မျောက်ငိုသီးဆားရေစိမ်
မျောက်ငိုသီးကို ယခုအခါ တညင်းသီးအစားထိုးသီးနှံအဖြစ် စားသုံးလာကြပါတယ်။ တညင်းသီးနဲ့အနံ့အရသာဆင်တဲ့ မျောက်ငိုသီးက တညင်းသီးလိုတော့ ဘေးထွက်ဆိုးကျိုးမရှိဘဲ ကျန်းမာရေးကိုအထောက်အကူပြုတာမို့ တညင်းသီးကို မစားရမနေနိုင်သူတွေအတွက် အစားထိုးစားသုံးစရာတစ်မျိုး ဖြစ်စေမှာပါ။

မြန်မာနိုင်ငံမှာတော့ မျောက်ငိုသီးကို ကလေး၊ မော်လိုက်၊ တမူးဘက်မှာ အစိုက်များကြပြီး ဒေသခံတွေရဲ့ ပြည်တွင်းစားသုံးတာအပြင် အိန္ဒိယဘက်ကိုပါ ပြည်ပတင်ပို့မှုလုပ်ကြပါတယ်။ အသီးအတိုင်း ဟင်းချက်စားတာအပြင် ဆားရေစိမ်ပြီး ရောင်းချတာကိုပါ တွေ့ရပါတယ်။ ဒါကြောင့် ဆားရေစိမ်နည်းကို တင်ပြပေးလိုက်ပါတယ်။
ဆားရေစိမ်ဖို့ဆို ပထမဦးစွာ မျောက်ငိုသီးတွေကို အထဲကအစေ့တွေသာ ခွာယူရပါမယ်။ အစိမ်းရောင်အစေ့လေးကိုပဲ လိုချင်တယ်ဆိုရင်တော့ အစေ့အပြင်ဘက် အခွံပါးကိုပါ ခွာပေးရမှာဖြစ်ပြီး တညင်းသီးလို အရောင်လိုချင်တယ်ဆိုရင်တော့ အဲ့ဒီအခွံပါးကို ခွာပေးဖို့ မလိုပါဘူး။
အဲ့ဒီမျောက်ငိုသီးတွေကို ရေဆေးပြီး ရေတစ်ရက်နီးပါး စိမ်ထားရပါမယ်။ မိုးရေရှိရင်တော့ မိုးရေစိမ်ပေးပါ။ အဲ့ဒီလိုရေစိမ်ခြင်းက အသီးတွေကို ကြွပ်လာစေပါတယ်။ ပြီးရင် ရေတွေကို သွန်ပစ်ကာဆားနယ်ပြီး ဖုံးအုပ်ထားပေးပါ။ ဆားကိုအသီးပမာဏနဲ့ချိန်ဆကာ နယ်ပေးရပါမယ်။ ဆားပေါ့တယ်ဆိုရင် ဆားရေစိမ်ပြီး ပြန်ထည့်နိုင်ပါတယ်။
ဆားနယ်ပြီးတစ်ညထားပြီးနောက် ဆားရေစိမ်မယ့်ဘူးထဲ ပြောင်းထည့်ကာ ရေကျက်အေး(ဆူပြီးအအေးခံထားသည့်ရေ)ကို ထည့်ကာ အဖုံးလုံအောင် လေလုံး၀မ၀င်အောင်ပိတ်ထားပေးပါ။ လေမဲ့အချဉ်ဖောက်ခြင်း (Anaerobic fermentation)ဖြစ်လို့ လေမ၀င်ဖို့ အရေးကြီးပါတယ်။ ဒါမှသာအကျိုးပြုဘက်တီးရီးယားတွေထွက်လာပြီး အချဉ်ပေါက်၊ ကျန်းမာရေးအတွက် ကောင်းမွန်သော ဆားရေစိမ်ကို ရမှာဖြစ်ပါတယ်။
တစ်ပတ်လောက်ထားပြီးပြီဆိုရင်တော့ အဖုံးဖွင့်ကာ ဇွန်းသန့်သန့်နဲ့ခပ်ပြီး ဆားအပေါ့အငန်နဲ့ အသီးကြွပ်မကြွပ်ကိုမြည်းပြီး ဆားပေါ့ရင် ထပ်ထည့်ကာမွှေပေးပြီး အဖုံးပြန်အုပ်ထားပါ။ အချဉ်အရသာတော်သင့်တဲ့အနေအထားရပြီဆိုရင်တော့ ရေခဲသေတ္တာထဲထည့်ပြီး လိုသလိုစားနိုင်ပြီဖြစ်ပါတယ်။
မျောက်ငိုသီးဟာဆီးချိုရောဂါကိုသက်သာစေခြင်း၊ စိတ်ဖိစီးမှုလျော့ကျစေခြင်း၊ အရိုးပွခြင်းတို့ကိုသက်သာစေခြင်း စတဲ့အကျိုးများကို ရစေပါတယ်။ အမိုင်နိုအက်ဆစ်ပါတာကြောင့် များများစားမယ်ဆို ခံတွင်းနံ့ဆိုးတတ်တာကို သတိပြုဖို့လိုပေမဲ့ တညင်းသီးလိုမျိုး ကျောက်ကပ်ထိခိုက်ခြင်းတော့ မရှိပါဘူး။
ဒီတော့ လုပ်ရလွယ်ကူပြီး ကျန်းမာရေးဓာတ်စာလည်းဖြစ်တဲ့ မျောက်ငိုသီးကို ဆားရေစိမ်စားသုံးပြီး ခံတွင်းမြိန်ကြပါစေရှင့်..။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Hsu Myat
3 years agoအသီးပုံစံက ကောက်ကောက်ရှည်ရှည်ပါ တချို့ မကောက်တဲ့ အသီးတွေလည်းရှိပါတယ် အပင်က အပင်ကြီးြဖစ်ပြီး စိန်ပန်းပင်ပုံစံပါ အသီးတွေက တွဲလောင်းကျပြီးသီးတာပါရှင်
Hsu Myat
3 years agoဟုတ်လောက် မယ် ရှင် သူ့အသီးက လိမ်လိမ်ကောက်ကောက်ပုံစံရှိပြီး အပင်က စိန်ပန်းပင်လိုပုံစံပါ
Thi Ha Kyaw
3 years agoဟ တစ်တောင်လောက်တောင်ရှိတယ်လား အခုမသီးသေးဖူးလား ပုံလေးသေချာရိုက်ပြပါလားဗျာ
Anonymous
3 years agoမျောက်ငိုသီးဆိုတာကျမတိုဘိထ်မှာသစ်လိမ်သီးလို့ခေါ်တဲ့အသီးဖြ်စ်မယ်သူ့ရဲ့အသီးကအရှည်တစ်တောင်လောင်ရှိပြီးအလိမ်းလေးဖြစ်နေတယ်အခေါ်အဝေါ်ခြင်းမတူလို့ဖြစ်မယ်
Thi Ha Kyaw
3 years agoလိုချင်တယ်ဗျာ တစ်ခါမှလဲမကြားဖူးတော့ မတွေ့ဖူးတော့ ဘယ်လိုရှာရမှန်းလဲမသိ အသီးပုံစံနဲ့အပင်ပုံစံကို သေချာလေးရှင်းပြပေးပါလားဗျာ ဆီးချို သွေးတိုးကျမယ့် အစားအစာဆိုရင် အကုန်ကြိုက်တယ်ဗျာ သေချာလေးတာ ရှင်ပြပေးပါဗျာ
Related questions
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from စုမြတ်မြတ်မိုး
See all
ကြံကြိတ်ဖတ်ဘိုင်အိုချား (Sugarcane bagasse Biochar)
05/05/2023
ချိုချဉ်အရသာလေးနဲ့ ချဉ်စော်ကားသီး အသားခြောက်လုပ်စားရအောင်..
19/01/2023
ရှောက်၊ သံပရာတွင်ကျရောက်သော အရွက်နူထွတ် ဗိုင်းရပ်ရောဂါ
16/09/2022
ငါးအမိုင်နိုအက်စစ် လက်တွေ့အသုံးချကြည့်ခြင်းနှင့် သတိပြုသင့်သည့်အချက်များ
14/09/2022
ပင်လယ်ရေညှိ ရေမှော်များမှ သဘာဝမြေဩဇာထုတ်လုပ်ခြင်း
25/11/2021
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....