ရေပေါ်ငါးအစာတောင့်၏ အားသာချက်နှင့် အားနည်းချက်များ
ယခုနောက်ပိုင်းတွင် ငါးမွေးမြူရေး၌ ခေတ်စားလာသော ရေပေါ်ငါးအစာတောင့်၏ အားသာချက်များမှာ -
(၁) အာဟာရဓာတ်မြင့်မားစွာ ထိန်းထားနိုင်ခြင်း (High Nutrition Retention)
ရေပေါ်ငါးအစာသည် ရေပေါ်တွင် ကြာရှည်စွာနေနိုင်သည်။ အစာရေတွင် ပျော်ဝင်သောအခါ အာဟာရတန်ဖိုးအချို့ ဆုံးရှုံးသွားသည်။ ရေပေါ်ငါးအစာသည် ရေ၊ ရွှံ့နှင့် အညစ်အကြေးများကြောင့် အစာဆုံးရှုံးမှု၏ ၂၀% ကို သက်သာစေနိုင်သည်။ အရည်အသွေးမြင့်သည့် ရေပေါ်ငါးအစာသည် ရေပေါ်တွင်အနည်းဆုံး (၁၀) နာရီခန့် ရှိနေနိုင်သည်။
(၂) မွေးငါးများအား စောင့်ကြည့်နိုင်ခြင်း (Monitoring the Fish)
ရေပေါ်ငါးအစာစားသုံးခြင်းသည် ငါးများအစာစားနေစဉ်အတွင်း ငါးကန်ကမ်းစပ်များမှမြင်နိုင်သောကြောင့် ငါး၏အစာစားချင်စိတ်ရှိ/မရှိကို စောင့်ကြည့်ရန်အထောက် အကူဖြစ်စေပါသည်။ ထို့အပြင် ငါး၏ကျန်းမာရေးနှင့် လှုပ်ရှားမှုအခြေအနေကိုပုံမှန် ကြည့်ရှုစစ်ဆေးနိုင်သည်။

(၃) ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိခြင်း (Environment Friendly)
ရေပေါ်ငါးအစာသည် ကြည့်ရှုရန် အလွန်လွယ်ကူသည်။ မစား၍ ကျန်ရှိသော အစာအချို့ကိုပင် ကောက်ယူ၍ အခြောက်ခံနိုင်သည်။ ဤအစာကို နောက်ပိုင်းတွင် ပြန်လည်ကျွေးရန်အသုံးပြုနိုင်ပြီး ရေကိုသန့်ရှင်းစေရန်လည်း ကူညီပေးသည်။ ယင်းအချက်သည် ငါးကြီးထွားမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အလွန်အကျိုးရှိစေသည်။ အစာအလေအလွင့်မရှိသလောက်နည်း၍ ကန်ရေ၏အရည် အသွေးကောင်းစေရန် အထောက်အကူပြုသည်။
(၄) လွယ်ကူစွာသိမ်းဆည်းနိုင်ခြင်း (Easy to Store)
ရေပေါ်စာထုတ်လုပ်ရာတွင်မြင့်မားသောအပူချိန်နှင့် ဖိအားတို့ဖြင့်ထုတ်လုပ်ထားသဖြင့် ရေပေါ်စာ၏ရေပါဝင်မှု (Moisture Content) မှာ ၈% - ၉% ရှိပြီး အလွန်နည်းသည်။ သို့ဖြစ်၍ ရေပေါ်ငါးစာသည် မာကျောပြီးအရည်အသွေးတည်ငြိမ် မှုရှိသည်။ အစိုဓာတ်ပါဝင်မှုနိမ့်သောကြောင့်သိုလှောင်ရန် ပိုမိုလွယ်ကူသည်။
ရေပေါ်ငါးအစာတောင့်၏ အားနည်းချက်သည် ဝယ်ယူရာတွင်ပို၍စျေးကြီးခြင်း၊ ရေပေါ်ငါးအစာတောင့်ထုတ်လုပ်ရာ၌လည်း အသုံးပြုသည့်စက်များ (Feed Millers) သည်လည်း ပုံမှန်အစာတောင့်ထုတ်စက်များထက် ပို၍စျေးကြီးခြင်းကြောင့်ဖြစ်သည်။ ထို့အပြင် အစာစက်ရုံတည်ဆောက်ပြီး စက်စမ်းသပ်လည်ပတ်ခြင်း၊ သတ်မှတ်အရည်အသွေးပြည့်မီသည့် “စံ” ရေပေါ်ငါးစာထုတ်လုပ်နိုင်ရေး အချိန်အများစုသည်ကုန်ကျစရိတ် များပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဦးဇော်ဇော်
3 months agoအစာတောင့် ငါးခူ စာ လုပ်နည်းလေးသိချင်ပါတယ်ဆရာ
Related questions
မိတ္ထီလာ ပျော်ဘွယ်သာစည်မှာ ငါးခူ ဒိုင်သွင်းစျေး ဘယ်လောက်ဆရာတို့
မူန် • 1 answers
ငါးအချိန်တစ်ဆယ်မှာ ပိသာဘယ်လောက်ရှိလဲ
ဒေါ်ဇာဖြူဝင်း • 3 answers
ငါးမုတ်အကြောင်းသိချင်ပါတယ်
ဦးသီဟထွန်း • 1 answers
တီလားဗီးယားမွေးမြူရာတွင် ဒေသအစာကို ဘယ်လို ပြုလုပ်ကျွေးမွေးရမလဲ ဆရာတို့
ရန်နောင်စိုး • 1 answers
ငါးအစာအတွက်မြက်ချဥ်ထည့်နည်းသိချင်ပါတယ်ခင်ဗျာ ဘာပစ္စည်းများလိုအပ်ပါသလဲခင်ဗျာ
zaw naing • 0 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from သက်နိုင်(ငါးဦးစီး - ငြိမ်း)
See all
အကောင်းဆုံးငါးမွေးမြူရေးကျင့်စဉ်တွင် ပါဝင်သော အဆင့်များ
13/05/2026
အကောင်းဆုံး ငါးမွေးမြူရေးအလေ့အကျင့်ဆိုတာဘာလဲ?
03/04/2026
အာရုံကြောစနစ်ကို ဖျက်စီးလိုက်နိုင်တဲ့ အပြာကွင်းပတ်ရေဘဝဲ
12/11/2025
စားလို့ရတဲ့ ငါးဥ နဲ့ စားလို့မရတဲ့ ငါးဥ
04/08/2025
ငလျင်ဒဏ်ကြောင့် ပျက်စီးထိခိုက်မှုဖြစ်ပွားခဲ့သော ငါးမွေးမြူရေးကန်များအပေါ် ပြန်လည်ကုစားဆောင်ရွက်နည်းများ
21/04/2025