Green Way
ရှားစောင်းလက်ပတ် သဘာဝမြေဩဇာ

ရှားစောင်းလက်ပတ် သဘာဝမြေဩဇာ

     ဒီနေ့ကတော့ လွယ်ကူသလောက်ထိရောက်တဲ့ ရှားစောင်းလက်ပတ် သဘာဝမြေဩဇာပြုလုပ်နည်းကို ပြောပြပေးမှာဖြစ်ပါတယ်။ အဓိကကုန်ကြမ်းပစ္စည်းကလဲ ရှာရလွယ်တဲ့ရှားစောင်းလက်ပတ်မလို့ အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။ နောက်ပြီး အပင်တိုင်းအတွက် အသုံးပြုလို့ရတဲ့ သဘာဝမြေဩဇာဖြစ်လို့ ပိုပြီးအဆင်ပြေတာပေါ့။ 

     ရှားစောင်းလက်ပတ်မှာဆိုရင်လည်း အပင်တွေမှာလိုအပ်တဲ့ ပိုတက်စီယမ်(Potassium)၊ ကယ်လဆီယမ်(Calcium)၊ မဂ္ဂနီဆီယမ်(Magnesium)၊ ကော့ပါး(Copper)၊ ဇင့်(Zinc)၊ ဆယ်လီနီယမ်(Selenium)နဲ့ ဗီတာမင်A, C, E, B12, B2, B6တို့ပါဝင်ပါတယ်။

သဘာဝမြေသြဇာလုပ်ဖို့အတွက် ပါဝင်ပစ္စည်းများ

     - ရှားစောင်းလက်ပတ်- တစ်ပင်(သို့) အရွက်ကြီးရင် ၂ ရွက် ၃ရွက် 

     - ရေ- ၁.၅ လီတာ 

     - ရေကိုအတိအကျကြီးချိန်နေစရာမလိုပါဘူးနော် ခန့်မှန်းချေလေးဆိုရင်ရပါတယ်။ ပမာဏများများလုပ်မယ်ဆိုရင် ဒီအချိုးလေးအတိုင်းပဲတိုးပြီးလုပ်ပေးနော်။

ပြုလုပ်နည်း 

     - ရှားစောင်းလက်ပတ်ကို အတုံးလေးတွေ ပြုလုပ်ပေးပါ။ 

     - ပြီးနောက် ပုံးထဲထည့်ပြီး ရေထည့်ပါ။ 

     - အဖုံးအုပ်ပြီး (၅)ရက်ခန့်ထားပေးပါ။

     - (၅)ရက်ပြည့်ပြီးရင် အသုံးပြုလို့ရပါပီ။

     - အရည်သီးသန့်စစ်စရာမလိုပါဘူးနော်။ မွှေပြီးအသုံးပြုပေးပါ။

     အိုးနဲ့စိုက်ထားတဲ့အပင်ဆိုရင် ကော်ဖီခွက်တစ်ခွက်စာလောက်ဆိုရပါပြီ။ စိုက်ခင်းဆိုရင်လဲ သင့်တော်သလိုအသုံးပြုပေးလို့ရပါတယ်။ (၁၅)ရက်တစ်ကြိမ် အသုံးပြုပေးရင်လုံလောက်ပါပြီ။ အားလုံးပဲ အဆင်ပြေကြပါစေရှင်။

Ref: https://www.youtube.com/watch?v=3vNV6Sv_iCQ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 

18
Anonymous

Anonymous

4 years ago

စပါးသီးသး

Anonymous

Anonymous

5 years ago

မြေပဲစိုက်ခင်းမှာကောဖျန်းလို့ရလားဗျ ဆေးဖျန်းပုံးတစ်ပုံးမှာ ဘယ်လောက်နှုန်းထားသုံးရမလည်းဗျ

နန်းထက်

နန်းထက်

5 years ago

ကွမ်းပင်ဖျန်းလို့ရလားဗျ

မင်းမြတ်ဇော်

မင်းမြတ်ဇော်

5 years ago

အရိပ်ထဲမှာ ထားရမှာလား နေပူထဲထားရမှာလား ၅ရက်ထားရမယ်ဆိုတော့လေ

Ko Aye Min Naing

Ko Aye Min Naing

5 years ago

ဟု

You

Related questions

မြေသွေးနဲ့ ကြက်သွန်စိုက်လိုရလား

ဇော်မင်းနိုင် • 1 answers

နွားသေးရည်ကိုဘယ်နှစ်ရက်ထားပိမှနှမ်းခင်းကိုပတ်ဖျန်းရတာလဲ့နွားသေးရည်ကိုဘယ်နှစ်ရက်ထားရတာလဲ့?နွားသေးရည်းကိုဘယ်လို့သိမ်းထားရတာလဲ့

Tin Tun Aung • 2 answers

ဒီသဘာဝမြေဆွေးကိုကြက်မောက်အပင်ငယ်စိုက်ထားတာတစ်နှစ်ရှိပါပီ ကြွေးရင် တစ်ပင်ကို ဘယ်လောက်ထည့်ရမလဲ ဆရာတို့

Sawdohhtoo Sawsaw • 3 answers

ကလောက်ဒီကို မြေအစိုဓာတ်ဝေးတဲ့အချိန်မှာ ကြ က်သွန်နီကို ဖျန်းလို့ အဆင်ပြေလားဗျာ အာနိသင် ရှိမရှိလေးပြောပြပေးပါအုံး

Aung Lay • 4 answers

နွားသေး ထန်းလျှက် နွားချီး ပြာ အချိုးစားလေးပြောပြပေးပါလား မြေဩဇာလုပ်ချင်လို့ပါ မြေပဲ နှင့် နှမ်းသုံးချင်လို့ပါ အပင်သက်တမ်းတွေကတော့ 25ရက်ရှိပါပြီ

Ukyaw • 6 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....