အာဆင်းနစ် ပါဝင်မှု လျော့ကျရေး မဟာဗျူဟာနည်း
ဧရာဝတီတိုင်း တပေါင်းမြို့နယ်တွင် တွေ့ရှိရသော “အာဆင်းနစ်” ပြဿာနာကို ကိုင်တွယ် ဖြေရှင်းရန် အတွက် မဟာဗျူဟာနည်း (၅) ရပ်ကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရန် ဖော်ပြလိုက်ပါတယ်။ ၎င်းမဟာဗျုဟာနည်း (၅) ရပ်မှာ-
(၁) ရေသုံးစွဲမှု စနစ်တကျ စီမံ ခန့်ခွဲခြင်း။
(၂) Aerobic rice ခေါ် လေလိုစပါးမျိုးများ စိုက်ပျိုးခြင်း
(၃) AWD ခေါ် အစိုတစ်လှည့် အခြောက်တစ်လှည့် နည်းကို အသုံးပြုခြင်း
(၄) ဘောင်တင် စိုက်ပျိုးခြင်း (Rise Bed Cultivation)
(5) ဓာတ်မြေသြဇာနှင့် မြေဆီလွှာ ပြုပြင်ပြောင်းလဲခြင်း
စသည့်နည်းများကို လိုက်နာကျင့်သုံးကြရပါမည်။
(က) ရေသုံးစွဲမှု စနစ်တကျ စီမံခန့်ခွဲခြင်း
အများအားဖြင့် စပါးစိုက်တောင်သူများသည် မိမိတို့၏ စပါးပင်များကို ပေါင်းပင်မထစေရန် ရေဖြင့် ဖိနှိပ်ပေးကြပေသည်။ ၎င်းအခြေအနေတွင် ရေနှင့်မြေထဲရှိ အာဆင်းနစ်များသည် အာဆင်းနစ်များသည် လေမဲ့ အခြေအနေဖြစ်ကာ စပါးပင်နှင့် ကောက်ရိုး အသီးအနှံတို့တွင် အာဆင်းနစ်များ ရောက်ရှိစေကာ စာသုံးသူများအတွက် အန္တရာယ်ဖြစ်စေပါသည်။ ထိုကြောင့် စပါးအနှံမထွက်မီနှင့် ထွက်ပြီး (၃) ပတ် (၂၁) ရက်အတွင်း စပါးပင်များကို ရေထက်၊ လေရရှိအောင် (Aerobic condition) ပြုလုပ်ပေးကြရမည်။ ထို့အပြင် ဖော့စဖောရပ် ဓာတ်ချို့တဲ့မှုများကို ဤကဲ့သို့ ရေလျှံနေမှုတွင် ပိုမိုတွေ့ရှိရပြီး စပါးပင်အတွက် လုံလောက်သော အာဟာရ မရရှိနိုင်မှု ဖြစ်စေပါသည်။
(ခ) လေလိုစပါး (Aerobic rice) မျိုးရွေးချယ်စိုက်ပျိုးခြင်း
မြေနိမ့်ဒေသများတွင် (lowland) လေလိုစပါး (Aerobic rice) စိုက်ပျိုးရန် မသင့်တော်ပါ။ ရေမရရှိဘဲ ရေငတ်ခြင်းဒဏ်ကို မခံနိုင်သော အခြေအနေရှိသည့် ကုန်းမြင့်၊ တောင်ပေါ်ဒေသ (Upland)နှင့် သာ သင့်တော်ပါသည်။ သို့ရာတွင် ခေတ်ပေါ်စပါး (Aerobic) များကို ရှာဖွေ (ဉပမာ-တရုတ်နိုင်ငံ)ပြီး စိုက်ပျိုးပါက ဤ အာဆင်းနစ်ဒဏ်ကို ခံနိုင်စေမည် ဖြစ်ပါသည်။
(ဂ) AWD ခေါ် အစိုတလှည့် အခြောက်တစ်လှည် ရေသုံးစွဲနည်း
စပါးပင်သည် ရေကြိုက်သော အပင်ဟု အများက သတ်မှတ်ထားသော်လည်း အမှန်တကယ် တွေ့ရှိမှုများမှာ ရေလိုအပ်ပြီး အလွန်အကျွံ ထည့်သွင်းပေးမှုကို မနှစ်သက်ပါ။ ထိုကြောင့် စပါးစိုက်ပျိုးရာတွင် ပြောင်းလဲလာသော ခောတ်စနစ်နှင့်အညီ ရာသီဉတု၊ မိုးရေရရှိမှုတို့အပေါ်လိုက်၍ ရေကို အစိုတလှည့် အခြောက်တစ်လှည့် ရေသုံးစွဲနည်းစနစ်ကို ပြုလုပ်ပေးခြင်းအားဖြင့် အာဆင်းနစ်ဖြစ်ပေါ်မှုကို ကာကွယ်တားဆီးပေးနိုင်ပါသည်။ ရေကိုအမြဲတမ်း ဖုံးလွမ်းထားခြင်းသည် စပါးပင်အတွက် ပို၍ အန္တရာယ် ရှိစေပြီး အာဆင်နစ် ဖြစ်ပေါ်မှု ဒဏ်ကိုလည်း ဆိုးရွာစွာ ခံစားရပါသည်။
(ဃ) ဘောင်တင်စိုက်ပျိုးခြင်း
အထူးသဖြင့် ရေကို လိုသလို ထိန်းချုပ်နိုင်သော ဒေသများတွင် စပါးစိုက်ပျိုးရာ၌ ဘောင်တင်ခြင်း နည်းဖြင့် စိုက်ပျိုးပါက ဤကဲ့သို့ အာဆင်းနစ်ဖြစ်ပေါ်မှုကို လျော့နည်း ကျဆင်းစေပြီး စပါးအစေ့အဆံများတည်ခြင်း၊ သီးပွင့်ခြင်းနှင့် အထွက်နှုန်းများကို တိုးပွား၍ အာဆင်းနစ် စုပ်ယူစားသုံးမှုကို လျော့ကျစေသည်။
(င) ဓာတ်မြေသြဇာနှင့် မြေဆီလွှာ ပြုပြင်ပြောင်းလဲခြင်း
ဤကဲ့သို့ အာဆင်းနစ်ပေါများသော ဒေသများတွင် ဆန်စပါး စိုက်ပျိုးထုတ်လုပ်ရာ၌ အသုံးပြုသင့်သော ဓာတ်မြေသြဇာမှာ Silicon (ဆီလီကွန်) ပါဝင်သော ဓာတ်မြေသြဇာကို အသုံးပြုရမည်။ အဘယ်ကြောင့်ဆိုသော် ဤဆီလီကွန်ပါဝင်သော ဓာတ်မြေသြဇာများသည် စပါးပင်ကို ထိခိုက်ပျက်စီးစေမည့် အာဆင်းနစ်စုစည်းမှုများကို လျော့ချပေးပြီးစပါးပင်အတွက် လိုအပ်သော ဖောစဖိတ်ဓာတ်ကို ရရှိစေသော သတ္တိများကို ရရှိစေပါသည်။
သို့ရာတွင် ဖော့စဖိတ်ဓာတ်မြေသြဇာများ အလွန်အကျွံ သုံးစွဲမှုကို အာဆင်းနစ်စပါးခင်းများ၌ သုံးစွဲမှု ရှောင်ကြဉ်ရမည်။ ဆီလီကွန်ကဲ့သို့ ဆာလဖာပါဝင်သော မြေသြဇာ များကိုလည်း သုံးစွဲပေးခြင်းအားဖြင့် ၊ အာဆင်းနစ် စုစည်း ဖြစ်ပေါ်မှုကို ထိန်းချုပ်ပေးပြီး စပါးအထွက်နှုန်း လျော့နည်းမှုကို ကာကွယ်ပေးသည့် သုတေသနများ စမ်းသပ်တွေ့ရှိရသည်။
ထို့ကြောင့် ဆန်စားသုံးသူများအတွက် ‘အစာလည်း ဆေး ဆေးလည်း အစာ’ဟူသော ဆောင်းပုဒ်နှင့်အညီ ဤကမ္ဘာပေါ်တွင် နေထိုင်ကြသူများ အားလုံးတို့သည် စိုက်ပျိုးထုတ်လုပ်ကြသူများမှ စားသုံးသူများအတွက် စားနပ်ရိက္ခာ လုံခြုံစိတ်ချရသော ကဏ္ဍ (၂) ရပ်လုံးအတွက် စိုက်ပျိုးပညာရှင်များ တာဝန်အရ မိမိတို့နှင့် တိုက်ရိုက်သက်ဆိုင်သော တာဝန် (တစ်နည်းအားဖြင့်) ဒီတာဝန်ကို မလုပ်ရင် ထိခိုက်မည့်သူဟာ မိမိဖြစ်နေပါလားဟု ဆင်ခြင်သုံးသပ်မိသောကြောင့် နည်းပညာရပ်များကို ဖြန့်ဝေပေးသော (Green Way) မှ တစ်ဆင့် ရေးသားဖော်ပြပေးလိုက်ရပါတယ်။
ဉီးထင်အောင်ရှိန် (မြေဆီလွှာ သိပ္ပံနှင့် မြေသြဇာ ပညာရှင်)
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဦးထင်အောင်ရှိန်
See all