Green Way
နွေစပါးမှာ ယူရီးယားဓာတ်မြေသြဇာကျွေးပေးပါ

နွေစပါးမှာ ယူရီးယားဓာတ်မြေသြဇာကျွေးပေးပါ

ဆင်းသီဟ
ဆင်းသီဟ Greenovator 23/01/2019

တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် ယူရီးယားဓါတ်မြေသြဇာကို အလွယ်တစ်ကူ ဝယ်ယူရရှိနိုင်သည်။ ယူရီးယားဓာတ်မြေသြဇာတွင် နိုက်ထရိုဂျင်အာဟာရဓာတ် ပါဝင်သည်။ နိုက်ထရိုဂျင်သည် စပါးပင်ကြီးထွားဖွံ့ဖြိုးရေးအတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓါတ်ဖြစ်ရာ နွေစပါးစိုက်ခင်းများ၌ စပါးအထွက်နှုန်းမြင့်မားရန် ယူရီးယားဓာတ်မြေသြဇာကို မဖြစ်မနေသုံးစွဲ သင့်ပါသည်။

ယူရီးယားဓါတ်မြေသြဇာတွင် နိုက်ထရိုဂျင် ၄၆ ရာခိုင်နှုန် းပါဝင်ကြောင်းသိရသည်။ ပြည်တွင်းမှ ထုတ်လုပ်သည်။ ပြည်ပမှလည်းဝင်သည်။ စိုက်ပျိုးရေးအရောင်းဆိုင်များတွင် ဝယ်ယူရရှိနိုင်သည်။ လိုသလောက်ကို လက်လီခွဲဝေရောင်းချကြောင်းလည်း သိရှိရပါသည်။

ယူရီးယားဓါတ်မြေသြဇာကို သုံးစွဲရာတွင် နိုက်ထရိုဂျင်၏သဘောသဘာဝအရ လေလွင့်ဆုံးရှုံးနိုင်သည်။ ထည့်ပေးသမျှအာဟာရပမာဏကို စပါးပင်က အပြည့်အဝရရှိနိုင်ခြင်းမရှိပါ။ ထို့ကြောင့် တစ်ကြိမ်တည်း ကျွေးပေးရုံဖြင့် မလုံ လောက်နိုင်ပါ။ မြေသြဇာ၏အကျိုးအာနိသင် အပြည့်အဝကိုရရှိစေရန် အကြိမ်ကြိမ်အလီလီ၍ ခွဲဝေကျွေးပေးသင့်ကြောင်း အသိပေးလိုပါသည်။

နွေရာသီတွင်စိုက်ပျိုးသည့် အထွက်ကောင်းစပါးမျိုးအားလုံးသည် သက်တမ်းရက်အလိုက် သီးပွင့်ရင့်မှည့်သည့် စပါးမျိုးများချည်းဖြစ်သည်။ အသက်ရက်အလိုက် အုပ်စုခွဲခြားကြည့်ပါက သက်လတ်နှင့် သက်လျင်စပါးမျိုးများဖြစ်ပြီး အများစုစိုက်ပျိုးသည်မှာ သက်လျင်စပါးမျိုးအုပ်စု ဖြစ်ကြောင်းသိရသည်။

စိုက်ပျိုးထားသည့် အထွက်ကောင်းစပါးမျိုးများကို ယူရီးယားဓာတ်မြေသြဇာကျွေးရာ၌ သုံးကြိမ်လီ၍ ကျွေးပေးသင့်ကြောင်း ထောက်ခံလိုသည်။ ထိုအချိန်များမှာ- (၁) စပါးပင်ကြီးထွားမှု အစောပိုင်းကာလ (၂) အပင်ပွားစည်းမှုအားကောင်းသည့်ကာလနှင့် (၃) အနှံသန္ဓေတည် မှို့ကပ်သည့်ကာလ တို့ဖြစ်သည်။ မြေအမျိုးအစားအလိုက်ထည့်သွင်းပေးရမည့် ယူရီးယားဓာတ်မြေသြဇာပမာဏ၏ သုံးပုံတစ်ပုံစီကို သုံးကြိမ်လီ၍ ကျွေးပေးသင့်ပါသည်။

စပါးပင်ကြီးထွားမှု အစောပိုင်းကာလအတွက် မျိုးစေ့ချပြီး ၁၂ ရက်မှ ၁၆ ရက်ခန့်တွင် လည်းကောင်း၊ အပင်ပွားစည်းမှုအားကောင်းသည့် ကာလအတွက် မျိုးစေ့ချပြီး ၂၃ ရက်မှ ၂၇ ရက်တွင် လည်းကောင်း၊ အနှံသန္ဓေတည်မှို့ကပ်သည့်ကာလအတွက် မျိုးစေ့ချပြီး ၃၃ ရက်မှ ၃ရ ရက်ခန့်တွင် လည်းကောင်း ယူရီးယားဓာတ်မြေသြဇာကျွေးပေးရန်ဖြစ်ပါသည်။

စနစ်တကျကျွေးဖို့လိုသည်။ နိုက်ထရိုဂျင်အာဟာရက ဆုံးရှုံးလွယ်သည်။ ဓာတ်မြေသြဇာနှင့် ထုထည်တူမြေဆွေး (သို့မဟုတ်) နွားချေးဆွေးနှင့် သမအောင်ရော၍ တစ်ညသိပ် နှပ်ထားကာ နောက်တစ်နေ့တွင်မှ စိုက်ခင်းအတွင်း ညီညာစွာ ကြဲပက်ပါလို့ ပြောလိုသည်။

အခြား သတိမူဂရုစိုက်သင့်သည်များကိုလည်း ပြောလိုပါသည်။ နိုက်ထရိုဂျင်မြေသြဇာ အကျိုးရှိစေဖို့ဖြစ်သည်။ ပထမအချက်မှာ စပါးခင်းအတွင်း ပေါင်းမြက်များ မရှိဖို့လိုပါသည်။ ပေါင်းမြက်ပင်များက စပါးပင်အတွက်ထည့်ပေးလိုက်သော နိုက်ထရိုဂျင်ကို ယှဉ်ပြိုင်လုယူစားသုံးနိုင်သည်။ ယူရီးယားဓာတ်မြေသြဇာမကျွေးမီ ပေါင်းမြက်ကင်းစင်အောင်လုပ်ရန် ဖြစ်ပါသည်။

ဒုတိယအချက်မှာ စပါးပင်များတွင် ပိုးမွှားနှင့်ရောဂါများလည်းကျရောက်မနေသင့်ပါ။ ထည့်ပေးလိုက်သော နိုက်ထရိုဂျင်မြေသြဇာကို စပါးပင်မှ အပြည့်အဝရယူစားသုံးနိုင်ရန် စပါးပင်များသည် ပိုးမွှားရောဂါများ ကျရောက်မနေဖို့လိုသည်။ သို့ဖြစ်၍ ကြိုတင်ကာကွယ်ပြီးမှ ဓာတ်မြေသြဇာကျွေးမှသာ ပိုမိုအကျိုးရှိနိုင်ပါသည်။ 

တတိယအချက်မှာ ရေထိန်းသိမ်းမှု ကောင်းမွန်အောင် ပြုလုပ်ရန်ဖြစ်သည်။ နိုက်ထရိုဂျင် မြေသြဇာက ရေမှာပျော်ဝင်လွယ်သည်။ ဆုံးရှုံးနိုင်သည်။ သို့ဖြစ်၍ လယ်ကန်သင်းများလုံ၊ မလုံ စစ်ဆေးပြီး လုံခြုံအောင်ပြုပြင်ရမည်။ စိုက်ကွက်အတွင်းရှိ ရေအနက်မှာလည်း နှစ်လက်မထက် မပိုသင့်ပါ။ 

စပါးစိုက်ကွက် လုံးဝရေပြတ်သည်လည်း မဖြစ်သင့်ပါ။ ရေပြတ်သွားပါက မြေဆီလွှာတွင် လေအစားထိုး ဝင်ရောက်လာသောကြောင့် ထည့်လိုက်သော နိုက်ထရိုဂျင်မြေသြဇာသည် လေနှင့်အတူ အငွေ့အဖြစ် ဆုံးရှုံးနိုင်ပါ သည်။ အထူးသဖြင့် လယ်ကွက်များခြောက်သွေ့ပြီး ပတ်ကြားအက်ပါက နိုက်ထရိုဂျင်သည် အငွေ့အဖြစ် ပို၍ ဆုံးရှုံးနိုင်ပါသည်။

နွေစပါးတွင် ယူရီးယားဓာတ်မြေသြဇာကို ထိရောက်စွာကျွေးခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ကာ တစ်ဧကအကျိုးအမြတ်ဝင်ငွေ ပိုကြစေလိုပါသည်။

ဆင်းသီဟ

 

ဦးမြင့်မောင်

ဦးမြင့်မောင်

5 years ago

ဦးမြင့်မောင်

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

Related questions

မြေသွေးနဲ့ ကြက်သွန်စိုက်လိုရလား

ဇော်မင်းနိုင် • 1 answers

နွားသေးရည်ကိုဘယ်နှစ်ရက်ထားပိမှနှမ်းခင်းကိုပတ်ဖျန်းရတာလဲ့နွားသေးရည်ကိုဘယ်နှစ်ရက်ထားရတာလဲ့?နွားသေးရည်းကိုဘယ်လို့သိမ်းထားရတာလဲ့

Tin Tun Aung • 2 answers

ဒီသဘာဝမြေဆွေးကိုကြက်မောက်အပင်ငယ်စိုက်ထားတာတစ်နှစ်ရှိပါပီ ကြွေးရင် တစ်ပင်ကို ဘယ်လောက်ထည့်ရမလဲ ဆရာတို့

Sawdohhtoo Sawsaw • 3 answers

ကလောက်ဒီကို မြေအစိုဓာတ်ဝေးတဲ့အချိန်မှာ ကြ က်သွန်နီကို ဖျန်းလို့ အဆင်ပြေလားဗျာ အာနိသင် ရှိမရှိလေးပြောပြပေးပါအုံး

Aung Lay • 4 answers

နွားသေး ထန်းလျှက် နွားချီး ပြာ အချိုးစားလေးပြောပြပေးပါလား မြေဩဇာလုပ်ချင်လို့ပါ မြေပဲ နှင့် နှမ်းသုံးချင်လို့ပါ အပင်သက်တမ်းတွေကတော့ 25ရက်ရှိပါပြီ

Ukyaw • 6 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....