Green Way
စိုက်ပျိုးရေးကဏ္ဍ၏ တိုင်းပြည်ပြုနှင့် နိုင်ငံပြုလုပ်ငန်းများ

စိုက်ပျိုးရေးကဏ္ဍ၏ တိုင်းပြည်ပြုနှင့် နိုင်ငံပြုလုပ်ငန်းများ

U San Thein (Agri)
U San Thein (Agri) 07/10/2022

၁၉၆၄ ခုနှစ်တွင် စနစ်သစ်ပညာရေးအပြောင်းအလဲဖြင့် မန္တလေးစိုက်ပျိုးရေးတက္ကသိုလ်သည် အဆင့်မြင့် သီးခြားတက္ကသိုလ်အဖြစ် ပေါ်ထွန်းလာခဲ့ပေသည်။ ၎င်း၏ဆောင်ပုဒ်မှာ “ စိုက်ပျိုးပညာ၊ ပြည်ရွာဖွံ့ဖြိုး ” ဖြစ်သည်။ စိုက်ပျိုးရေးပညာရပ်များနှင့် နည်းပညာများထွန်းကားခြင်းဖြင့် ကျေးလက်ပြည်ရွာဖွံ့ဖြိုးလာစေမည်ဟု မျှော်မှန်းထားခြင်းဖြစ်ပါသည်။

ရေဆင်းသို့ပြောင်းရွှေ့ပြီးနောက် ခေတ်အဆက်ဆက်တွင် နည်းပညာမျက်နှာစာသည် ပိုမို၍ အင်္ဂါစုံလင်စွာ တိုးတက်နက်ရှိုင်းလာပါသည်။ သို့ရာတွင်လစ်ဟာချက်များလည်း ရှိနေဆဲပင်။ ရူပ၊ ဇီဝ၊ ဂေဟဆိုင်ရာ အပိုင်းအခြားများနှင့် ရေဝေ ရေလဲအခြေပြုဇုန်နယ်မြေများ နိုင်ငံကိုအသေးစိတ်ပိုင်းခြားလေ့လာဆန်းစစ်ချက်များ လိုအပ်နေပါသည်။

ထပ်တူအရေးကြီးသောလိုအပ်ချက်မှာ မနုဿဗေဒအခြေပြု လယ်ယာကဏ္ဍ လူတန်းစား အလွှာများအားပိုင်းခြားလေ့လာမှုများ၊ လုပ်ကွက်ငယ်များ၏ ဈေးကွက်၊ နည်းပညာနှင့် ထုပ်လုပ်မှုစွမ်းအားများအပေါ် နိုးကြားစေ့ဆော်တုန့်ပြန်မှုသဘာဝများတို့ ဖြစ်သည်။ ဤနယ်ပယ်ရပ်များတွင် အချက်အလက်မပြည့်စုံ သဖြင့် လယ်ယာစီးပွားရေးအသွင်ပြောင်းလုပ်ငန်းများကို အကောင်အထည်ဖေါ်ရာ၌ လုပ်ကွက်ငယ်များက လိုက်ပါဆောင်ရွက်နိုင်မှု အားနည်းသည်ကို တွေ့ရပါသည်။ 

အလားတူပင် လယ်ယာကဏ္ဍကုန်ထုတ်လုပ်မှုနှင့်ဆိုင်သော ဗျူရိုကရေစီအဖွဲ့အစည်းနှင့် အင်စတီကျူးရှင်း များတွင်လည်း ပညာရပ်နယ်ပယ်မှ အထက်ဆိုခဲ့ပါအားနည်းချက်များနှင့် လစ်ဟာချက်များကိုတွေ့နေရသလို ဤအတွက်တစိုက်မတ်မတ်ဆောင်ရွက်နေသည့် လုပ်ငန်းအစီအစဉ်များလည်း မတွေ့မြင်ရပေ။ ယင်းကိစ္စရပ်သည် “ အပျော့ထည် ” ကိုကိုင်တွယ်ရသောလုပ်ငန်းဖြစ်၍ အပျော့ထည်၏စွမ်းအား Software Power မပါဘဲ လယ်ယာကဏ္ဍ အသွင်ပြောင်းရေးကို ပီပီသသလုပ်ဆောင်ရန် ခက်ခဲပါလိမ့်မယ်။

ဤကား လယ်ယာကဏ္ဍ၏  ပညာရပ်နယ်ပယ်နှင့်လယ်ယာထွက်ကုန်လုပ်ငန်းဆိုင်ရာ အင်စတီကျူးရှင်းများအပေါ် တွေ့ရသော လျှပ်တပြက်မြင်ကွင်းဖြစ်သည်။ 

ပြင်ပကမ္ဘာကမူအပြောင်းအလဲများကို မည်သို့ဖေါ်ဆောင်နေပါသနည်း။

၂၀၀၈ ခုနှစ်တွင် ကမ္ဘာ့ဘဏ်၏ ဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေး “ Agricultural for Development”  အစီရင် ခံစာ ထွက်ပေါ်လာသည်။ ၎င်းတွင် ကမ္ဘာ့ထောင်စုနှစ်ဖွံ့ဖြိုးရေးပန်းတိုင်သို့ ဆင်းရဲနွမ်းပါးသော အောက်ခြေ အလွှာမှ လုပ်ကွက်ငယ်တောင်သူများကို ရေစီးကြောင်း၌ အတူပါလာရန် ဦးတည်ကြိုးပမ်းဆောင်ရွက်ရေး နည်းလမ်းပေါင်းစုံ ခင်းကျင်းပြသထားပါသည်။ လယ်ယာကုန်ထုတ်လုပ်မှုတိုးတက်ရေးအတွက် ဈေးကွက်၊ ငွေကြေး၊ သွင်းအားစု၊ လမ်းတံတား စသော အမာထည် Hardware ကိစ္စရပ်များအပြင် ကျော်လွှားရမည့် လယ်ယာကဏ္ဍထဲရှိ ပါဝင်ပတ်သက်သူတို့၏ ဓလေ့စရိုက်နှင့် အပြုအမူ အလေ့အကျင့် အပြောင်းအလဲဆိုင်ရာ  “Software” အပျော့ထည်ကိစ္စရပ်များကို ကမ္ဘာ့ဘဏ်က စီစစ်ရေးသားထုတ်ပြန်ထားပါသည်။

၂၀၁၉-၂၀၂၀ ခုနှစ်ဝန်းကျင်တွင် နိုင်ငံရေးဖြတ်သန်းမှုနောက်ခံရှိသော နိုင်ငံရေးသုတေသီ စာရေးဆရာ ကျော်ဝင်းက “တိုင်းပြည်တည်ဆောက်ခြင်းနှင့် နိုင်ငံတည်ဆောက်ရေး” ဆိုင်ရာ အတွေးအမြင်သစ်များကို ဆက်တိုက်ဖော်ထုတ်ရေးသားလာခဲ့ပါသည်။

နိုင်ငံရေးဘောဂဗေဒပါမောက္ခ ဒေါက်တာ ဖရန်စစ်ဖူကူယားမားက ၂၀၀၄ ခုနှစ်အတွင်း “၂၁ ရာစုအုပ်ချုပ်ရေးနှင့် ကမ္ဘာ့စနစ်(World Order)” စာအုပ်ကို ကမ္ဘာသို့ ချပြခဲ့သည်။ ပါမောက္ခ၏ ရေးသားချက်များစွာကို စုစည်းအနှစ်ချုပ်၍ ဆရာကျော်ဝင်းက မြန်မာ့နိုင်ငံရေး ဝဲဩဃအကျပ်အတည်းများနှင့် ချိတ်ဆက်ကာ မြန်မာ့အသိုင်းအဝိုင်းသို့ တင်ပြခဲ့ပါသည်။

၎င်း၏မြန်မာပြန်အဓိပ္ပါယ်ဖွင့်ဆိုချက်အရ  “နိုင်ငံတည်ဆောက်ရေး State Building  သည် အစိုးရအင်စတီကျူးရှင်းအသစ်များ တည်ဆောက်ရသည့်ဖြစ်စဉ်နှင့် တည်ဆဲအင်စတီကျူးရှင်းများ ခိုင်မာအောင်တည်ဆောက်ရသည့်ဖြစ်စဉ် ” ကို ခေါ်ပြီး တိုင်းပြည်တည်ထောင်ရေး ( Nation Building) ဆိုသည်မှာ မျှဝေလက်ခံထားသောမှတ်တမ်းများ၊ ယဉ်ကျေးမှုဓလေ့များ၊ တန်ဖိုးများ၊ ဘာသာ စကားများနှင့် စုပေါင်းအမှတ်အသားသရုပ်တို့ဖြင့် တည်ဆောက်ထားသောဖြစ်စဉ်” ကိုခေါ်ပါသည်။ 

ဤတွင် လယ်ယာကဏ္ဍ၏လုပ်ငန်းဆောင်တာများသည် နိုင်ငံတည်ဆောက်ရေးနှင့် တိုင်းပြည်တည်ဆောက် ရေးရှုထောင့်တို့မှ မည်သို့မည်ပုံ အားဖြည့်ပေးရန်လိုအပ်ပါသနည်း။  အထက်တစ်နေရာက ပြောခဲ့သော လယ်ယာကဏ္ဍ၏ လျှပ်တပြက်မြင်ကွင်းကိုကြည့်လျှင်ပင် လက်ရှိလယ်ယာစိုက်ပျိုးရေးကဏ္ဍသည် တိုင်းပြည်ထူထောင်ရေးနှင့် နိုင်ငံတည်ဆောက်ရေး ရှုထောင့်နှစ်ခုစလုံးမှာ လိုအပ်ချက်များစွာရှိနေသည်ကို သုံးသပ်မိပါသည်။ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ထူထောင်ရေးတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုများနည်းတူ လယ်ယာသားငါးကဏ္ဍ (သို့မဟုတ်) စိုက်ပျိုးရေးကဏ္ဍ၏ အင်စတီကျူးရှင်းဆိုင်ရာ အားဖြည့်မှုများနှင့် ပါဝင်ပတ်သက်သူတို့၏ ပြုပြင်ပြောင်းလဲလုပ်ဆောင်ချက်များစွာ လိုအပ်လာပါမည်။ 

ပထမဆုံးစိန်ခေါ်မှုမှာ တိုင်းပြည် (ပြည်ထောင်စု ) တည်ထောင်ရေးအတွက် အရေးကြီး ဆုံးဖြတ်ရမည့် ‌ရေ မြေနှင့် သယံဇာတခွဲဝေရေးပင်ဖြစ်သည်။ စိုက်ပျိုးရေးကဏ္ဍအနေဖြင့် ရေမြေနှင့်သယံဇာတ ခွဲဝေပိုင်းခြား‌ရေး အခြေခံသတင်းအချက်အလက်များ လုံလောက်စွာဖော်ထုတ်ပေးရန်လိုအပ်ပါမည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ကိုယ့်ကြမ္မာကို ကိုယ်တိုင်ဖန်တီးရမည့် အချိန်အခါတွင် တိုင်းပြည်သစ် ထူထောင်ရေးအတွက် ဘက်ပေါင်းစုံမှပြင်ဆင်ကြပါသည်။ ပေးထားချက်အရင်းအမြစ်များကို ဆန်းစစ်ကြပါသည်။  စိုက်ပျိုးရေးကဏ္ဍတွင် မြေသယံဇာတအတွက် စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်နိုင်သည့် မြေယာအဆင့်အတန်း(Land Grade)နှင့် ၎င်းအဆင့်များက ကျရောက်တည်ရှိသည့် တိုင်း၊ ပြည်နယ်တိုင်းရှိ ဧရိယာဧက၊ စိုက်ပျိုးထုတ်လုပ်နိုင်မှု မြေယာစွမ်းဆောင်ရည် အဆင့်သတ်မှတ်ချက်များ၊ မြေယာရရှိနိုင်မှုအတိုင်း အတာ စသောအချက်အလက်များပါသော အသေးစိတ်စာရင်း (Inventory) စာအုပ်ကို ၁၉၅၂ ခုနှစ်၌ ထုတ်ပြန်ခဲ့သည်။

၎င်းမှတ်တမ်းစာအုပ်ထက် ပိုမိုကောင်းမွန်သော မြေယာသယံဇာတ(Inventory)မျိုး ယခုအချိန်အထိ နှစ် ၆၀ ကျော် ကာလအတွင်း ပြုစုထုတ်ပြန်ခြင်းမျိုး ထပ်မံပေါ်ပေါက်မလာသေးပါ။

၁၉၅၆ ခုနှစ် နောက်ပိုင်း မြေအသုံးချရေး‌ဗျူရိုက ရုရှားမြေဆီလွှာပညာရှင်များနှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံတွင် တွေ့ရသော မြေဆီလွှာ အမျိုးအစား (၂၄) မျိုးကို ပိုင်းခြားကာ ခရိုင်အဆင့် တိုင်းတာသရုပ်ခွဲ၍ မြေအမျိုးအစားမြေပုံများ ထုတ်ပြန်ခဲ့သည်။ ဆက်လက်ပြီး မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းက ၁၉၉၅ ခုနှစ်တွင် စိုက်ပျိုးရေးဇုန်နယ်များအဖြစ် ပိုင်းခြားဖော်ထုတ်ခဲ့ပါသည်။ ၎င်းမြေပုံကို အမှီပြု၍ FAO က ၂၀၀၁ ခုနှစ်တွင်ဇုန်နယ် Agro-Eco zone ကိုဖော်ထုတ်ပါသည်။ ၂၀၁၂ ခုနှစ်တွင် စိုက်ပျိုးရေးနှင့်ကျေးလက်ဖွံ့ဖြိုးရေးအတိုင်ပင်ခံအဖွဲ့ (ARDC) မှ အတန်ငယ်အနုစိတ်သော မြန်မာ တစ်ပြည်လုံးပေါ်မှ ဇုန်နယ်ပိုင်းခြားခဲ့ပါသည်။

ခြုံ၍ပြောရလျှင် ရှိရင်းစွဲဇုန်နယ်မြေပုံအားလုံးမှာ နိုင်ငံ၏ အတိုင်းအတာ တစ်ခုအတွက်သာ အသုံးပြုရန်ကောင်းပါသည်။ စကေး ၁:၉၀၀၀၀၀၀ နှင့် ပိုင်းခြားထားခြင်းဖြစ်၍ မြို့နယ်အဆင့် မြေပြင်တွင် လက်တွေ့အလုပ်မဖြစ်နိုင်ပါ။

ဖက်ဒရယ်မူအရ မြေအရင်းအမြစ်များမှာ ပြည်ထောင်စုအဆင့်မှ တိုင်းရင်းသားပြည်နယ်များသို့ခွဲထုတ်၍ မြေအရင်းအမြစ်နှင့် ဇုံနယ်များကို ပိုင်းခြားတန်ဖိုးဖြတ်ရမည်ဆိုပါက လက်ရှိ လက်ကိုင်ထားနေသော သတင်းအချက်အလက်နှင့်မြေပုံများမှာ ပြည့်စုံလုံလောက်မှုမရှိပါ။ ရေအရင်းအမြစ်ကိုပါထည့်သွင်းပြောရလျှင် လိုအပ်ချက်ပိုမိုကြီးမားလာပါမည်။ လက်ရှိအနေအထားအရ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် စိုက်ပျိုးရေးနယ်ပယ်မှ ပုဂ္ဂိုလ်များအဖို့ မြေ ရေ အရင်းအမြစ် အရေးကိစ္စအတွက် အရပ်သားအသိထက် အနည်းငယ်ပိုသော သတင်းအချက်အလက်များကိုသာ ရနိုင်ဖို့ပဲ ရှိပါလိမ့်မည်။

အလားတူ အရေးကြီးကိစ္စရပ်မှာ မြေယာလုပ်ကိုင်ခွင့်ပြဿနာ ဖြစ်သည်။ တိုင်းရင်းသားဒေသများတွင် ထုံးတမ်းစဉ်လာမြေယာလုပ်ပိုင်ခွင့် customary tenure   စနစ်မှာ ဒေသအချို့တွင် ကျန်ရှိနေသေးသည်။ ဌာန ဆိုင်ရာပုဂ္ဂိလ်များက ဤစနစ်ကိုနားလည်သဘောပေါက်ထားမှုမရှိကြပါ။ တဖန် ဥပဒေပြုမူဘောင်အတွင်းမှ မြေယာလုပ်ပိုင်ခွင့် statutory tenure   အတွက် လယ်ယာမြေအမျိုးအစား ခွဲခြားတိုင်းတာခြင်းမပြုရသေးသည့် ဧရိယာများစွာ ဝေးလံဒေသများ၌ ကျန်ရှိနေသည်။

မြေယာဆိုင်ရာအင်စတီကျူးရှင်းကို အထူးတလည် အားဖြည့် ပေးရန်လိုအပ်ပါလိမ့်မည်။ သို့မှသာ တိုင်းပြည်ထူထောင်‌‌ရေး Nation Building ကို စိုက်ပျိုးရေးကဏ္ဍက ကောင်းစွာ အထောက်အကူပြုနိုင်ပါလိမ့်မည်။

စိုက်ပျိုးရေးကဏ္ဍတွင် လုပ်ကွက်ငယ်တောင်သူများမှာ တစ်တိုင်းပြည်လုံးရှိတောင်သူအားလုံးပေါ်မှ ၅၅ ရာခိုင်နှုန်းကျော် အရေအတွက်ရှိနေသည်။ အများစုဖြစ်နေသည်။ လယ်ယာကဏ္ဍထုတ်ကုန်တိုးမြှင့်ခြင်း၊ ပို့ကုန် တိုးတက်လာခြင်း၊ တိုင်းပြည်ဝင်ငွေတိုးလာခြင်း စသည်ဖြင့် အဆင့်ဆင့်တိုးတက်လာသည့်တိုင်အောင် ဤတိုးတက်မှုသည် လုပ်ကွက်ငယ်တောင်သူများ၏ ဝင်ငွေတိုးတက်စေမှုအပေါ် အကျိုးမပြုနိုင်ပါက နိုင်ငံသည်  အမှန်တကယ်ဖွံ့ဖြိုးတိုးတက်ရေးကို ရောက်ပြီဟု မဆိုနိုင်ပါ။ အထက်ပါဆိုခဲ့သော “အပျော့ထည်” ပြဿနာများ ဖြစ်သော လုပ်ကွက်ငယ်များအား လယ်ယာစီးပွားရေးလုပ်ငန်းဆောင်တာ  နိုးကြားလာမှု၊ လုပ်ငန်းခွင် အလေ့အကျင့် ဓလေ့စရိုက်များ ပြုပြင်ပြောင်းလဲလာနိုင်မှုအတွက် စိုက်ပျိုးရေးကဏ္ဍ၏ အင်စတီကျူးရှင်းများကို အားဖြည့်ပေးရန်လိုအပ်ပါသည်။ သို့မှသာ နိုင်ငံထူထောင်ရေး (State Building) အတွက် ကောင်းစွာ အထောက်အကူပြုနိုင်ပါသည်။

အနှစ်ချုပ်မှာ စိုက်ပျိုးရေးကဏ္ဍကို တိုင်းပြည်ပြုနိုင်ငံပြုစိုက်ပျိုးရေးလုပ်ငန်းအဖြစ် ဦးတည်အကောင် အထည်ဖော်ကြိုးပမ်းမှသာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတစ်ရပ်ကိအောင်မြင်စွာ ထူထောင်နိုင်ရေးအတွက် တိုက်ရိုက် အထောက်အပံ့ဖြစ်စေပါလိမ့်မည်။

စံသိန်း(စိုက်ပျိုးရေး)

 ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

U San Thein (Agri)

U San Thein (Agri)

3 years ago

Inclusion of small holders is for more economic development than political purpose. Political parties may pursue this agenda for their purpose. But agriculturists could strive for inclusive growth agenda without having political intervention. Land resource inventory will be serving for all purposes, agro ecological adoption but also for proper allocation of land and water resources by various levels of government bodies and institutions.

Htein Lin

Htein Lin

3 years ago

စိုက်ပျိုးရေးက္ဌအရေးပါပါတယ် ဒါပေမဲ့နိုင်ငံရေးထဲဆွဲသွင်းတာထက်စီးပွားရေးရှုထောင့်ကတွေးစေချင်တယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....