စိုက်ပျိုးရေးဖွံ့ဖြိုးမှုအတွက် လယ်ကွင်းပြင်ပကို ထွက်ကြည့်ပေးကြပါ
- နည်းပညာချဉ်းကပ်မှုဖြင့် လယ်ယာထွက်ကုန်အရေအတွက်နှင့် အရည်အသွေးကို တိုးစေသည်။
- လယ်ယာစီးပွားရေးလုပ်ငန်း (Agribusiness) ချဉ်းကပ်မှုဖြင့် လယ်ယာမိသားစု၏ ဝင်ငွေထွက်ငွေ လိပ်ပတ်လည်စေမှုနှင့် လယ်ယာလုပ်ငန်းမှဝင်ငွေကို တိုးစေမည်။
- လယ်ယာမြေမှ ပို့ကုန်ဆိပ်ကမ်းအထိ ထုတ်ကုန်တန်ဖိုးကွင်းဆက်များကို ဆက်စပ်ပြုပြင်ပေးသော ချဉ်းကပ်မှုဖြင့် လယ်သမားမိသားစုသာမက နိုင်ငံအလိုက်ပါ ပို့ကုန်တိုးမြှင့်စေမည်။
- မက္ခရိုစီးပွားရေးဝန်းကျင်ကို ပြုပြင်ပေးသော ချဉ်းကပ်မှုဖြင့်လယ်ယာထွက်ကုန်၏ နိုင်ငံတကာယှဉ်ပြိုင်စွမ်းအားကို တိုးမြှင့်စေမည်။
- အထက်ပါ ပြုပြင်ပြောင်းလဲရေးအားလုံး၏ သော့ချက်သည် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနယ်ပယ်၌ စူးဝင်နေသည်ကို အဆုံးသတ်၌ တွေ့ရတော့သည်။
ယခုအခါ စိုက်ပျိုးရေးလောကအဖို့ အထွက်တိုးရေး နည်းပညာနယ်ပယ်တစ်ခုအတွင်းမှာသာ ကျင်လည်ကျက်စားဆောင်ရွက်ရုံဖြင့် မရနိုင်တော့သည့် အခြေအနေကို ဆိုက်ရောက်နေသည်။ လယ်ကွင်းထဲက ပြဿနာရော ကန်သင်းပြင်ပပြဿနာများကိုပါ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်လာသည်။

စိုက်ပျိုးရေးသမားများအဖို့ ရာထူးတာဝန် အဆင့်မြင့်လာသည်နှင့်အမျှ ရင်ဆိုင်ကိုင်တွယ်ရမည့် ပြဿနာနယ်ပယ် ကျယ်ဝန်းလာပါတော့မည်။ စိုက်ပျိုးရေးအမှုထမ်းတစ်ဦးက လယ်သမား၏လယ်ယာမြေခြံတံခါးဝ၌ သီးနှံရိတ်သိမ်းပြီးလျှင် မိမိတို့တာဝန် ပြီးဆုံးပြီဟု ကန့်သတ်လိုက်လျှင် မှားပါလိမ့်မည်။ စိုက်ပျိုးရေးဌာနကြီးတစ်ခုလုံး၏ ညွှန်ချုပ်၊ ညွှန်မှူး အဆင့်ဆင့်ပုဂ္ဂိုလ်အများအပြားက ဤသဘောထားမျိူး စွဲကိုင်ထားခဲ့ကြသည်ကိုလည်း ကြားခဲ့ ကြုံခဲ့ရဖူးပါသည်။ ယခုအခါ ထိုအမြင်၊ ထိုအစွဲမျိုးကို စိုက်ပျိုးရေး မျိုးရိုးစဉ်ဆက်ပါမသွားအောင် ချေဖျက်ဖို့လိုပါသည်။
အမိန့်ပေးစီးပွားရေးစနစ် (Command Economy) ကို စွဲကိုင်ပြီး နိုင်ငံ၏သေနာပတိက လက်အောက်ခံ နယ်စားပယ်စား တိုင်းမှူးများကို အထွက်တိုးရေးခွဲတမ်းများနှင့် လျာထားချက်များ ချပေးပြီး ခိုင်းစေလာရာ ထပ်ဆင့်ပြီး လက်အောက်ခံ စိုက်ပျိုးရေးအရာရှိများက တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့်ဆင့် သီးနှံအထွက်တိုးရေးတာဝန်ကို ထမ်းဆောင်ကြရသည်မှာ နှစ်ကာလ (၃၀) ကျော်ခဲ့ပါပြီ။
အထွက်တိုးရေးကို ကိုယ့်အစီအစဉ်နှင့်ကိုယ် လုပ်ခြင်းမျိုးမဟုတ်ပဲ အမိန့်ပေးကွင်းဆက်များအတိုင်း လူကြီးနောက် တကောက်ကောက် လိုက်ပြီး ဆန်စင်ရာ ကျဉ်ပွေ့လိုက်ရသောအလုပ်မျိုးကို တင်ပြခဲ့ကြရသည်။ ဖြေရှင်းချက်ပေးကြရသည်။
ဈေးကွက်မောင်းနှင်အားကို အလေးမထားပဲ လျာထားချက် ပြည့်မီရေးအတွက် အထက်၏ဖိအားကို ရှောင်ကွင်းနိုင်သည့် ကိန်းဂဏန်းများကိုကစားပြီး အထွက်တိုးရေးကို ဟန်ပြသရုပ်ဖေါ်ကြရသည်။ လူကြီးလမ်းကြောင်းတလျှောက် မြို့ဝင်မြို့ထွက် စံပြကွက်များထူထောင်ခြင်းသည် ၎င်းတို့၏အရေးကြီးသော လုပ်ငန်းဖြစ်နေသည်။
အများစုမှာ ဤအတိုင်း အကျင့်ပါသွား၍ နှစ်ကာလကြာလာသော် ခေါက်ရိုးကျိုးအကျင့်စရိုက်များသည် စိုက်ပျိုးရေးမျိူးရိုးထဲ စွဲကပ်သွားတော့သည်။
စိုက်ပျိုးရေးတာဝန်ခံအများစုသည် စပါးစိုက်ပျိုးရေး သိပ္ပံပညာရပ်များကို လေ့လာလိုက်စားမှု များပါသည်။ အထက်လူကြီးများကလည်း မေးတတ်သည်။ အထက်မြန်မာပြည် ယာသီးနှံလွှမ်းမိုးသော မြို့နယ်အနည်းစုမှလွဲ၍ စပါးမှတပါး အခြားသီးနှံအပေါ်အလေးအနက် ဆောင်ရွက်ခြင်းမရှိသည်ကို သတိပြုမိပါသည်။
ဥပမာ - မြေပဲစိုက်ဧက အများဆုံးရှိနေသောမြို့နယ်တစ်ခုတွင် စိုက်ပျိုးရေးဌာနက မြေပဲအတွက် နည်းပညာဘတ်ဂျတ် ခွဲတမ်းချထားသည်မှာ နည်းနေတတ်သည်။ စပါးကိုသာ ဒေသတွင်းဖူလုံရေးအတွက် အလေးထားဆောင်ရွက်နေတတ်သည်။
ပို့ကုန်တိုးမြှင့်ရေးအတွက် အရေးကြီးသော မဟာဗျူဟာမှာ သီးနှံ သားငါး အမည်စုံ ထုတ်လုပ်နိုင်ရေး ဖြစ်သည်။ ဤအချက်ကို မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးကတည်းက ရေးဆွဲခဲ့သော ပြည်တော်သာစီမံကိန်းတွင် အလေးအနက်ပြောခဲ့သည်။ နောင်ခေတ်အဆက်ဆက်မှာလည်း သီးနှံ သားငါး အမည်စုံ ထုတ်လုပ်ရန် တိုက်တွန်းရေးသားခဲ့ကြသည်။
နှစ် (၅၀) ကျော်ကြာမှ သိသိသာသာအပြောင်းအလဲဆိုလျှင် စပါးအပြင် ပဲမျိုးစုံ ပို့ကုန်တိုးလာသည်သာ ရှိသည်။ ရေထွက်ကုန်တွင် တိုးတက်လာသည်။ ကျန်ရှိသီးနှံကဏ္ဍစုံကား ဖွံ့ဖြိုးမှုအပြိုင်းအရိုင်း ပေါ်မလာသေးပါ။
လက်ရှိစိုက်ပျိုးရေးဌာန၏ ဖွဲ့စည်းတည်နေပုံနှင့် စွမ်းရည်မြှင့်တင်မှုများသည် ဈေးကွက်၏ ပြောင်းလဲနေမှုအလျဉ်ကို အမှီဖြည့်ဆည်းလိုက်ပါနိုင်စွမ်း နည်းနေသည်ကိုသတိထားမိပါသည်။ စိုက်ပျိူးရေး နည်းပညာ သက်သက်သာ ဦးဇောက်ချထားသည်။ တန်ဖိုးကွင်းဆက်ဆိုင်ရာ ကိစ္စရပ်များ ပေါ်လာ၍ ဆက်စပ်ဌာနများက ညှိနှိုင်းရန် အစည်းအဝေးခေါ်ရာတွင် မိခင်ဌာနက ကြုံရာဝန်ထမ်းကို စေလွှတ်တတ်ပါသည်။
ဤအဖြစ်ကိုရှောင်ရှားရန် လယ်ယာစီးပွားဘာသာရပ်များ၌ တတ်ကျွမ်းသူများ မွေးထားသင့်သည်။ ဌာနတွင်း၌ တိမ်မြုပ်နေသူအချို့ ရှိနေလျှင်လည်း နေရာမှန်သွားအောင် အသုံးချ တာဝန်ပေးသင့်သည်။
ကိုလိုနီခေတ်ကတည်းက စိုက်ပျိုးကူးသန်းရောင်းဝယ်ရေးဌာနခွဲကို ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ (၁၉၇၂) ခုနှစ်ရောက်မှ ဖွဲ့စည်းပုံကို ဝယ်/ဖြန့် အဖြစ်အသွင်ပြောင်းခံလိုက်ရသည်။ ဈေးကွက်စီးပွားရေးစနစ်ကို အမှန်တကယ် ရုပ်လုံးဖော်ရတော့မည်ဆိုပါက စိုက်ပျိုးရေးဝန်ကြီးဌာနသည် လယ်ယာစီးပွားရေးဖွံ့ဖြိုးမှုဌာန (သို့မဟုတ်) ဌာနခွဲတစ်ခုကို မွေးဖွားပေးသင့်သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းအမျိုးအစားနှင့် ထပ်တူကျသော အစိတ်အပိုင်း အနည်းငယ်ရှိနိုင်သည်။
စီးပွား/ကူးသန်းဌာန၏ဦးတည်ချက်မှာ လုပ်ငန်းရှင်ကုန်သည်များကို ကုန်သွယ်မှုလုပ်ငန်း မြှင့်တင်ပေးရန်ဖြစ်ပါသည်။ စိုက်ပျိုးရေးဌာနဖက်မှာမူ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ထုတ်လုပ်သူနှင့် တောင်သူလယ်သမားတို့၏ လယ်ယာ သားငါး စီးပွားရေးလုပ်ငန်းကို မြှင့်တင်ပေးရန်ဖြစ်သည်။ ဦးတည်အုပ်စု (Client Orientation) မတူပါ။
တောင်သူလယ်သမားအများစုအတွက် ဈေးကွက်စွန့်စားရမှု (Market Risk)၊ ဈေးနှုန်း အပြောင်းအလဲကိုစွန့်စားရမှု (Price Risk) တို့ကိုလည်း လျှော့ချပေးရမည့်လုပ်ငန်းများ လိုနေသည်။ ကန်ထရိုက် လယ်ယာစနစ်ကို ပီပီပြင်ပြင်ရုပ်လုံးဖော်ပေးဖို့လိုသည်။ တောင်သူနှင့် ကန်ထရိုက်လုပ်ငန်းရှင်အကြား (သို့မဟုတ်) စက်ပိုင် (သို့မဟုတ်) တောင်သူနှင့်အကျိုးအမြတ်ခံစားရမှု တဖက်စောင်းနင်းမဖြစ်စေရေးကို ထိန်းကျောင်း ညှိနှိုင်းပေးရန် လိုအပ်ပါသည်။
လယ်ယာ သားငါး ထွက်ကုန်တန်ဖိုးကွင်းဆက်တလျှောက် အဖုအထစ်၊ အဟန့်အတား၊ ကျင်း၊ ချိုင့်နှင့် ထောင်ချောက်များကို ဖယ်ရှားပြုပြင်ပြောင်းလဲရေးအတွက် လိုအပ်သော ဖွဲ့စည်းပုံအင်္ဂါရပ်များကို အချိန်အခါသင့်လာလျှင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း ရေးသားလိုက်ရပါသည်။
စံသိန်း(စိုက်ပျိုးရေး)
August 26, 2022
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from U San Thein (Agri)
See all
EM ဖျော်ရာတွင်သုံးသော တင်လဲရည်၊ သကာရည်၊ သကြားရည်တို့ရဲ့ အာနိသင်ကွာခြားချက်
26/03/2025
အီးအမ်ဖျော်ရာတွင် သုံးသော တင်လဲရည်အကြောင်း
28/02/2025
စိုက်ပျိုးရေးကဏ္ဍပြဿနာများကို ခွဲခြမ်းစိတ်ဖြာခြင်း (အပိုင်း-၁)
31/05/2023
ကြံပင်ခုတ်သိမ်းပြီးနောက် သကြားဓာတ်ယုတ်လျော့ကျဆင်းခြင်း
22/03/2023
လအလိုက်ကြံအလေးချိန်ကျဆင်းမှု
16/03/2023
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....