မသိသူကျော်သွား၊ သိသူဖော်စား
စိုက်ပျိုးရေးလောကတွင် ရွှေကိုမလို ရေကိုသာလိုပါသည်ဟု တင်စားပြောဆိုမှုများရှိခဲ့ပါသည်။ တစ်ကယ်တော့ သားရွှေအိုးထမ်းတာကိုမှမြင်လိုသော မိဘများ၏ မေတ္တာစေတနာကြီးမားမှုကဲ့သို့ ကျနော်တို့တောင်သူများကို ရေ နှင့်ရွှေ (၂) မျိုးစလုံးပေးနိုင်ဖို့ရာ စာရေးသူအနေဖြင့် ဝန်ထမ်းဘဝကတည်းကပင် ကြိုးစားအားထုတ်ဘူးခဲ့ပါ သည်။ ထိုစဉ်ကတွေ့ရှိချက်မှာ စာပေလေ့လာရင်း ရေလိုအပ်မှုကို ဖြည့်ဆည်းပေးနိုင်မည့် ဆီလီကာပါဝင်သော ပစ္စည်းများဖြစ်သည့် စပါးခွံဖွဲပြာပြုလုပ်ထည့်သွင်းနည်းအား တောင်သူများ လိုက်နာဆောင်ရွက်ရန် တိုက်တွန်းခဲ့ ဘူးပါသည်။ သို့သော် အများစုက လုပ်ရောင်းရန်သာ ဆန္ဒရှိသည်ကို မြင်တွေ့ခဲ့ရသည်။ ယခုအခါ ပြောင်းလဲလာ သော ခေတ်စနစ်နှင့်အညီ ပေါ်ထွက်လာသော ဆီလီကွန် (ဆီလီကာ) ပါသော ရွက်ဖျန်းအားဆေး ရည်များ၊ မြေဩ ဇာများအား လွယ်ကူစွာ ဝယ်ယူသုံးစွဲနိုင်ပြီဖြစ်သောကြောင့် မသိသူကျော်သွား၊ သိသူဖော်စားဟု ပြောလိုက်ချင် ပါတော့သည်။
သမရိုးကျ အစဉ်အလာအရ အချို့သော တောင်သူများတို့သည် မိမိတို့၏စိုက်ပျိုးမြေများကို မူလနဂိုအကောင်း အတိုင်း ပြန်လည်ရယူလိုကြကြောင်း ဆွေးနွေးပွဲတွင် ပြောကြားကြပါသည်။ သို့ရာတွင် နှစ်စဉ်စိုက်ပျိုးသောမြေ (တစ်နည်းအားဖြင့်) သက်ရှိကဲ့သို့ တည်ရှိနေသောမြေမှ စုပ်ယူသွားသော အာဟာရဓာတ်များကြောင့် မြေတွင် ကြွင်းကျန်ရစ်မည့် အာဟာရဓာတ်မရှိတော့သောကြောင့် မူလနဂိုအတိုင်းပြန်မဖြစ်တော့ပဲ မိမိတို့ထည့်သွင်းလိုက် သော ဓာတ်မြေဩဇာကိုသာ မီတင်းနေထိုင်ကြရသော သီးနှံပင်များအတွက် ရှင်သန်ကြီးထွားဖို့ရာ ရင်လေးဖွယ်ရာ ဖြစ်ပေါ်နေပါသည်။
ထို့ကြောင့် လယ်ယာစိုက်ပျိုးမြေများအပေါ်တွင် ကွင်းဆင်းလေ့လာကြည့်လျှင် အာဟာရဓာတ်ထည့်သွင်းမှု၊ ရေပေးသွင်းမှု၊ ရေထိန်းထားနိုင်မှု စသည့်လက္ခဏာရပ်များ လေ့လာသိရှိရန် မြေဆီလွှာနမူနာယူ၍ ဓါတ်ခွဲစမ်းသပ် မှုများကို (၃ - ၅) နှစ် တစ်ကြိမ် ဆောင်ရွက်ကြ၍ လိုအပ်သောပြုပြင်မှုများ ပြုလုပ်ရန် အကြံပြုတိုက်တွန်းနှိုးဆော်အပ်ပါသည်။
ဦးထင်အောင်ရှိန် (ဘိုးရာဇာ)
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဦးထင်အောင်ရှိန်
See all