Green Way
အီးအမ်ဖျော်ရာတွင် သုံးသော တင်လဲရည်အကြောင်း

အီးအမ်ဖျော်ရာတွင် သုံးသော တင်လဲရည်အကြောင်း

U San Thein (Agri)
U San Thein (Agri) 28/02/2025

အီးအမ်၏ အပြင်းစားဖျော်ရည်တွင် ဆတူနီးပါးရောစပ်ရန် တင်လဲရည် လိုအပ်ပါသည်။ တင်လဲရည်၏ သန့်စင်မှုနှင့် ဓာတ်ပျက်သကြားပါဝင်မှုတို့ကို သိရှိထားလျှင် အီးအမ်ပြင်းအားဖျော်ရည်နှင့် ရောစပ်ရမည့် နှုန်းထားကို ချိန်ဆနိုင်ပါမည်။ ထို့ကြောင့် သကြားစက်များမှ ရနိုင်သောတင်လဲရည်၏ သဘာဝကို အတိုချုပ် ပြောပြလိုပါသည်။

စက်သွင်းကြံ တန် ၁၀၀ ကြိတ်ပါက သကြားဖြူ ၁၀ တန်နှင့် တင်လဲရည် ၃ - ၄ တန် ခန့် ရရှိနိုင်ပါသည်။ ကြံရည်ကို ကြိုချက်လျှင် သကာရည် (Syrup) ကို ပထမ ရပါသည်။ ၎င်းကို သကြားပွင့် (sugar crystal) ဖော်ရန် အဆင့်ဆင့် ချက်လုပ်ရပါသည်။ သကြားနှင့်တင်လဲရည်ရောနေသော သကြားထွေးကို ရရှိပါသည်။ ၎င်းသကြားထွေးကို ဗဟိုခွာစက် (ခါစက်) ကိုလှည့်ပြီး သကြားနှင့် တင်လဲကို ခွဲထုတ်လိုက်ပါသည်။ ကြံသကြား သည် ဆူးခရို့စ် (Sucrose) ခေါ် သကြားဓာတ်ဖြစ်၍ တင်လဲသည် ဓာတ်ပျက်သကြား ဂလူးကို့စ် နှင့် ဖရက်တို့စ် ဖြစ်ပါသည်။ ကြံသကြားသည် ဆူးခရို့စ် ခေါ် pol 95-99 အတွင်း ရှိတတ်ပါသည်။ 

တင်လဲရည်၏ပြင်းအားကို Brix ခေါ် အချိုရည် တိုင်းတာကိရိယာဖြင့် တိုင်းတာသိရှိနိုင်ပါသည်။ တင်လဲရည်၏ အချိုဓာတ်သည် ဓာတ်ပျက်သကြားတို့၏ ပျော်ဝင်နိုင်သော အစိုင်အခဲပမာဏကို ဖော်ပြပါသည်။ တင်လဲရည်ကို အရက်စက်ရုံများမှ ဝယ်လိုအား အများအပြားရှိသဖြင့် အနည်းအကျဉ်းလိုအပ်သော တောင်သူလယ်သမားများအတွက် တင်လဲရည်ရှာရန် ခက်ခဲနိုင်ပါသည်။ မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း (ရန်ကုန်ရုံးခွဲ) အနေဖြင့် အနည်းအကျဉ်း တင်လဲရည်လိုအပ်သူများအတွက် လီတာပုလင်းဖြင့် ရောင်းချ ဖြန့်ဖြူးပေးနိုင်ပါသည်။ Greenway မှတဆင့် မှာကြားနိုင်ပါသည်။ 

သကြားပွင့်များမှ ခွဲထုတ်ပြီး နောက်ဆုံးရလာသော တင်လဲရည်၏ သန့်စင်နှုန်း Purity သည် ၃၀ မှ ၅၀ ကြား ရှိတတ်ပါသည်။ သန့်စင်နှုန်းများလျှင် တင်လဲရည်အတွင်း ပျော်ဝင်နိုင်သော ဓာတ်ပျက်သကြား အစိုင်အခဲပမာဏ Brix ပိုများသည်ဟု အဓိပ္ပာယ်ရပါသည်။ သန့်စင်နှုန်းသည် ဆူးခရို့စ်ဓာတ်နှင့် Brix အချိုဓာတ် စုစုပေါင်း၏ အချိုးဖြစ်ပါသည်။

အသေးစားနှင့် အလတ်စားပေါင်းသကြားစက်များနှင့် ခါစက်တို့မှရသော တင်လဲရည်မှာ  သန့်စင်နှုန်း ၄၀ ခန့် ရှိတတ်ပါသည်။ သကြားထွေးမှ သကြား (ဆူးခရို့စ်) ကို ပြောင်စင်အောင်မခွဲထုတ်နိုင်၍ ဖြစ်ပါသည်။ သကြားစက်ကြီးများတွင်မူ ဆူးခရို့စ်ကို တတ်နိုင်သမျှကုန်အောင် ပြောင်စင်အောင် ခွဲထုတ်ယူနိုင်သဖြင့် လက်ကျန်ထွက်လာသော တင်လဲရည်သည် သန့်စင်နှုန်း ၃၀ မှ ၃၅ ထက် ပိုလေ့မရှိပါ။ 

အီးအမ်အပြင်းစားဖျော်ရာတွင် တင်လဲရည်၏ Brix ပါဝင်မှုအနည်းအများလိုအပ်ချက်ကိုချိန်ဆ၍ ရေရောနိုင်ပါသည်။ Brix ပါဝင်မှုများလျှင် ရေကို ပို၍ရောစပ်ပေးနိုင်သည်။ Brix ပါဝင်မှုနည်းလျှင် လိုချင်သော ပြင်းအားရောက်ရန် အောက်ပါဖော်မြူလာအတိုင်း ရောစပ်ရမည့် ရေပမာဏကို တွက်ချက်ရောစပ်နိုင်ပါသည်။

ရေရောရမည့်အချိုးအဆ (Dilution Factor)

X = ရေရောစပ်ရမည့်ရာခိုင်နှုန်း

B = တင်လဲရည် မူလ Brix တန်ဖိုး

b = အီးအမ်နှင့်ရောရန်တင်လဲရည်၏ လိုချင်သော အပျစ်နှုန်း (Brix) 

တင်လဲရည် ၅ ကီလိုဂရမ်ကို ရေသန့် ၅ လီတာ ရောစပ်၍ ဖျော်ရပါမည်။ ( 1 kg = 0.61 viss)

EM အပြင်းစားကို ဆတူရောစပ်ရမည့် တင်လဲရည်၏ အပျစ်နှုန်း (Brix) သည် ၄၀ ဟု သတ်မှတ်လက်ခံနိုင်ပါက အထက်ပါ ရေရောတင်လဲရည်သည် EM နှင့် အဆင်သင့် ရောစပ်ရမည့် ဖျော်ရည်ဖြစ်ပါသည်။ အပျစ်နှုန်း ၄၀ ထက်မြှင့်၍ ရောစပ်လိုပါက ရေရောနှုန်းကို အထက်ပါဖော်မြူလာသုံး၍ တွက်ချက်ပြီး ရောစပ်နိုင်ပါသည်။

Brix ခေါ် အချိုဓာတ်ကို အလွယ်တကူ တိုင်းတာနိုင်သောကိရိယာမှာ Refractometer ဖြစ်ပါသည်။ (သို့မဟုတ်) သကြားစက်သုံး Hydrometer, (Range 40-50 in 1/10) ကိုသုံး၍ တိုင်းနိုင်ပါသည်။ ဓာတုဆေးနှင့် ဓာတ်ခွဲခန်းသုံးရောင်းချသော ဆိုင်များမှ ဝယ်ယူရရှိနိုင်ပါသည်။

တင်လဲရည်၏အပျစ်နှုန်း (Brix) ကိုတိုင်းတာနည်း

၁။ ဘရစ်ဟိုက်ဒရိုမီတာ (စကေး ၄၀ မှ ၅၀ အတွင်း) အစိတ်ငယ် တစ်စိတ်လျှင် ၀.၁ ရှိသင့်သည်။

၂။ ဟိုက်ဒရိုမီတာကို တင်လဲရည်ထဲ နှစ်ပြီးတိုင်းရန် ဆလင်ဒါအရှည် (၃၇၅ မမ x အချင်း ၅၀ မမ) ရှိသင့်သည်။

၃။ 1000 ml ဆန့် ဘီကာ (၂) လုံးနှင့် ချိန်ခွင်တစ်ခု

၄။ တင်လဲ ၄၀၀ ဂရမ်ကိုချိန်၍ ဘီကာ ဖန်ခွက်၌ ထည့်ပါ။ ရေကို ဘီကာထဲ၌ 800 ml အမှတ်ရောက်သည်အထိ ရောပြီး မွှေပါ။

၅။ ရေရောပြီးတင်လဲရည်ကို ဆလင်ဒါ (ချင်တွယ်ဖန်တိုင်) ၌ ဖြေးညှင်းစွာထည့်ပါ။ အမြှုပ်နှင့် လေခိုသည့် နေရာများကိုပြောင်စင်အောင် ဖယ်ပါ။ ဆလင်ဒါရှိ တင်လဲရည်၌ လေလုံးဝ မခိုစေရပါ။ တင်လဲရည်ကို ဆလင်ဒါ၏ ၃/၄ ခန့် ဝင်ဆန့်အောင်ထည့်ပါ။

၆။ တင်လဲရည်၌ လေခိုမှုများပပျောက်သွားလျှင် ဆလင်ဒါနှုတ်ခမ်းမရောက်မီ ၁ စင်တီမီတာအလိုအထိ တင်လဲရည်ကို ဖြည်းညှင်းစွာ လောင်းထည့်ပါ။ အမြှုပ်များ၊ အကျိအချွဲများကို အပြင်ဖက်လွင့်အောင် မှုတ်ထုတ်ပါ။

၇။ ဘရစ်ဟိုက်ဒရိုမီတာကို ထိပ်ဖျားမှကိုင်၍ တင်လဲရည်ထဲသို့ ဖြည်းညှင်းစွာထည့်ပါ။ ဟိုက်ဒရိုမီတာကို ငြိမ်သက်စွာထောင်မတ်နေချိန်တွင် တင်လဲရည်မျက်နှာပြင်နှင့် တဖြောင့်တည်းနေရာ၌ ဟိုက်ဒရိုမီတာအမှတ်ကို ဖတ်ပါ။ ပထမအကြိမ် အမှတ်ကို မှတ်သားပါ။

၈။ ထို့နောက် ဟိုက်ဒရိုမီတာထိပ်ကိုနှိပ်၍ တင်လဲရည်ထဲသို့ နှစ်လိုက်ပါ။ လက်ကိုလွှတ်လိုက်လျှင် ဟိုက်ဒရိုမီတာက အရည်ထဲနစ်ရာမှ ပြန်ပေါ်လာမည်။ ငြိမ်သက်သွားလျှင် အမှတ်အသားကိုမှတ်ပါ။ ၎င်းအတိုင်း (၃) ကြိမ် မှတ်တမ်းယူ၍ ပျမ်းမျှယူပါ။ ဟိုက်ဒရိုမီတာဘရစ်၏ အမှတ်အသားကို အပူချိန်ဒီဂရီနှင့် တိုက်ဆိုင်ချိန်ညှိသော ဇယားကို သကြားဓာတ်ခွဲခန်း စာအုပ်များတွင် ရှိပါသည်။ အတိအကျသိလိုပါက ၎င်းဇယားကိုကြည့်၍ ညှိနိုင်ပါမည်။

၉။ ရလာသော အမှတ်တန်ဖိုးကို (၂) နှင့်မြှောက်ပါက တင်လဲရည်၏ မူလအပျစ်နှုန်းကို ရပါမည်။

မှတ်ချက်။ တင်လဲရည်ကို အရက်စက်ရုံများမှ ဝယ်လိုအား အများအပြားရှိသဖြင့် အနည်းအကျဉ်းလိုအပ်သော တောင်သူလယ်သမားများအတွက် တင်လဲရည်ရှာရန် ခက်ခဲနိုင်ပါသည်။ မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း (ရန်ကုန်ရုံးခွဲ) အနေဖြင့် အနည်းအကျဉ်း တင်လဲရည်လိုအပ်သူများအတွက် လီတာပုလင်းဖြင့် ရောင်းချ ဖြန့်ဖြူးပေးနိုင်ပါသည်။ Greenway မှတဆင့် မှာကြားနိုင်ပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

5
Shine Thet Naung

Shine Thet Naung

1 year ago

အညာ ဒေသ စိုက်ပျိူးရေ သမားတွေ အတွက် တင်လဲရည် သို့မဟုတ် သကာရည်တို့က မလွယ်ကူသဖြင့် (ထန်းလျက်) နှင့် ဖျော်စပ်ရပါတယ် ဆရာ ထို့ကြောင့် ထန်းလျက်ရဲ့ အပင်အတွက် အကျိုးပြုပုံ အီးအမ် ဖျော်ရန် အတွက် ဘယ်လောက် လိုအပ်လဲ ရှင်းပြပေးစေချင်ပါတယ်

U San Thein

U San Thein

1 year ago

အအေးပိုင်းကလာသောကြံမျိုးများကို အပူပိုင်းမှာစိုက်ပါက အထွက်နှုန်းကောင်းသော်လည်း မှိုနှံရောဂါနှင့် ကြံအူနီရောဂါ ကျရောက်လွယ်၍ နှစ်ကြာရှည်မစိုက်သင့်ပါ။

kyaw swar

kyaw swar

1 year ago

ဆရာ အအေးပိုင်းမှာ ဖြစ်ထွန်းတဲ့ ကြံမျိူးတွေ က အပူပိုင်းမှာ ရော ဖြစ်ထွန်းနိူင်လား

ကိုမင်း

ကိုမင်း

1 year ago

ဈေးကြီးတန်းမှာ Win Star ကရောင်းတဲ့ EM နဲ့ တင်လဲရည် မှာတာ ငွေရှင်းတဲ့ နေရာမှာ ဆက်နှိပ်လို့ မရဘူးဖြစ်နေတယ်

Mg Kyaw Kyaw Htay

Mg Kyaw Kyaw Htay

1 year ago

ငါးမွေးမြူရေးသုံးEMပြုလုပ်ပုံသိချင်ပါတယ်ဗျ

You

Related questions

ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်

Hnin Nu Wai • 3 answers

တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ

မောင်ကျော်ခိုင် • 2 answers

ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်

Theint Theint Nway • 2 answers

ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ

ko saw moe oo • 2 answers

ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်

ဒေါ်ဝင်းလဲ့ဝါ • 2 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....