အစားအသောက်များ တာရှည်ခံမည့်နည်းလမ်းများတီထွင်ခဲ့သူ (သို့) ပန်နင်တန်
စိုက်ပျိုးမွေးမြူရေးနှင့်ကမ္ဘာကြီးကို ပြောင်းလဲခဲ့သောအမျိုးသမီးများ(၂)
ကျွန်တော်တို့ အခုအချိန်မှာ အစားအသောက်တွေ ရက်ပေါင်းများစွာကြာအောင် အထားခံ စားသုံးနိုင်နေတာ၊ နိုင်ငံခြားကအစားအသောက်တွေ၊ အသားငါးတွေကို အလွယ်တကူ မှာယူစားသုံးနိုင်တာတွေရဲ့ ကျေးဇူးရှင်က ဘယ်သူလဲဆိုရင် သိကြမလား?
သူကတော အမျိုးသမီးတစ်ဦးပါ။ တိတိကျကျပြောရရင် အမေရိကန်အမျိုးသမီးတစ်ဦးပါ။ သူ့ရဲ့တီထွင်ဆန်းသစ်နိုင်ခဲ့မှုတွေက အစားအသောက်ကဏ္ဍကြီးကို တစ်ဆစ်ချိုးပြောင်းလဲနိုင်ခဲ့တယ်အထိ ဖြစ်စေခဲ့တယ်လို့ ရည်ညွှန်းမယ်ဆိုရင်တောင် မလွန်ပါဘူး။

ဒီတော့ သူမဟာ ဘယ်လိုတွေကြိုးစားပြီး ဘာတွေတီထွင်ဖန်တီးနိုင်ခဲ့တာလဲ လေ့လာကြည့်ရအောင်...။
အသက် ၈ နှစ်အရွယ်မှာ ဆေးပညာဓာတုဗေဒစာအုပ်တစ်အုပ်ကိုဖတ်မိလိုက်ခြင်းက မေရီအန်ဂဲလ်ပန်နင်တန် ဆိုတဲ့ အမျိုးသမီးလေးတစ်ဦးကို သိပ္ပံပညာက ညှို့ယူဖမ်းစားသွားစေခဲ့တာပါ။ ဒါကပဲ သူမကို ပန်ဆယ်ဗေးနီးယား သိပ္ပံတက္ကသိုလ်မှာ ဓာတုဗေဒနဲ့ ဇီဝဗေဒတွေကို သင်ယူစေဖို့ တွန်းပို့ပေးလိုက်တာပါပဲ။
ဒီလိုဆိုပေမဲ့ ပန်နင်တန်တစ်ယောက် အစပိုင်းမှာတော့ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်လေးပဲရလိုက်ပါတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီအချိန်တုန်းက တက္ကသိုလ်တွေက အမျိုးသမီးကျောင်းသူတွေဆိုရင် ဘွဲ့ဒီဂရီတွေ မပေးကြလို့ပါပဲ။
ဒီလိုအတားအဆီးက ပန်နင်တန်ကို ရပ်တန့်သွားအောင်တော့ မစွမ်းသာခဲ့ဘဲ သူမ အသက် ၂၂ နှစ်အရွယ်မှာတော့ အဲ့ဒီကျောင်းကနေပဲ Ph.D ဒေါက်တာဘွဲ့ကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အလုပ်ရှာတဲ့အချိန်မှာကျ ပန်နင်တန်တစ်ယောက် အခက်အခဲတွေ ဖြစ်ရပြန်ကော။ ဒါကြောင့် သူမဟာ ပန်ဆယ်ဗေးနီးယားဆေးပညာဓာတ်ခွဲခန်းဆိုတဲ့ ဓာတ်ခွဲခန်းတစ်ခုကို ကိုယ်ပိုင်တည်ထောင်လိုက်ပြီး ဘက်တီးရီးယားဆိုင်ရာ ဓာတ်ခွဲစမ်းသပ်မှုတွေ ပြုလုပ်ပါတော့တယ်။ ၁၉၀၅ ခုနှစ်မှာတော့ သူမဟာ အမေရိကန်စိုက်ပျိုးရေးဓာတုဗေဒ ဗျူရိုဌာန (လက်ရှိတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဌာနဟု သိကြသည့်ဌာန) မှာ အလုပ်ရခဲ့ပြီး တောင်သူတွေအနေနဲ့ နို့အစိမ်း(မကျိုချက်ရသေးတဲ့) တွေ ကိုင်တွယ်အသုံးချခြင်းနဲ့ပတ်သက်ပြီး ပညာပေးမှုတွေမှာ တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။
ဒီလိုမျိုး သူမတူအောင်စွမ်းဆောင်နိုင်မှုတွေက တစ်နှစ်အကြာမှာပဲ သူမကို အဲ့ဒီဌာနရဲ့အစားအသောက် သုတေသနဆိုင်ရာဓာတ်ခွဲခန်းမှူး ဖြစ်လာစေပါတော့တယ်။
ပန်နင်တန်ရဲ့လမ်းညွှန်ဦးဆောင်မှုတွေအောက်မှာ သူမရဲ့ ဓာတ်ခွဲခန်းဟာ ကြက်သားတွေကိုအန္တရာယ်ကင်းဘေးရှင်းစွာသိမ်းဆည်းသိုလှောင်နိုင်ရေး၊ လတ်ဆတ် တဲ့အစားအသောက်တွေ မပုပ်မသိုးစေရေးနဲ့ နို့တွေ ဘက်တီးရီးယားတွေကြောင့် ပျက်စီးမသွားဖို့အရေး စတာ တွေကို ကိုယ်တွယ်ထိန်းချုပ်နိုင်မဲ့ နည်းလမ်းသစ်တွေ ဖော်ထုတ်ချမှတ်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဒါတွေကို အစားအသောက်တွေ ကိုင်တွယ်အသုံးချရေးနယ်ပယ်ကြီးနဲ့ ကိုက်ညီအသုံးချနိုင်အောင်လည်း လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။
၁၉၁၉ ခုနှစ်မှာတော့ အအေးခန်းဆိုင်ရာနဲ့ပတ်သက်လို့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ချင်တဲ့ဆန္ဒတွေကြောင့် ပြည်သူ့ဝန်ထမ်းဘဝကနေ ထွက်ခွာဖို့ သူမဆုံးဖြတ်ခဲ့ပါတယ်။ ဒီ့နောက် နှစ်နှစ်အကြာမှာတော့ ပန်နင်တန်ဟာ ကိုယ်ပိုင်အကြံပေးလုပ်ငန်းအဖွဲ့တစ်ခုတည်ထောင်ပြီး မပျက်စီးမပုပ်သိုးနိုင်အောင်ထိန်းထားနိုင်တဲ့ စတိုခန်းတွေ ဖန်တီးရေး၊ ပျက်စီးပုပ်သိုးလွယ်တဲ့အစားအသောက်တွေကို သင်္ဘောနဲ့တင်ပို့နိုင်ရေး စတာတွေကို လုပ်ဆောင်နိုင်မဲ့ အမျိုးသားအဆင့်စံနှုန်းသတ်မှတ်ချက်တွေကို တီထွင်ဖော်ထုတ်ခဲ့ပါတော့တယ်။
ဒါ့အပြင် သူမဟာ စက်မှုနိုင်ငံတွေဆီခရီးထွက်ခဲ့ပြီး အအေးခန်းကားတွေ၊ အအေးခန်းအဆောက်အဦတွေနဲ့ ရေခဲသေတ္တာအကာတွေအတွက် စံနှုန်းသတ်မှတ်ချက်တွေကိုပါ ထုတ်ဖော်ဖန်တီးခဲ့ပါတယ်။
အစားအသောက်တွေ တာရှည်ခံအောင်ထိန်းသိမ်းခြင်းနဲ့ အေးခဲခြင်းလုပ်ငန်းတွေမှာ ကျွမ်းကျင်ပညာရှင်တစ်ဦးအဖြစ် ချီးကျူး ဂုဏ်ပြုမှုတွေရလာတဲ့ ပန်နင်တန်ဟာ သူမရဲ့တီထွင်မှုတွေဖြစ်တဲ့ အသားတိုးကြက်အအေးခံစင်၊ စားသောက်ကုန်တွေပိုးသတ်ခြင်းနည်းလမ်းနဲ့ ဥတွေကို တာရှည်ခံစားသုံးနိုင်အောင် ဆေးစီရင်တဲ့နည်းလမ်းတွေကို မူပိုင်ခွင့် မှတ်ပုံတင်ခဲ့ပါတယ်။ ဥတွေကို ဆေးစီရင်တဲ့နည်းလမ်းကတော့ သူမရဲ့အကောင်းတကာ့အကောင်းဆုံး တီထွင်နိုင်မှုဖြစ်ပြီး နိုင်ငံရဲ့ ‘ထင်ပေါ်ကျော်ကြားတီထွင်ပညာရှင်များခန်းမ’မှာ ထည့်သွင်းဂုဏ်ပြုခံရတဲ့အထိ ဖြစ်သွားစေတာပါ။
ပန်နင်တန်ရဲ့တီထွင်မှုတွေဟာ အစားအသောက်ထောက်ပံ့ရေးနဲ့ ဖြန့်ဝေရေးစနစ်ကြီးအတွက် တော်လှန်ပြောင်းလဲမှုကြီးဖြစ်စေခဲ့ပြီး ဒီအတွက်လည်း သူမဟာ အသိအမှတ်ပြုဆုပေါင်းများစွာ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ သူမရဲ့တီထွင်ဖန်တီးနိုင်ခဲ့မှုတွေနဲ့ယှဉ်မယ်ဆိုရင်တော့ ဂုဏ်ပြုခံရမှုတွေက လုံတောင်မလုံလောက်ခဲ့ဘူးလို့ ဆိုနိုင်ပါတယ်။
ဒီနောက်မှာတော့ ပန်နင်တန်ဟာ သူမရဲ့ နောက်ဆုံးနေ့အထိတိုင်အောင် အမေရိကန်အအေးခန်းဆိုင်ရာသိပ္ပံအဖွဲ့ ရဲ့ အကြံပေးနဲ့ ဒုဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်သွားခဲ့ပါတယ်။
ဒီတော့ ဆောင်းပါးအဖွင့်မှာပြောခဲ့သလို ကျွန်တော်တို့ အခုအချိန်မှာ အစားအသောက်တွေ ရက်ပေါင်းများစွာကြာအောင် အထားခံစားသုံးနိုင်နေတာ၊ နိုင်ငံခြားကအစားအသောက်တွေ၊ အသားငါးတွေကို မှာယူစားသုံးနိုင်တာတွေရဲ့ ကျေးဇူးရှင်က ဘယ်သူလဲဆိုရင်တော့ မေရီအန်ဂဲလ်ပန်နင်တန်ဆိုတဲ့ ဒီအမျိုးသမီးကြီးကို ညွှန်ပြပြောဆိုဖို့ကလွဲပြီး တခြားမရှိနိုင်တော့ပါဘူး။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဇင်ဘိုလွင်
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....