ကြံပင်ခုတ်သိမ်းပြီးနောက် သကြားဓာတ်ယုတ်လျော့ကျဆင်းခြင်း

ဆက်စပ်ပတ်သက်နေသော အထက်ပါအချက်အလက်များအနက် ယခုပြောလိုသောအချက်မှာ “ခုတ်သိမ်းပြီး လတ်ဆတ်သောကြံကို ၂၄ နာရီအတွင်းစက်ရုံကကြိတ်ဝါးနိုင်ခြင်း” အပိုင်း ဖြစ်ပါသည်။ အထက်ပါပုံ၏ ညာဘက်ထိပ်၌ အနီရောင်ဝိုင်းပြထားသောအချက်ဖြစ်ပါသည်။
သကြားစက်ရုံများတွင် ခုတ်သိမ်းပြီးလတ်ဆတ်သောကြံကို ၂၄ နာရီအတွင်းသယ်ယူပြီး ကြိတ်ဝါးနိုင်ရေးသည် အရေးကြီးသည်။ ၂၀၀၀ ပြည့်နှစ်မတိုင်မီ ဆယ်စုနှစ်ပေါင်းများစွာတွင် လမ်းပန်း ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးခက်ခဲသဖြင့် သကြားစက်ရုံများသည် ခုတ်သိမ်းပြီး ရက်လွန်ဓားလွန်ကြံများကို ကြိတ်ဝါးခဲ့ရသဖြင့် သကြားအထွက်နှုန်း (Sugar Recovery) အထူးနိမ့်ကျခဲ့ပါသည်။
ယခုမူလမ်းပန်းဆက်သွယ်ရေးမှာ အတန်အသင့် ကောင်းမွန်လာသည်။ ကြံခင်းထဲထိ ကားဖင်ထိုး၍ လတ်ဆတ်သောကြံကိုသယ်ကာ ကြိတ်ဝါးနိုင်သော အခြေအနေကို ရောက်လာသည်။ နေရာတိုင်းတော့အဆင်မပြေသေးပါ။ အချို့က ကြံခုတ်စက်များကိုသုံးစွဲကာ ကြံကို တောက်တောက်စင်းပြီး ကြံတို ကြံဆစ်ချောင်းများ (Billet cane) ကိုသယ်ယူရာတွင် ကြံအရည်အသွေးကို ပျက်ပြားစေသဖြင့် သကြားစက်၌ သကြားအထွက်လျော့နည်းနိုင်သည်။
သို့ပါ၍ကြံခုတ်သိမ်းပြီး သကြားဓာတ်အရည်အသွေးကျဆင်းမှုဆိုင်ရာ ကွာခြားချက်များကို ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်၌ ၁၉၈၃ မှ ၁၉၈၅ ခုနှစ်အတွင်းဆောင်ရွက်ခဲ့သောသုတေသနတွေ့ရှိချက်များကို အခြေခံ၍ တင်ပြသွားပါမည်။
သကြားဓာတ်အရည်အသွေးပိုင်းတွင် ဆူးကရိုစ့်ဓာတ် ခေါ် သကြားဓာတ်နှင့် သန့်စင်နှုန်းခေါ် သကြားဓာတ်သန့်စင်မှု၊ ဓာတ်လျော့သကြား သို့မဟုတ် ဓာတ်ပျက်သကြားပါဝင်မှု၊ အချဉ်ဓာတ်ပေါက်မှုနှင့် Brix ခေါ် အပျစ်နှုန်း သို့မဟုတ် ကြံရည်ထဲရှိပါဝင်ပစ္စည်းများပါဝင်မှုတို့ကို သကြားဓာတ်ခွဲခန်း၌ ဓာတ်ခွဲတိုင်းတာရပါသည်။
ခုတ်သိမ်းပြီးရက်ကြာလာသည်နှင့်အမျှ အပျစ်နှုန်း (Brix)၊ ဓာတ်ပျက်သကြားနှင့် အချဉ်ပေါက်မှု (Titratable acidity) တို့မှာ တိုးမြင့်လာပါသည်။ သကြားဓာတ်နှင့် သန့်စင်နှုန်းတို့မှာ ကျဆင်းလာပါသည်။
ခုတ်ပြီး ၃ ရက်မြောက်တွင် လတ်ဆတ်သောကြံမှထွက်နိုင်မည့်သကြားထွက်၏ ၅%၊ ၆ ရက်မြောက်တွင် ၁၄%၊ ၉ ရက်မြောက်တွင် ၁၈%၊ ၁၅ ရက်မြောက်တွင် ၂၈% အသီးသီးလျော့နည်းဆုံးရှုံးနိုင်ပါသည်။
အရည်အသွေးကျဆင်းမှုမှာ ကြံမျိုးအလိုက်ကွာခြားပါသည်။ ကျောက်စိမ်းခေါ် CO 798 သည် ဆုံးရှုံးမှုမြင့်မား၍ ဖော်မိုဆာ ခေါ် F153 သည် အရည်အသွေးကျဆင်းမှုနည်းသည်။ ရေဆင်း ၁ (CO 1148)၊ ရေဆင်း ၂ (Triton) တို့သည် ခုတ်ပြီး အရည်အသွေးကျဆင်းမှုအလယ်အလတ်နှုန်းရှိပါသည်။
ဤစမ်းသပ်ချက်မျိုးကို ယခုအခါမဆောင်ရွက်သေးသဖြင့် လက်ရှိသုံးသောကြံမျိုးများ၏ အရည် အသွေး အဆင့်အတန်းကိုမတင်ပြနိုင်ပါ။ ကြံအထွက်နှုန်းကောင်းခြင်းနှင့် သကြားဓာတ်ပါဝင်မှုမြင့်မားခြင်းအပြင် ခုတ်သိမ်းပြီးနောက်ကြံအရည်အသွေး ပျက်ယွင်းကျဆင်းခြင်းကို တိုင်းတာလေ့လာထားပါက သကြားစက်ရုံ၏သကြားအထွက်နှုန်းကောင်းရေးအတွက် အထောက်အကူပြုသောသတင်းအချက်အလက် စံနှုန်းစံညွှန်းများကို ထုတ်ဖော်ပေးနိုင်ပါသည်။
ရက်ကြာ၍ ကြံရည်တွင် အချဉ်ပေါက်ခြင်းကို ပီအိတ်ချ် (pH) ဖြင့်တိုင်းတာ၍ သိသာထင်ရှားစွာမတွေ့နိုင်ပါ။ ကြံရည်ကို 0.1 N NaOH ဆိုဒီယမ်ဟိုက်ဒရောဆိုက်နှင့် ဓာတ်ပြုအချဉ်ပေါက်၍ရသော တန်ဖိုးပေါ်မူတည်ပြောပါက ပိုမိုတိကျစွာပြောနိုင်သည်။ ကြံခုတ်စက်ဖြင့် ကြံပင်ကိုအပိုင်းပိုင်းဖြတ်၍သယ်သောစနစ်တွင် ဘတ်တီးရီးယားပြန့်ပွားမှုလွယ်၍ အချဉ်ပေါက်လာပါက ကြံရည်တွင် ဒက်စတင် (Dextrin) ပါဝင်မှုကို တိုင်းတာကြည့်နိုင်သည်။ ဒက်စတင်သည် အချဉ်ပေါက်နေသောကြံရည်တွင် ပျစ်ချွဲနေသောဓာတ်ပျက်ပစ္စည်းများဖြစ်သည်။ သကြားစက်များတွင် ဒက်စတင်ဓာတ်ဖြစ်ပေါ်မှုအများအစားတွေ့လာလျှင် သကြားအထွက်နှုန်းကိုထိခိုက်နိုင်သဖြင့် ကြိုတင်ကာကွယ်မှုနှင့် ကြံရည်သန့်ရှင်းမှုကိုဆောင်ရွက်ရတော့မည်ဖြစ်သည်။
အချုပ်အားဖြင့် သကြားအထွက်နှုန်းကောင်း၍ သကြားဓာတ်ပါဝင်မှုမြင့်မားသောကြံမျိုးကို စိုက်ပျိုး ထုတ်လုပ်ရုံဖြင့်မပြီးသေးပါ။ ကြံခုတ်သိမ်းပြီး သကြားစက်ကိုပို့ရာတွင် ကြံရည်၏သကြားဓာတ် ယိုယွင်းပျက်စီးမှု အနည်းဆုံးဖြစ်အောင်စီမံဆောင်ရွက်ရန်လိုအပ်သည်။ ရက်လွန်၊ ဒါးလွန်ကြံများကို ကြိတ်ဝါးရ၍ အချဉ်ဓာတ် ပေါက်ခြင်းကိုကာကွယ်ရန်လိုအပ်ပါသည်။ ခုတ်သိမ်းပြီး လတ်ဆတ်သောကြံမျိုးကောင်းများကို ၂၄ နာရီအတွင်း ကြိတ်ဝါးရန်လိုအပ်ပါသည်။
(ကြံသုတေသီများအတွက် အသေးစိတ်ကြည့်ရှုနိုင်ရန် အောက်ပါပူးတွဲပါ ပုံ ၁၊ ၂၊ ၃ တို့ကိုဖော်ပြအပ်ပါသည်)



စံသိန်း (စိုက်ပျိုးရေး)
စာကိုး။ San Thein and Than Than Nu. 1986, Varietal difference in post-harvest deterioration of sugarcane. Proc. Myanmar Agric. Sci, Research Div. 17 th, Congress, Yangon.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related articles
Related questions
ကုလားပဲ
TSM • 1 answers
ရော်ဘာ
win le oo • 1 answers
(မင်္ဂလာပါခင်ဗျာ) မတ်ပဲအသီးေတွကမဲေနပီးမိုးကရွာနေတော ပဲထောင်ထဲ့ကိုမှို့ဝင်မှာဆိုလိုဘာမှို့ဆေးမျာသုံးရမလဲခင်ဗျာ သိတဲဆရာများလမ်ညွှန်ပါဗျာ ကျေးဇူတင်ပါတယ်
ကိုစိုးအောင် • 1 answers
စပါးကို မည်သည့်အချိန်မှာ ရိတ်သိမ်းသင့်သလဲ။ ရှင်းပြပေးနိုင်မလားရှင့်
Thiri Aung • 2 answers
ဒီနှစ် ဆောင်းသီးနှံပဲတီစိမ်း ပိဿာ20 ကိုဘယ်စျေးလောက်ရှိမယ်ထင်ကြလဲ
ဝဏ္ဏစိုး • 1 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from U San Thein (Agri)
See all
EM ဖျော်ရာတွင်သုံးသော တင်လဲရည်၊ သကာရည်၊ သကြားရည်တို့ရဲ့ အာနိသင်ကွာခြားချက်
26/03/2025
အီးအမ်ဖျော်ရာတွင် သုံးသော တင်လဲရည်အကြောင်း
28/02/2025
စိုက်ပျိုးရေးကဏ္ဍပြဿနာများကို ခွဲခြမ်းစိတ်ဖြာခြင်း (အပိုင်း-၁)
31/05/2023
လအလိုက်ကြံအလေးချိန်ကျဆင်းမှု
16/03/2023
ကြံပင်ပေါက် အကောင်းဆုံးရရန် ထယ်ရေးကောင်း၍ အစိုဓာတ်ထိန်သိမ်းနည်း (အပိုင်း - ၃)
22/02/2023
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....