Green Way
ငါးအမိုင်နိုအက်စစ် လက်တွေ့အသုံးချကြည့်ခြင်းနှင့် သတိပြုသင့်သည့်အချက်များ

ငါးအမိုင်နိုအက်စစ် လက်တွေ့အသုံးချကြည့်ခြင်းနှင့် သတိပြုသင့်သည့်အချက်များ

ငါးအမိုင်နိုအက်စစ်( Fish Amino Acid) သည် စိုက်ပျိုးရေးလုပ်ငန်းတွင် အပင်များအတွက် အော်ဂဲနစ်‌အားဆေးအဖြစ် တွင်ကျယ်စွာ သုံးလာကြသည်ကို သိရှိကြမည် ဖြစ်ပါသည်။ 

FAA ပြုလုပ်ရာတွင် ငါးအသား(သို့) အရေခွံများနှင့် အရိုးများကို ခုတ်ထစ်သန့်စင်ကာ ငါးတစ်ဆ၊  တင်လဲရည်နှစ်ဆ EM ရှိပါက အသင့်သုံး EM (instant EM)နှစ်ဆ ရောကာ လေလုံပုံးထဲတွင်တစ်လသိပ်ထားပြီးနောက် အရည်များကိုစစ်ယူကာ အပင်များအတွက် အားဆေးရည်အဖြစ်သုံးနိုင်ပါသည်။(EM က မထည့်လျှင်လည်းရပါသည်) 

စာရေးသူပြုလုပ်သောနည်းတွင်မူ.. 

  • ငါးအရေခွံများနှင့်အရိုးများ တစ်ပိဿာကို မီးဖိုပေါ်တွင်အရင်ကျိုပြီးနောက် ရလာသောငါးပြုတ်အဖတ်များ၊အရည်များကို တင်လဲရည် နှစ်လီတာ သို့မဟုတ် နှစ်ပိဿာ၊ အသင့်သုံးအီးအမ် နှစ်လီတာနှင့် အိမ်သုံးဆား လက်တစ်ဆုပ်စာပါရောထည့်ကာ တစ်လခန့်ကြာအောင် လေလုံသောပုံးတွင်ထည့်ကာ အချဉ်ဖောက်ပေးပါသည်။
  • အချဉ်စဖောက်သည့်ရက်မှစ၍ တစ်ပတ်ကြာလျှင် gas ထွက်လာသောကြောင့် အမိုင်နိုပုံးကို  နှစ်ရက်တစ်ခါ သို့မဟုတ် သုံးရက်တစ်ခါမွှေပေးပါသည်။ ပြီးနောက်လေလုံအောင်ပြန်ပိတ်ပါသည်။
  • တစ်လကြာသောအခါ အရည်သွေးပြည့်၀ပြီး စိတ်ချစွာသုံးနိုင်သော ငါးအမိုင်နိုကိုရပါသည်။
  • စာရေးသူအနေဖြင့် အရည်ကို အပင်များအတွက်သုံးကာ ငါးအဖတ်များကိုမူ မြေဆွေးပြုလုပ်ရာတွင်ပြန်လည်သုံးစွဲပါသည်။
  • ငါးကို အစိမ်းအတိုင်း အမိုင်နိုပြုလုပ်နိုင်သကဲ့သို့ ပြုတ်ပြီးလည်းပြုလုပ်နိုင်ပါသည်။ တောင်သူများအနေဖြင့် မိမိအဆင်ပြေရာနည်းလမ်းကို သုံးနိုင်ပါသည်။ 
  • သို့သော် ဓာတ်ခွဲခန်းအဖြေများအရ ပြုတ်ပြီးပြုလုပ်သော ငါးအမိုင်နိုတွင် ပိုတက်ဆီယမ် ပိုများသဖြင့် အသီးပွင့်အားကောင်းစေရန် ပိုမိုအသုံးပြုနိုင်ကြောင်းတွေ့ရပါသည်။

FAA အကျိုးပြုပုံများ

  • ငါးအမိုင်နိုအက်စစ်တွင် နိုက်ထရိုဂျင်အများဆုံးပါ၀င်သောကြောင့် မုန်ညှင်း ကန်စွန်း ဆလပ် ကိုက်လန်စသော အရွက်စားအပင်များတွင် အရွက်များ စိမ်းစိုလန်းဆန်းရန်အတွက် ရွက်ဖျန်းအဖြစ်အဓိက သုံးနိုင်ပါသည်။ FAA သုံးပါက နိုက်ထရိုဂျင်ဓာတ်မြေဩဇာသုံးစွဲမှုကို ၂၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါသည်။
  • ငါးအမိုင်နိုအက်စစ်သည် အပင်များတွင်ရွက်ဖျန်းအဖြစ်သုံးနိုင်ရုံသာမက မြေသားအတွင်းရှိအကျိုးပြု ပိုးမွှားများကိုတိုးပွားစေကာ မြေသား၏ စွမ်းရည်ကိုပါ တက်‌စေသဖြင့် မြေသားကိုလည်းဖျန်းပေးနိုင်ပါသည်။
  • မြေသား၏လုပ်ဆောင်ချက်တက်လာသောအခါ မြေသားမာကျစ်ခြင်း မရှိတော့ဘဲ မြေမွလာသောကြောင့် အပင်၏အမြစ်များ ပိုမိုသန်မာလာစေပါသည်။
  • မြေမွသောအခါ ရေ၀ပ်ခြင်းမရှိတော့သောကြောင့် အမြစ်ပုတ်ခြင်းကို ကာကွယ်ပေးပါသည်။ မြေသားတွင် လေ၀င်လေထွက်ကောင်းသောကြောင့် မြေဆီအတွင်းရှိ အပင်အတွက် အကျိုးပြု ဘက်တီးရီးယားများ ပေါက်ဖွားနှုန်းကို တိုးတက်စေကာ အပင်ကိုသန်စွမ်းစေပါသည်။
  • FAA သုံးထားသော အပင်များတွင် အသီးစောသီးခြင်း၊ အသီးအနှံ၏ အရည်သွေးနှင့်အရောင်အဆင်းပိုမိုလှပခြင်း၊ ခူးဆွတ်ပြီးနောက်တွင် သီးနှံများသည် သာမန်ဓာတုဆေးသုံးသော သီးနှံများထက် ပိုမိုအထားခံခြင်း၊ အရသာ ပိုချိုခြင်း၊ အလေးချိန်စီးခြင်းတို့ကို လက်တွေ့မြင်တွေ့နိုင်ပါသည်။
  • စပျစ်တွင် ငါးအမိုင်နိုကို အဖူးဖူးချိန်တွင်သုံးပါက အသီးတင်ခြင်း၊ အလေးချိန်စီးခြင်း၊ ရောဂါဒဏ်ခံနိုင်ခြင်းတို့ကိုတွေ့ရပါသည်။
  • စတော်ဘယ်ရီတွင်သုံးပါက အမြစ်အားကောင်းခြင်း၊ အသီးချိုခြင်း၊ အထွက်တိုးခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။
  • အပင်အရွယ်စားနှင့်သက်တမ်းပေါ်မူတည်ကာ ငါးအမိုင်နိုကို ငါးဂါလန် ဆေးဖျန်းပုံးတစ်ပုံးလျှင် ပျှမ်းမျှ ၄၀ စီစီ (စတီးဇွန်း၄ဇွန်း) ကို ရေနှင့်ရောကာ ဖျန်းနိုင်ပါသည်။ မိမိသီးနှံပင်အရွယ်စားပေါ်မူတည်ပြီးဆေးအချိုးကို လိုတိုးပိုလျှော့ ချိန်ဆနိုင်ပါသည်။

သတိပြုသင့်သည့်အချက်များ

  • သတိပြုရန်မှာ ငါးအမိုင်နိုများလျှင် အပင်များလောင်တတ်ပါသည်။ ထို့ကြောင့် အပင်အရွယ်အစားပေါ်ချိန်ကာ ဆေးကို ဖျန်းရပါမည်။
  • ဖျူစေရီယမ်( Fusarium wilt ) မှိုရောဂါကျနေသောအပင်များတွင်မူ ရောဂါကျနေချိန် FAA ကို မသုံးသင့်ပါ။ ဖျူစေရီယမ်သည် နိုက်ထရိုဂျင်များသော မြေဩဇာသုံးလျှင်ရောဂါပိုမိုပြင်းထန်သဖြင့် ငါးအမိုင်နိုသည်လည်း နိုက်ထရိုဂျင် ပါ၀င်မှုများသောကြောင့် ထိုကာလတွင် မသုံးလျှင်ကောင်းပါသည်။
  • စာရေးသူအနေဖြင့် မိမိစိုက်ထားသော ခရမ်းချဉ်များတွင် ဖျူစေရီယမ်ကျနေသည်ကို  ဆေးဖျန်းရာတွင် ငါးအမိုင်နိုအား ပုံမှန်အတိုင်း ရောဖျန်းမိသဖြင့် မှိုရောဂါ ပိုမိုဆိုးရွားသွားကာ နောက်ဆုံးတွင် အပင်များအကုန် ပျက်စီးသည်အထိ လက်တွေ့ရင်ဆိုင်ခဲ့ရပါသည်။

အချုပ်ဆိုသော် ငါးမျိုးစုံကို ငါးအမိုင်နိုလုပ်ရန်သုံးနိုင်ပြီး ချွေတာလိုပါက ငါးအသားမသုံးဘဲ ငါးကြင်းအရေခွံနှင့် အရိုးများကိုသုံးကာ ထုတ်လုပ်ရရှိနိုင်ပါသည်။

ငါးအမိုင်နိုအက်စစ်သည် ကုန်ကျစရိတ်သက်သာကာ လူနှင့် အပင်များအတွက် ထိခိုက်မှုမရှိသော ဓာတုကင်းလွတ် မြေဩဇာဖြစ်သည့်အတွက် တောင်သူများအနေဖြင့် ကိုယ်တိုင်ပြုလုပ်ပြီး ယုံကြည်စိတ်ချစွာသုံးစွဲရန် အကြံပြုရေးသားအပ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

Continue reading related topics, questions and articles.

7
ဦးဝင်းကျော်ထွေး

ဦးဝင်းကျော်ထွေး

2 years ago

နွားနို့ +ဆန်ဆေးရေ+ အုန်းရေ တို့ ထည့်လိုရပါတယ်ဗျာ့ ရှိရင်ပေါ့

yae yin

yae yin

3 years ago

ရေမထည့်ပါနဲ့ ထန်လျက်ကြိုတဲ့အရည်နဲ့ဆိုရပါတယ် ဆတူလုပ်ပါ EMထည့်တာပိုကောင်းပါတယ်

Kyaw Kyaw

Kyaw Kyaw

3 years ago

ရေမထည့်လို့လည်းရလားဟင်။

Kyaw Kyaw

Kyaw Kyaw

3 years ago

ငါးအမိုင်နိုလုပ်တာ၃ရက်၄ရက်နဲ့လောက်တွယ်သွားလို့ ဘယ်လိုဆက်လုပ်ရမလဲဆိုတာရှင်းပြပေးပါဦး။

Ko Zaw Zaw Lin

Ko Zaw Zaw Lin

3 years ago

ကျွန်တော် က ငါး1ပိဿာ၊ ထန်းလျက် 1ပိဿာ EM 1လီတာ ၊ရေ4.5လီတာ ထည့်မိတော့ အဟာရပြည့်ဝတဲ့ ငါးအမိုင်နိုအက်စစ် ရဖို့အတွက် ဘာတွေဆက်ထည့်ရအုံးမလဲခင်ဗျာ။

You

Related questions

ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်

Hnin Nu Wai • 3 answers

တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ

မောင်ကျော်ခိုင် • 2 answers

ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်

Theint Theint Nway • 2 answers

ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ

ko saw moe oo • 2 answers

ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်

ဒေါ်ဝင်းလဲ့ဝါ • 2 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....