ခေတ်စားလာတဲ့ eco printing လုပ်ငန်း
Eco printing ဆိုတာ သဘာဝချည်ထည်တွေပေါ်မှာ သဘာဝကရတဲ့အရွက်တွေ အပွင့်တွေကိုရိုက်နှိပ်ပုံဖော်တာဖြစ်ပါတယ်။ မတိုးတက်သေးတဲ့ အရင်ခေတ်များစွာမှာ သဘာဝကရတဲ့ ချည်ထည်တွေကို သဘာဝဆိုးဆေးတွေသာဆိုးပြီး ဝတ်ဆင်ခဲ့ကြရပါတယ်။ ခေတ်ရေစီးကြောင်းတစ်ကြော့ပြန်လည်လာတဲ့ခေတ်မှာ eco print အထည်တွေကို အမြတ်တနိုး ပြန်လည်ဝတ်ဆင်လာကြတာကို တွေ့ရပါတယ်။ Eco printing လုပ်ထားတဲ့အစတွေကို အဝတ်အထည်တွေမှာလည်းသုံးသလို မာဖလာများ၊ ခန်းဆီးများအနေနဲ့လည်း သုံးနိုင်ပါတယ်။ 
Eco printing နည်းမျိုးစုံရှိတဲ့ထဲမှာ အလွယ်ဆုံးနည်းက တူနဲ့ အရွက်တွေကို ချည်ထည်တွေပေါ်ထုပြီး ပုံဖော်တာဖြစ်ပါတယ်။ အပွင့်တွေထက် အရွက်တွေကိုအသုံးပြုပါက ပိုမိုစွဲမြဲတတ်တာမို့ ပွင့်ဖတ်တွေကို အနည်းငယ်ပဲသုံးဖို့အကြံပြုပါတယ်။ ဩဇာရွက်၊ ဧကရာဇ်ရွက်၊ တမာရွက်၊ ပေါက်ပန်းဖြူရွက်၊ မြင်းခွာရွက်၊ ဒန့်သလွန်ရွက်၊ သပြေရွက်၊ စွယ်တော်ရွက်၊ ဂန္ဓမာရွက်၊ မေမြို့ပန်းရွက် စသည့်အရွက်များအပြင် မိုးရာသီတွင် အုတ်နံရံပေါ်ပေါက်သသည့် ကျောက်ခက်ပန်းခိုင်များ၊ အလှဆင်ရာတွင်သုံးသော ငါးမြီးရိုးခိုင်များကို သုံးနိုင်ပါတယ်။ သရက်ရွက်ကဲ့သို့ မာသောအရွက်များမှာ အရည်ထွက်မှုနည်းပါသည်။ အပွင့်တွင်မူ အောင်မဲညိုပွင့်၊ နှင်းဆီပွင့်၊ ဂန္ဓမာပွင့်ဖတ်၊ တရုတ်စကားပွင့်အနီများ၊ ကုလားပန်းပွင့်များသုံးကြပါသည်။ အပွင့်လိုက် ရိုးတံဖြုတ်၍ဖြစ်စေ၊ ပွင့်ချပ်များတစ်ခုချင်းဖြုတ်၍ဖြစ်စေ သုံးနိုင်ပါသည်။ အရွက်နုကိုမသုံးရဘဲ အရွက်ရင့်သုံးမှသာ အရည်ထွက်မည်ဖြစ်ပါသည်။ အရွက်များကိုလည်း မိမိနှစ်သက်သလိုပုံစံညှပ်၍ သုံးနိုင်ပါသည်။
ပထမဦးစွာ မိမိရိုက်နှိပ်လိုသော ချည်စကို ပဲနို့တစ်ဆ ရေလေးဆရောထားသော အရောတွင်တစ်ညစိမ်ပြီးနောက် ရေညှစ်ကာ လှန်းပြီး ခြောက်သောအခါ ထိုနည်းအတိုင်း သုံးကြိမ်စိမ်ပေးရပါမည်။ ထို့နောက် ထိုအစပေါ်တွင် မိမိရိုက်နှိပ်လိုသည့် အရွက်နှင့် အပွင့်များကို ကြိုက်ရာပုံစံ ခင်းကျင်း၍ အပေါ်မှ ပလတ်စတစ်စ သို့မဟုတ် ချည်စအပါးဖုံးကာ တူနှင့်ထုရပါမည်။ အောက်ခံသစ်သားပြားထားရပါမည်။ တူထုရာတွင် အောက်ဘက်ရှိအရွက်များ နေရာမရွေ့စေရန် သတိပြုရပါမည်။ အရွက်အရာများ တဖြည်းဖြည်းထင်လာပြီး အရွက်ကြောများပေါ်လာသည်အထိစိတ်ရှည်ရှည်ထုပေးရပါမည်။ တစ်ရွက် သို့ တစ်ခက်ပုံပေါ်လာမှသာ နောက်တစ်ခုသို့ပြောင်းထုရပါမည်။ ရိုက်နှိပ်ပြီးပါက အပေါ်ယံအဝတ်ပါးကိုခွာ၍ အောက်မှချည်စကို ခြောက်အောင်ထားပေးရပါမည်။ ခြောက်မှသာ အရွက်များ ခွာရပိုလွယ်ပါမည်။ ထို့နောက် ထိုအစကို ရှာလကာရည်တွင် တစ်နာရီခန့်စိမ်ကာ ဆပ်ပြာအပျော့စားဖြင့် လျှော်ပေးရပါမည်။
Eco print ထည်များသည် သဘာဝအတိုင်း သစ်ရွက်စိမ်းနံ့သင်းပျံ့ကာ နူးညံ့သိမ်မွေ့သောအသွင်ကို ဆောင်ပါသည်။ မိမိတန်ဖိုးထားရသောသူအတွက် ကိုယ်တိုင်ရိုက်နှိပ်ကာ လက်ဆောင်ပေးနိုင်ပါသည်။ စက်ရိုက်ထည်များကဲ့သို့ အကြမ်းမခံသည့်အတွက် ကြိမ်ဖန်များစွာ လျှော်ဖွတ်ခြင်းမပြုရပါ။ ဆပ်ပြာမှုန့်မသုံးရပါ။ Eco print ထည်များသည် ကာလကြာသော် အရွက်များအရောင်သည် အပင်ရှိအရွက်များအတိုင်း အရောင်မှိန်လာနိုင်ပါသည်။ သို့သော် သဘာဝမှရသော အရွက်နှင့် အပွင့်များကိုသုံးထားပြီး ကိုယ်တိုင် အမြတ်တနိုးရိုက်နှိပ်ထားသည့် အထည်ဖြစ်သောကြောင့် တန်ဖိုးဖြတ်၍မရပါ။ သင်တို့သည် သဘာဝကို ချစ်သောစိတ်ရှိလျှင် သဘာဝလက်ဆောင်ဖြစ်သော eco print ထည်များကိုလည်း ချစ်မြတ်နိုးမည်မှာ မလွဲဖြစ်ပါသည်။
Moe Moe
2 years ago"ရိုက်နှိပ်လိုသော ချည်စကို ပဲနို့တစ်ဆ ရေလေးဆရောထားသော အရောတွင်တစ်ညစိမ်" ရခြင်း၏ ရည်ရွယ်ချက်ကို သိခြင်ပါတယ်။
Wai Linn Shein
4 years agoEco printing ကို ချည်စမဟုတ်ဘဲ T-shirt ပေါ်မှာ စမ်းကြည့်တာ အဆင်ပြေပြေနဲ့ဘဲအောင်မြင်သွားပါတယ်။ ကာလာအထွက်လဲစိုပြီး လှတယ်။ လုပ်ရတာလဲ ရိုးရှင်းတယ်။ ဆောင်းပါးရှင်ကိုလဲကျေးဇူးအများကြီးတင်ပါတယ်။ 🙆♂️💙💙
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from စုမြတ်မြတ်မိုး
See all
ကြံကြိတ်ဖတ်ဘိုင်အိုချား (Sugarcane bagasse Biochar)
05/05/2023
မျောက်ငိုသီးဆားရေစိမ်
26/01/2023
ချိုချဉ်အရသာလေးနဲ့ ချဉ်စော်ကားသီး အသားခြောက်လုပ်စားရအောင်..
19/01/2023
ရှောက်၊ သံပရာတွင်ကျရောက်သော အရွက်နူထွတ် ဗိုင်းရပ်ရောဂါ
16/09/2022
ငါးအမိုင်နိုအက်စစ် လက်တွေ့အသုံးချကြည့်ခြင်းနှင့် သတိပြုသင့်သည့်အချက်များ
14/09/2022