စကားပြောသောစိုက်ပျိုးမြေများ
“အရင်းစစ်တော့အမြစ်မြေက”
ဤကမ္ဘာပေါ်တွင် နေထိုင်ကြသူများအားလုံးတို့အတွက် စားဝတ်နေရေး(၃) ပါးတို့တွင် အဓိကဖြစ်သည့် “စားရေး” ကို နေ့စဉ် မှီဝဲနေကြရပေသည်။ ၎င်း”စားရေး” ခေါ် ရိက္ခာလုံခြုံရေး(Food Safety) အတွက် ကမ္ဘာကုလသမဂ္ဂအပါအဝင် နိုင်ငံအသီးသီးတို့က နှစ်စဉ် အောက်တိုဘာလ (၁၆) ရက်နေ့ကို ကမ္ဘာ့စားနပ်ရိက္ခာနေ့( World Food Day) အဖြစ်ကျင်းပလေ့ရှိပါသည်။ ထို့ကြောင့် သီးနှံပင်များ၏ အဓိက အခန်းကဏ္ဍမှ ပါဝင်သော အမြစ်(Roots) များသည် မည်၍ မည်မျှ အရေးကြီးကြောင်းကို ယနေ့ စိုက်ပျိုးရေး လုပ်ငန်း အကောင်အထည်ဖော်နေကြသူများက အသိဆုံးပင်ဖြစ်ပါသည်။
မြေဆီလွှာပြဿနာရပ်များ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးတွင် မြေမျိုးကြီး (၂၄) မျိုးရှိပြီး ၎င်းတို့အထဲမှ အဓိက (၉) မျိုးအပေါ်တွင် စိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်လျှက်ရှိကြပါသည်။ ၎င်းမြေ(၉)မျိုးမှာ နီညိုတောမြေ၊ ဝါညိုတောမြေ၊ ဂဝံမြေဟုခေါ်သော မိုးရေချိန်များသောဒေသများတွင် တွေ့ရှိရေသာ မြေ (၃) မျိုး၊ မြေနီသဲဝန်း၊ မြေဝါသဲဝန်းနှင့် စနယ်မြေခေါ် မိုးရေချိန်နည်းသော အပူပိုင်းဇုံဒေသများတွင် တွေ့ရှိရသော မြေမျိုး(၃) မျိုးတို့နှင့် မြေနီ၊ မြေဝါ၊ လယ်မြေ(၃) မျိုးတို့ဖြစ်ကြပြီး စုစုပေါင်းမြေမျိုး(၉) မျိုးကို သေချာစွာ မှတ်သားထားသင့်ပါသည်။
၎င်းမြေအမျိုးအစားများတွင် မြေဆီလွှာ ပြဿနာရပ်များကိုမြင်တွေ့ကြရသော်လည်း ယခုဖော်ပြမည့် မြေဆီလွှာ ပြဿနာများ ဆားပေါက်မြေ၊ ဆပ်ပြာပေါက်မြေနှင့် ဆား-ဆပ်ပြာပေါက်မြေများ တွေ့ကြုံနေရသော အပူပိုင်းဇုံ ဒေသ (တနည်းအားဖြင့်) မိုးနည်းသောဒေသများအကြောင်းကို ရေသားတင်ပြလိုက်ပါသည်။
အပူပိုင်းဇုံရှိ မြေဆီလွှာပြဿနာ (၃)မျိုး
(၁) ဆားပေါက်မြေများ
(၂) ဆား-ဆပ်ပြာပေါက်မြေများနှင့်
(၃) ဆပ်ပြာပေါက်မြေတို့ ဖြစ်ကြသည်။
ကွင်းဆင်းအတွေ့အကြုံများအရ အညာဒေသသီးနှံစိုက်ပျိုးထုတ်လုပ်သူများ၏ မြေများသည် မြေဆီလွှာတစ်ခု တွင် ရှိသင့်ရှိထိုက်သော ဂုဏ်သတ္တိ(၃) မျိုးတို့မှာ အားနည်းချို့ယွင်းနေသောကြောင့် ဆွေးနွေးပွဲများတွင် ဤကဲ့သို့ ကြားသိခဲ့ရပြီးနောက် ဖြေရှင်းပေးခဲ့ရပါသည်။ ဥပမာ - မြင်းခြံမြို့နယ်၊ ကန်ချောရွာကျေးရွာအုပ်စုမှ ဦးဇော်လွင် သိန်း မေးမြန်းသောမေးခွန်းကို ဖော်ပြလိုက်ပါသည်။ သူ၏မေးခွန်းများမှာ “စပါးစိုက်ပျိုးရာတွင်မြေဆီလွှာ အချဉ်ဓါတ်လွန်ကဲနေခြင်း၊ အချို့သောမြေများတွင် အငန်ဓါတ်များလာခြင်း၊ သီးထပ်စိုက်ပျိုးခြင်းကြောင့် မလို လားအပ်သော ရောဂါနှင့် ပိုးမွှားများလာခြင်း၊ ရေသိုလှောင်မှုကြောင့် မြေဆီလွှာနှင့် သီးနှံများပျက်စီးရခြင်း တို့ကြောင့် မိမိတို့၏မြေဆီလွှာများထုတ်လုပ်မှု မကျဆင်းစေရန်အတွက် မည်သို့ပြုပြင်ပြီး၊ မြေသြဇာထည့်သွင်း နည်းများ၊ မြေဆီလွှာထိန်းသိမ်းခြင်းနည်းများ………….သိလိုပါသည်။ အလားတူ တောင်သူများမှ (ဂွေးချို ကျေးရွာ၊ ဓူဝံရွာ၊ လေးရွာဆုံ၊ လယ်သစ်၊ ကံပေါက်၊ ပေတော၊ ကံဦး၊ ကျီးပင်ကန်၊ ဆားခါးဆုံရွာ၊ ကျောက်ကန်၊ ရွှေပေါ်ကျွန်း၊ နဘူးအိုင်) ကျေးရွာအုပ်စုများတွင်လည်း မြေဆီလွှာပြဿနာရပ်များ တွေ့ကြုံနေကြရကြောင်း မေး မြန်းခဲ့ကြပါသည်။
ဆားပေါက်မြေ
ဆားပေါက်မြေဆိုသည်မှာ အပင်များကြီးထွားမှုကို နှောက်ယှက်ပေးသော (ဘိုဒီယမ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ကလိုရင်းနှင့် ဆာလဖိတ်) ဓာတ်များလုံလောက်စွာ ပါဝင်ကြပြီး၊ အပူချိန် ၂၅ဒီဂရီစင်တီဂရိတ်တွင် လျှပ်ကူးနှုန်း (EC) သည် 4 ds/m (သို့) 4milli/cm ထက်များနေပြီး၊ ဖလှယ်နိုင်သော ဆိုဒီယမ် (ESP) ပမာဏသည် ၁၅% ထက်နည်းသောမြေများကို ဆားပေါက်မြေများဟု သတ်မှတ်ပါသည်။ ဆားပေါက်မြေ (၂) မျိုးတွေ့ရှိရသည်။
(က) အပူပိုင်းဇုံဒေသရှိ (Acid Saline Soil)
(ခ) မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသရှိ ( Humus Saline Soil)တို့ဖြစ်ကြသည်။
ဥပမာ။ ။ ဆားပေါက်မြေများတွင် စိုက်ပျိုးထားသော စပါးပင်များတွင် နိုက်ထရိုဂျင်၊ ဖော့စဖောရပ် များတွင် တွေ့ရသည်။ ထို့အပြင် (Fe) သံဓါတ်အဆိပ်သင့်ခြင်းနှင့် ဖော့စဖိတ် (P) ဓါတ် ချို့တဲ့ခြင်းများကို (Acid Saline Soil) များတွင် တွေ့ရှိရပြီး၊ N, P, Zn, Cu ခေါ် (နိုက်ထရိုဂျင်, ဖော့စဖောရပ်, ဇင့်, ကော့ပါး) ချို့တဲ့ခြင်းများနှင့် Organic ပစ္စည်းများ အဆိပ်သင့်မှုကို ကမ်းရိုးတန်းခဲမြေ(Coastal peat soil) များတွင် အများဆုံးတွေ့ရသည်။
ဆပ်ပြာပေါက်မြေ
ဆပ်ပြာပေါက်မြေဆိုသည်မှာ ဖလှယ်နိုင်သောဆိုဒီယမ် (ESP) ပါဝင်မှုပမာဏသည် ၁၅%ထက်သာလွန်နေခြင်း၊ ph မှာ ၈.၅ - ၁၁ တွင်းရှိခြင်း၊ ဆိုဒီယမ်ကာဘွန်နိတ်၊ ကယ်လ်စီယမ်ကာဘွန်နိတ်နှင့် ဆီလီကာများ ပျော်ဝင် ပျောက်ဆုံးခြင်း၊ နိက်ထရိုဂျင် (N) နှင့် ဖော့စဖောရပ်(P) ချို့တဲ့နေပြီး၊ မြေစေး နှင့် Organic Matter (OM) များ ပြန့်ကြဲကာ ဆပ်ပြာပေါက်မြေများသည် ရေစိုလျှင် စေးကပ်၍ ခြောက်သွေ့လျှင် မာကြောကာ၊ ရေစိမ့်ဝင်မှုညံ့ဖျင်း ခြင်း၊ ရေပျံ့နှံ့မှု ညံ့ဖျင်းသောမြေများကို “ဆပ်ပြာပေါက်မြေ” များဟုခေါ်သည်။
ဆားပေါက်မြေ၊ ဆပ်ပြာပေါက်မြေပြုပြင်နည်း
အထက်ဖော်ပြပါ မြေဆီလွှာပြဿနာများထဲမှ ဆားပေါက်မြေများနှင့် ဆပ်ပြာပေါက်မြေပြဿနာရပ်များ တွေ့ကြုံ နေရသော သီးနှံစိုက်တောင်သူများအတွက် မြေဆီလွှာပြုပြင်နည်းကို မျှဝေပေးလိုပါသည်။
ဖော်ပြပါ လက္ခဏာရပ်များအရ အဆိုပါမြေရှိ ဆားများဆပ်ပြာများကို ဂျစ်ပဆန် (ခေါ်) ကျောက်မှုန့်ထည့်သွင်း၍ ရေဖြင့်ဆေးချပေးမှသာ (မိုးရေ၊ ဆည်ရေ၊ မြစ်ရေ,…..စသည်ဖြင့်) ၎င်းမြေရှိ ဆားများ၊ ဆပ်ပြာများ ရေနှင့်အတူ မျောပါသွားပြီး မြေဆီလွှာတည်ဆောက်မှုကောင်းသော ကယ်လ်ဆီယမ်ဓါတ် (ထုံး) ဖြင့် မြေသား တည်ဆောက်မှု ပြုရပါမည်။ ၎င်းထုံး ခေါ် ကယ်လ်စီယမ်ဓါတ်သည် ဖြေးဖြေးနှင့်မှန်မှန်ထုတ်လွှတ်သော (Sloe releax) ဖြစ်သော ကြောင့် သီးနှံမစိုက်မီ တွေ့ကြုံနေရသော မိမိတို့မြေဆီလွှာ ပြဿနာရပ်ကို ကြိုတင် (သီးနှံမစိုက် မီ) ၍ ပြုပြင်ပေး ကြရမည်။
တစ်ဧကအတွက် ထည့်သွင်းရမည့် ကျောက်မှုန့်ပမာဏသည် မိမိ၏စိုက်ခင်းအတွင်း ဖလှယ်နိုင်သော ဆိုဒီယမ်နှင့် ဓါတ်ဖိုဖလှယ်နိုင်စွမ်းအားတို့ပေါ်မူတည်၍ တွက်ချက်ထည့်သွင်းပြုပြင်ပေးရမည်။ အကြမ်းဖျင်းအားဖြင့် ကျောက် မှုန့်ကို တစ်ဧကလျှင် ၁၀, ၂၀, ၃၀ ပိဿနှုန်း (တစ်နည်းအားဖြင့်) ၁၆,၃၂,၅၀ ကီလိုဂရမ်နှုန်း ဖြင့် ထည့်သွင်းကာ ရေဆေးခြင်းကို ပြုလုပ်ပေးရပါမည်။ သို့မှသာ မိမိတို့၏တွေ့ကြုံနေရသော (အထူးသဖြင့်) အပူပိုင်းဇုံ ဒေသများ နှင့် အချို့သောသီးနှံများ (ဥပမာ - မြေပဲ၊ ကြက်သွန်နီ၊ စပါး၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံအချို့) တို့တွင် ကျောက်မှုန့်ကို မြေသြဇာပြုပြင်ခြင်း၊ သီးနှံပင်လိုအပ်သော အဟာရဓါတ်ပံ့ပိုးပေးခြင်းတို့ ပြုလုပ်ခြင်းအားဖြင့် ဆားပေါက်၊ ဆပ်ပြာပေါက်မြေများတွင် သီးနှံစိုက်ပျိုးရန် အခက်အခဲတွေ့ကြုံနေကြရသူများအား နည်းပညာ ဖြန့် ဝေပေးသော( Green Way) အဖွဲ့၏အစီအစဉ်ဖြင့် စေတနာ၊ ဂရုဏာ၊ ဝါသနာ၊ အကြင်နာ တရားတို့ကို အလေး ထား၍ဖြေကြားပေးလိုက်ပါသည်။
ဦးထင်အောင်ရှိန်(ဘိုးရာဇာ)
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဦးထင်အောင်ရှိန်
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....