ကောင်းမွန်စွာအိပ်စက်ဖို့အတွက် အစားအသောက်များမှ အကူအညီရယူပါ
လူသားတွေရဲ့ကျန်းမာရေးအတွက် အိပ်စက်ခြင်းက အရေးပါတဲ့အခန်းကဏ္ဍအနေနဲ့ပါဝင်နေတာကို အားလုံးပဲသိကြမှာပါ။ လူတစ်ယောက်က တစ်ရက်ကို ၇နာရီမှ၉နာရီအထိ အိပ်စက်ပေးဖို့လိုအပ်ပါတယ်။ အိပ်စက်ရာမှာလဲ နှစ်ခြိုက်စွာအိပ်ပျော်ဖို့ လိုအပ်ပါတယ်။ ညဘက်ကိုကောင်းမွန်စွာအိပ်စက်ထားမှသာလျှင် နောက်နေ့လုပ်ဆောင်ရမယ့်ကိစ္စတွေကို ခွန်အားပြည့်စွာနဲ့လုပ်ဆောင်နိုင်မယ်မဟုတ်ပါလား။ ဒါကြောင့် ကောင်းမွန်တဲ့အိပ်စက်ခြင်းအတွက် အထောက်အကူပြုမယ့် အစားအစာတွေကို လွယ်လွယ်ကူကူနဲ့ ရိုးရိုးရှင်းရှင်းပဲဖော်ပြပေးလိုက်ပါတယ်။
ကြက်သား
ကြက်နှင့် ကြက်ဆင်သားမှာ tryptophan လို့ခေါ်တဲ့ amino acid (အမိုင်နိုအက်စစ်) ပါဝင်ပြီး အနားရစေတဲ့ ဟော်မုန်းတွေထွက်စေကာ အိပ်စက်ခြင်းအတွက် အထောက်အကူဖြစ်စေပါတယ်။
ငါး
ဗီတာမင် B6 သည်ငါးများတွင် ပေါများစွာပါဝင်သည်။ အထူးသဖြင့် ဆော်လမွန်နှင့်တူနာတို့တွင်အများဆုံးပါဝင်သည်။ B6 သည်အနားရစေသော ဟော်မုန်းကိုဖြစ်ပေါ်စေသောအရာဖြစ်ပြီး ပုံမှန်အားဖြင့် အမှောင်ထဲတွင် ဖြစ်ပေါ်လေ့ရှိသည်။
နို့ထွက်ပစ္စည်း
နို့ထွက်ပစ္စည်းတွေမှာပါတဲ့ ကယ်လဆီယမ် (calcium) ကအိပ်စက်ခြင်းအတွက် အထောက်အကူပြုတဲ့ဟော်မုန်းတွေကို တိုးစေတယ်။ နွားနို့၊ ဒိန်ချဉ်၊ ချိစ် အစရှိသည့်နို့ထွက်ပစ္စည်းများကို စားသုံးနိုင်ပါတယ်။
ကိုက်လန်
ကိုက်လန်မှာလဲ ဒိန်ချဉ်လိုပဲ ကယ်လဆီယမ် (clacium) ပေါကြွယ်ဝပြီး အိပ်စက်မှုဆိုင်ရာဟော်မုန်းတွေအလုပ်လုပ်ဖို့ရန်အတွက် အရေးပါတာကို တွေ့ရပါတယ်။
ငှက်ပျောသီး
ငှက်ပျောသီးမှာ တစ်ညလုံးနှစ်ခြိုက်စွာ အိပ်စက်ဖို့အရေးပါတဲ့ ပိုတက်စီယမ် ကြွယ်ဝစွာပါဝင်ပါတယ်။ ထို့ပြင် သဘာဝအလျှောက်အိပ်စက်ခြင်းကို အားပေးတဲ့ tryptophan နဲ့ မဂ္ဂနီဆီယမ် (magnesium) တို့ပါရှိပါသေးတယ်။
အစေ့အဆန်များ
ဆန်လုံးညို၊ လူး၊ ဆပ်၊ ဂျုံ၊ အုတ်ဂျုံ၊ ပေါက်ပေါက်ပြောင်းစသည်တို့သည် အင်ဆူလင် (insulin) ထုတ်လုပ်မှုကိုအားပေးတာကို တွေ့ရပါတယ်။ ထို့ပြင် မဂ္ဂနီဆီယမ် (magnesium) လဲပါဝင်ပါသည်။ ခန္တာကိုယ်မှာရှိတဲ့ မဂ္ဂနီဆီယမ်ပမာဏနည်းရင် ညအိပ်စက်ချိန်မှာ နိုးလာဖို့အခွင့်အလမ်းများလေပဲဖြစ်ပါတယ်။
ပျားရည်
ပျားရည်တွင်ပါဝင်သော ဂလူးကို့စ်သည် သင့်ဦးနှောက်ပိုမိုနိုးကြားမှုကို လျော့ကျစေသည်။ ထို့ကြောင့် သင့်ကို ပိုအနားရစေပါလိမ့်မည်။
အခွံမာသီးများ
အခွံမာသီးတွင် သစ်ကြားသီး၊ ပိုက်ဆံလျှော်စေ့များ၊ ဖရုံစေ့များနှင့် နေကြာစေ့များပါဝင်သည်။ ဤအရာအားလုံးသည် မဂ္ဂနီဆီယမ်နှင့် tryptophan ရှိခြင်းတို့ကြောင့် အနားရစေတဲ့ဟော်မုန်းထွက်ရှိမှုကို အားပေးပါတယ်။
ဥများ
ဥများတွင်လည်း tryptophan ပါရှိခြင်းကြောင့် အိပ်စက်ခြင်းကို အထောက်အကူပြုပါတယ်။
ဆန်ဖြူ
ဆန်ဖြူသည် သကြားဓာတ်နှင့်ဆင်ဆူလင်ဓာတ်ပမာဏကို သဘာဝအလျောက်တို့မြှင့်စေပြီး ၎င်းသည် သင့်ဦးနှောက်ထဲတွင် tryptophan ပိုမိုမြန်ဆန်စွာ အလုပ်လုပ်နိုင်အောင်ကူညီပေးသည်။
ဤအစားအစာများကို ညနေမှာစားသုံးပေးခြင်းဖြင့် အိပ်စက်ချိန်တွင် လျင်မြန်စွာနဲ့နှစ်ခြိုက်စွာ အိပ်ပျော်နိုင်မှာဖြစ်ပါတယ်။
ဝတ်မှုံသင်း
https://www.sleepassociation.org/about-sleep/top-10-foods-help-sleep/
ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဝတ်မှုံသင်း
See all