စပါးအတွက်နိုက်ထရိုဂျင် နှစ်ကြိမ်လီလိုလျှင်
စပါးပင်ကြီးထွားဖွံ့ဖြိုးရေးအတွက် နိုက်ထရိုဂျင်မြေသြဇာကို တစ်ကြိမ်တည်းကျွေးပေးရုံဖြင့် မလုံလောက်၊ မြေသြဇာ၏အကျိုးအာနိသင် အပြည့်အဝကိုရရှိစေရန် အကြိမ်ကြိမ်လီ၍ ခွဲဝေကျွေးပေးပါ။ "သက်လျင်အထွက်ကောင်း စပါးမျိုးများတွင် (၃) ကြိမ်၊ သက်လတ်အထွက်ကောင်း စပါးမျိုးများတွင်မူ (၄) ကြိမ်လီ၍ ကျွေးပေးပါ" အဲသည်လို ရေးခဲ့ပါသည်။
သို့သော် တစ်ချို့သော တောင်သူလယ်သမားကြီးများအတွက် စပါးစိုက်ခင်းတိုင်းကို (၃) ကြိမ်၊ (၄) ကြိမ်အခါခါသွားပြီး မြေသြဇာကျွေးဖို့ဆိုတာ တကူးတကကြိုးစားရပါလိမ့်မည်။
အဲလိုဆိုလျှင် အရေးကြီးဆုံး (၂) ကြိမ်တော့ မဖြစ်မနေကျွေးပေးပါလို့ ကျွန်တော် တိုက်တွန်းလိုပါသည်။
ရှေးဦးစွာ အလွန်အရေးပါသော စပါးပင်၏ ကြီးထွားမှုအဆင့်တွေကို နားလည်သိရှိဖို့လိုသည်။ (၁) ပင်ပိုင်းကြီးထွားသည့်ကာလ၊ (၂) မျိုးပွားပိုင်းကြီးထွားသည့်ကာလနှင့် (၃) ရင့်မှည့်သည့်ကာလတို့ ဆိုပြီး စပါးပင်ကြီးထွားမှုအဆင့်ဆင့်ဖြစ်ပေါ်တာကို ကာလ (၃)ခု ပိုင်းခြားထားပါသည်။
ပင်ပိုင်းကြီးထွားသည့်ကာလသည် အပင်ပွားခြင်းအတွက် အရေးပါသောကာလ ဖြစ် သည်။ ထိုကာလတွင် အပင်ပွားစည်းသည့်အဆင့် ပါဝင်လို့ဖြစ်သည်။ အပင်ပွားများမှ စပါးနှံအရေအတွက် များပါမည်။
မျိုးပွားပိုင်းကြီးထွားသည့်ကာလသည် စပါးအနှံအတွက် အရေးပါသောကာလဖြစ်သည်။ ထိုကာလတွင် အနှံသန္ဓေစတင်ဖြစ်ပေါ်သည်မှ ဖုံးတုံးလုံးတုံးဖြစ်ခြင်း၊ စပါးအနှံထွက်ခြင်း၊ ပန်းပွင့်ခြင်း စသည့်အဆင့်တွေ ပါဝင်လို့ဖြစ်သည်။ စပါးနှံတွင် စပါးစေ့အရေအတွက်များမှသာ စပါးအထွက်ကောင်းနိုင်မည်ဖြစ်ပါသည်။
ပျိုးထောင်ကောက်စိုက်စပါးမှာဆိုလျှင် ကောက်စိုက်ပြီး ၂၄ ရက်ကနေ ၃၀ ရက် ဝန်းကျင်သည် အပင်ပွားစည်းသည့်အဆင့်ဖြစ်သည်။ တိုက်ရိုက်မျိုးစေ့ချ စိုက်ခင်းတွေမှာဆိုရင်လည်း မျိုးစေ့ချပြီး သို့မဟုတ် ကြဲပက်စိုက်ပြီး ၂၄ ရက်ကနေ ၃၀ ရက်ဝန်းကျင်ပဲ ဖြစ်ပါသည်။ ထိုရက်များတွင် ပထမအကြိမ်အနေဖြင့် စပါးစိုက်ခင်းကို နိုက်ထရိုဂျင်မြေသြဇာ ကျွေးပေးရန်ဖြစ်ပါသည်။
အနှံသန္ဓေစတင်ဖြစ်ပေါ်သည့်အချိန်ကို အပြင်ပန်းအားဖြင့် အင်မတန်သိရန် ခက်ခဲပါလိမ့်မည်။ အနှံသန္ဓေ စတင်ဖြစ်ပေါ်သည့်အချိန်ကို သိဖို့ဆိုလျှင် မိမိစိုက်သည့်စပါးမျိုး၏ စိုက်ခင်းထဲမှာ ရှိနေမည့်ရက်ပေါင်းကို ခန့်မှန်းတတ်ဖို့လိုမှာဖြစ်သည်။ စိုက်ခင်းထဲမှာရှိနေမည့် ရက်ပေါင်းကို ခန့်မှန်းဖို့ဆိုလျှင် မိမိစိုက်သည့်စပါးမျိုး၏ အသက်ရက်ကို ရှေးဦးစွာ သိဖို့လိုမှာ ဖြစ်ပါသည်။
ထို့ပြင် မိမိသည် စပါးစိုက်ရာတွင် ဘယ်စနစ်ကိုအသုံးပြုခဲ့လဲ၊ ပျိုးထောင်ကောက်စိုက် စနစ်လား၊ တိုက်ရိုက်မျိုးစေ့ချ (ကြဲပက်) စိုက်တာလား စသည်အပေါ်လည်း မူတည်ပါသည်။ ကျွန်တော်တို့နိုင်ငံလို အပူပိုင်းဒေသတွေမှာ အနှံသန္ဓေစတင်ဖြစ်ပေါ်တဲ့အချိန်ဟာ စပါးမရိတ်မီ ရက် ၆၀ အလိုဖြစ်ပါသည်။ အဲသည်အချိန်ဟာ နိုက်ထရိုဂျင်အာဟာရကျွေးပေးဖို့ သင့်တော်သောအချိန် ဖြစ်ပါသည်။ သို့သော် နိုက်ထရိုဂျင်အာဟာရ မြေသြဇာကျွေးရမည့်အချိန်သည် ပျိုးထောင်ကောက်စိုက် စနစ်နှင့် တိုက်ရိုက်မျိုးစေ့ချ (ကြဲပက်) စနစ်တို့ ကွာခြားပါသည်။
ပျိုးထောင်ကောက်စိုက်စနစ်ဖြင့်စိုက်ပျိုးသည့် စပါးခင်းမှာ နိုက်ထရိုဂျင်မြေသြဇာ ကျွေးသင့်သည့်အချိန်ကို တွက်ချက်ရာတွင် စိုက်ခင်းထဲမှာရှိနေမည့် ရက်ပေါင်းကို သိနိုင်ရန် ပျိုးသက်ကို နှုတ်ပယ်ပစ်ရမှာဖြစ်ပါသည်။
စိုက်သည့်စပါးမျိုးက အသက်ရက် ၁၃၅ ရက်၊ ပျိုးသက် ၂၅ ရက်ဖြင့် စိုက်သည်ဆိုပါစို့။ ထိုသို့ဆိုလျှင် ရိတ်သိမ်းခြင်းမပြုမီ ရက်ပေါင်း ၁၁၀ သာ စိုက်ခင်းထဲမှာ ရှိနေမှာဖြစ်ပါသည်။
ကောက်စိုက်ပြီးသည်မှ ရိတ်သိမ်းသည်ထိ ရက်ပေါင်း ၁၁၀ ထဲကနေ ရက် ၆၀ ကိုနှုတ်လျှင် စိုက်ပြီး ရက် ၅၀ သည် အနှံသန္ဓေစတင်ဖြစ်ပေါ်တဲ့အချိန် ဖြစ်ပါသည်။ ထိုအချိန်သည် နိုက်ထရိုဂျင်မြေသြဇာကျွေးရန် သင့်လျော်သောအချိန်လို့ သိနိုင်မှာဖြစ်ပါသည်။
စပါးတိုက်ရိုက်မျိုးစေ့ချ (ကြဲပက်) စိုက်ခင်းဆိုလျှင်တော့ တစ်မျိုးဖြစ်သည်။ စိုက်သည့် စပါးမျိုး၏ အသက်ရက်ကိုသာ သိရန်လိုသည်။ မျိုးစေ့မြေကျသည်နှင့် ထိုစပါးမျိုး၏ သက်တမ်း စသည်ဖြစ်ရာ စိုက်ခင်းထဲတွင်ရှိနေမည့် ရက်ပေါင်းမှာလည်း စပါးမျိုး၏အသက်ရက်နှင့် အတူတူပင်ဖြစ်ပါသည်။
တွက်ချက်နည်းမှာ သက်တမ်း ၁၃၅ ရက်ရှိသည့် စပါးမျိုးကို မျိုးစေ့ချ(ကြဲပက်) စိုက်ပျိုးသည်ဆိုပါစို့။ မျိုးစေ့ချသည့်နေ့မှ သို့မဟုတ် ကြဲပက်စိုက်သည့်နေ့မှ ရိတ်သိမ်းသည်ထိ ၁၃၅ ရက် ထဲကနေ ရက် ၆၀ ကိုနှုတ်လျှင် မျိုးစေ့ချပြီး ၇၅ ရက်သည် အနှံသန္ဓေ စတင်ဖြစ်ပေါ်သည့်အချိန်ဖြစ်သည်။ ဤသို့ဖြင့် နိုက်ထရိုဂျင်မြေသြဇာကျွေးရမည့် သင့်လျော်သောအချိန်ကို သိနိုင်မည်ဖြစ်ပါသည်။
ဤသို့ စပါးပင်၏ အပင်ပွားစည်းသည့်အဆင့်တွင် တစ်ကြိမ်နှင့် အနှံသန္ဓေစတင်ဖြစ်ပေါ်သည့်အချိန်တွင်တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ်တော့ လီ၍ကျွေးနိုင်ပါသည်လို့ အသိပေးလိုပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
စပါးပင်နှင့်အာဟာရ
အောင်ကိုလွင်
3 years agoကျေးဇူးပါ
လှအေး
5 years ago၁၅. ပတ်လည်ထည့်မည်ဆိုပါကအဆင်ပြေပာသလား
ကိုတိုး
5 years agoကျေးဇူးးပါဗျာ
ဦးမြင့်စိန်
5 years agoယခုလိုရှင်းပြပေးတာအထူးကျေဇူးတင်ပါသည်
ဦးဇော်မိုး
5 years agoစပါးပင်နောက်ဆုံးအကြိမ်ဘယ်အရွယ်မှာကြွေးရလည်း။
Related questions
မြေသွေးနဲ့ ကြက်သွန်စိုက်လိုရလား
ဇော်မင်းနိုင် • 1 answers
နွားသေးရည်ကိုဘယ်နှစ်ရက်ထားပိမှနှမ်းခင်းကိုပတ်ဖျန်းရတာလဲ့နွားသေးရည်ကိုဘယ်နှစ်ရက်ထားရတာလဲ့?နွားသေးရည်းကိုဘယ်လို့သိမ်းထားရတာလဲ့
Tin Tun Aung • 2 answers
ဒီသဘာဝမြေဆွေးကိုကြက်မောက်အပင်ငယ်စိုက်ထားတာတစ်နှစ်ရှိပါပီ ကြွေးရင် တစ်ပင်ကို ဘယ်လောက်ထည့်ရမလဲ ဆရာတို့
Sawdohhtoo Sawsaw • 3 answers
ကလောက်ဒီကို မြေအစိုဓာတ်ဝေးတဲ့အချိန်မှာ ကြ က်သွန်နီကို ဖျန်းလို့ အဆင်ပြေလားဗျာ အာနိသင် ရှိမရှိလေးပြောပြပေးပါအုံး
Aung Lay • 4 answers
နွားသေး ထန်းလျှက် နွားချီး ပြာ အချိုးစားလေးပြောပြပေးပါလား မြေဩဇာလုပ်ချင်လို့ပါ မြေပဲ နှင့် နှမ်းသုံးချင်လို့ပါ အပင်သက်တမ်းတွေကတော့ 25ရက်ရှိပါပြီ
Ukyaw • 6 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဆင်းသီဟ
See all