမာသန်စွမ်းမှုရှိ၊ မရှိအခြေအနေကို ဆုံးဖြတ်တဲ့အခါ ထည့်သွင်း စဉ်းစားရမယ့်အချက် ဖြစ်ပါတယ်။

အစာပမာဏ
အစာကျွေးရမယ့်ပမာဏဟာ ငါးရဲ့အလေးချိန်၊ ငါးအမျိုးအစားနဲ့ နေထိုင်တဲ့ ပတ်ဝန်းကျင်ပေါ်မှာ မူတည်ပါတယ်။ စကျွေးတဲ့အဆင့်မှာ ငါးရဲ့အလေးချိန်နဲ့ အစာကျွေးနှုန်းအချိုးအစားကို ရေပေါ်စာနဲ့ ရေမြုပ်စာနှစ်မျိုးလုံးအတွက် လိုက်နာဆောင်ရွက်သင့်ပါတယ်။ အဲဒီအဆင့်ကို လွန်ရင် ရေပေါ်စာကို မိနစ် ၃၀ခန့်အတွင်း ငါးစားတဲ့ အစာပမာဏပေါ်မူတည်ပြီး အစာကျွေးနှုန်းကို သတ်မှတ်နိုင်ပါတယ်။ ဆိုလိုသည်မှာ အစာ ၆ ပိဿာခန့်ကျွေးပြီး နာရီဝက်ခန့်ကြာတဲ့အခါ ၇၀ရာခိုင်နှုန်း(၄ပိဿာကျော်ခန့်) ငါးစားသုံးကြောင်းတွေ့ရှိရပါက နောက်ပိုင်းအစာ ကျွေးရင် ၎င်းနှုန်းအတိုင်း( ၆ ပိဿာ၏ ၇၀ရာခိုင်နှုန်း - ၄ ပိဿာကျော်) ဆက်ပြီး ကျွေးနိုင်ပါတယ်။ အကယ်၍ ငါးဟာ မိနစ်၃၀အတွင်း ကျွေးတဲ့အစာအားလုံး(၆ ပိဿာ-ဤဥပမာအရ) ကိုကုန်အောင် စားသုံးကောင်းစားသုံး နိုင်မှာဖြစ်ပါတယ်။
အစာစိမ်(အရွက်စိမ်း)ကျွေးနည်းစနစ်
မြက်စားငါးကြင်းနဲ့ ငါးခုံးမငါးမျိုးစိတ်တွေကို အခြားငါးမျိုးတွေနဲ့ ရောနှောမွေးမြူရင် အစာစိမ်း (မြက်/ အရွက်)များ ကျွေးခြင်းဟာ ငါးထုတ်လုပ်မှုကို ပိုမိုကောင်းမွန်စေပါတယ်။ မြက်စားငါးကြင်းဟာ အစာစိမ်း (အရွက်စိမ်း) တွေကို ၎င်းခန္ဓာကိုယ်အလေးချိန်ရဲ့ ၄၀ မှ ၅၀ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ ပမာဏကို စားနိုင်ပါတယ်။ မြက်စားငါးကြင်းကို အစာကျွေးရင် ရေပေါ်ပေါ်တဲ့ လေးထောင့်(သို့) အဝိုင်းပုံ ဘောင်ခတ်ပြီး ၎င်းဘောင်အတွင်း အစာကျွေးသင့်ပါတယ်။ အစာကျွေးမယ့်ဘောင်ကို ကန်ဘောင်မှ ၃ ပေ မှ ၆ ပေ ကွာခန့်မှာ ထားနိုင်ပါတယ်။ ငါးစာကျွေးမယ့် ဘောင်အကျယ်အဝန်းမှာ ဝ.၃ဧက ကျယ်ဝန်းတဲ့ ငါးကန်အတွက် ၃ ပေပတ်လည်ခန့် ရှိသင့်ပါတယ်။ ခုတ်စင်းထားတဲ့ အပင် အရွက်တွေကို ၎င်းအစာကျွေးဘောင်ထဲမှာထည့်ပြီး ကျွေးနိုင်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
ငါးအစာကျွေးခြင်း
Bin Ja Min Moe
1 year agoငါးစာကို ဘယ်လိုကျွေးချင်းက ပိုပြီး ကောင်းမွန်တာလည်းဗျ
Related questions
မိတ္ထီလာ ပျော်ဘွယ်သာစည်မှာ ငါးခူ ဒိုင်သွင်းစျေး ဘယ်လောက်ဆရာတို့
မူန် • 1 answers
ငါးအချိန်တစ်ဆယ်မှာ ပိသာဘယ်လောက်ရှိလဲ
ဒေါ်ဇာဖြူဝင်း • 3 answers
ငါးမုတ်အကြောင်းသိချင်ပါတယ်
ဦးသီဟထွန်း • 1 answers
တီလားဗီးယားမွေးမြူရာတွင် ဒေသအစာကို ဘယ်လို ပြုလုပ်ကျွေးမွေးရမလဲ ဆရာတို့
ရန်နောင်စိုး • 1 answers
ငါးအစာအတွက်မြက်ချဥ်ထည့်နည်းသိချင်ပါတယ်ခင်ဗျာ ဘာပစ္စည်းများလိုအပ်ပါသလဲခင်ဗျာ
zaw naing • 0 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from နှင်းဖြူဖြူ
See all
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
ကယ်လိုရီနည်းပြီး ပရိုတင်းပါဝင်မှုများတဲ့ ရေငန်က ရွှေငါး
05/09/2025
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....