WorldFish Myanmar နောက်ဆုံးရသတင်း (USAID မှ ရန်ပုံငွေပံ့ပိုးသော ဝင်ငွေတိုးငါးမွေးမြူရေးစီမံကိန်း)
WorldFish "ဝင်ငွေတိုးငါးမွေးမြူရေး" စီမံကိန်းကို USAID (၂၀၁၉-၂၀၂၄) က ရန်ပုံငွေပံ့ပိုးပေးပြီး ရေရှည်ဖွံ့ဖြိုးသည့် ငါးမွေးမြူရေးလုပ်ငန်းများ တိုးတက်ဖော်ဆောင်ခြင်းဖြင့် ဝင်ငွေတိုးခြင်း၊ အာဟာရပြည့် အစားအစာများရရှိခြင်း၊ ဆင်းရဲ နွမ်းပါးမှု လျော့နည်းခြင်းစသော အကျိုးကျေးဇူးများကို အထူးသဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများမှ အမျိုးသမီးများနှင့် ကလေးသူငယ်များခံစားနိုင်ရန် ရည်ရွယ်ချက်နှင့်အညီ စီမံကိန်း၏ ၂၀၂၃ ခုနှစ် ပထမ သုံးလပတ် အာဟာရဆိုင်ရာလှုပ်ရှားမှုများကို ဂုဏ်ယူစွာဖြင့် မျှဝေပါသည်။
မိတ်ဖက်အဖွဲ့အစည်းများရှိ ဝန်ထမ်းများအား “ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင် နှင့် (၂ မှ ၅) နှစ်အရွယ် ကလေးငယ်များအတွက် အာဟာရမျှတ၍ကျန်းမာစေရန်စားသောက်နည်းလမ်းညွှန်” သင်တန်းပေးခြင်း ကျန်းမာခြင်းနှင့် အာဟာရပြည့်ဝသောအစားအစာများ စားသောက်ခြင်း ဆိုင်ရာလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်းသည် ဝင်ငွေတိုးငါးမွေးမြူရေးစီမံကိန်း၏ အဓိကကျသော အစိတ်အပိုင်းများမှ တစ်ခု အပါအဝင်ဖြစ်သည်။ ဤသင်တန်းကို မကွေး၊ မန္တလေး၊ ညောင်ရွှေ၊ မြစ်ကြီးနား နှင့် ကျိုင်းတုံ မြို့များတွင် ကျင်းပခဲ့ပြီး၊ ဝန်ထမ်းစုစုပေါင်း ၄၇ ဦး (ကျား=၂၆၊ မ=၂၁) တက်ရောက်ခဲ့သည်။ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရာ ရပ်ရွာဒေသများတွင် အစားအစာအမျိုးမျိုးစားသောက်ခြင်းသည် အရေးပါကြောင်း စသည့် ဗဟုသုတများတိုးပွားစေရန် ရည်ရွယ်ပါသည်။ သင်တန်းတွင် အာဟာရမျှတသည့် အစားအစာအုပ်စုများအားအခြေခံ၍ စားသောက်ခြင်းဆိုင်ရာလမ်းညွှန်များ၊ အစားအစာဘေးကင်းလုံခြုံရေးနှင့် တကိုယ်ရည်သန့်ရှင်းရေးအလေ့အကျင့်ကောင်းများ နှင့်အတူ ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင် နှင့် (၂-၅) နှစ်အရွယ် ကလေးများအတွက် အစားအစာပြင်ဆင်ပုံများကို ပို့ချခဲ့သည်။ ရပ်ရွာများတွင် မျှတ၍ အာဟာရပြည့်ဝသော အစားအစာများစားသောက်ခြင်း ဆိုင်ရာ ရှင်းလင်းပြည့်စုံသည့်သတင်းစကားတိုများကို ပြန်လည်ဝေငှာပေးရန် ဤသင်တန်းမှ ကွင်းဆင်းဝန်ထမ်းများအား သင်ကြားပေးခဲ့သည်။
၂၀၂၃ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ၂၀၂၃ မတ်လ ၈ ရက်နေ့တွင် ဝင်ငွေတိုးငါးမွေးမြူရေးစီမံကိန်းမှ
“ကျား/မ တန်းတူညီမျှဖို့ ဒစ်ဂျစ်တယ် နည်းပညာဖြင့် ဆန်းသစ်တီထွင်စို့” ဟူသော နိုင်ငံတကာဆောင်ပုဒ်နှင့်အညီ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားကို ကျင်းပခဲ့သည်။ မကွေးတိုင်း၊ စလင်းမြို့နယ်၊ ငွေတောင်ရပ်ရွာမှ အမျိုးသမီး စုစုပေါင်း ၂၀ ဦး ပါဝင်တက်ရောက်ခဲ့ပြီး၊ ၎င်းတို့၏ အတွေးအမြင်များ၊ အတွေ့အကြုံများနှင့်အတူ အမြန်အဆန်ပြောင်းလဲလာသည့် မိမိပတ်ဝန်းကျင်တွင် ဒစ်ဂျစ်တယ် နည်းပညာအသုံးပြုမှုများအပေါ် ကောင်းကျိုး၊ ဆိုးကျိုး နှင့် အားနည်းချက်များကို ဆွေးနွေးခဲ့ကြသည်။
ရှမ်းတောင်၊ အင်းလေးကန်တွင် အဆင့်မြှင့်တင်ထားသည့် ငါးမီးခိုးကြပ်တိုက်မီးဖိုစမ်းသပ်ခြင်း
၂၀၂၃ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ငါးကြပ်တိုက်စီမံပြုပြင်သူ၏ ဦးဆောင်မှုနှင့်အတူ ဝင်ငွေတိုးငါးမွေးမြူရေးစီမံကိန်းမှ အဆင့်မြှင့်တင်ထားသော မီးဖိုဖြင့် ငါးကြပ်တိုက်သည့် ကနဦးစမ်းသပ်ထုတ်လုပ်ခြင်းကို ဆောင်ရွက်ခဲ့သည်။ ဤစမ်းသပ်မှုကို ရှမ်းတောင်၊ ညောင်ရွှေမြို့နယ်ရှိ ဝင်ငွေတိုးငါးမွေးမြူရေးစီမံကိန်းဝန်ထမ်း၏ ပံ့ပိုးကူညီမှုနှင့်အတူ ငါးဖမ်းဆီးပြီးနောက်ကောင်းမွန်စွာစီမံပြုပြင်ခြင်းဆိုင်ရာ နိုင်ငံတကာကျွမ်းကျင်ပညာရှင်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ပြုလုပ်ခဲ့သည်။

ကနဦးရလဒ်အနေဖြင့်
• မီးခိုးကြပ်တိုက်သည့်ကြာမြင့်ချိန် ၁၂ နာရီ မှ ၃-၄ နာရီအထိ လျှော့ချပေးခြင်း
• လောင်စာအနေဖြင့် ထင်းအသုံးပြုမှု လျှော့ချပေးခြင်း
• ရွှေရောင်သန်းအညို (နှိုင်းယှဉ်) ယခင် မီးခိုးရင့်ရောင်
• မီးဖိုမှ မီးခိုးထုတ်လွှတ်မှု လျှော့ချပေးခြင်း
• အဆင့်မြှင့်ထားသော မီးဖိုသည် မိရိုးဖလာမီးဖိုထက် တာရှည်ခံနိုင်မှုရှိခြင်း
အဆင့်မြှင့်မီးဖိုဆောက်လုပ်ခြင်းဖြင့် ငါးစီမံပြုပြင်သူ၏ ငါးကြပ်တိုက်အရည်အသွေး၊ အစားအစာဘေးကင်းလုံခြုံမှု နှင့် ဝင်ငွေများ တိုးတက်ကောင်းမွန်အောင် ပံ့ပိုးကူညီပေးသည်။ ဝင်ငွေတိုးငါးမွေးမြူရေးစီမံကိန်း၏ အဓိကရည်ရွယ်ချက်များမှ တစ်ခုဖြစ်သည့် အာဟာရပြည့်ဝပြီးအစားအစာဘေးကင်းလုံခြုံစွာရရှိနိုင်မှုတွင် မှန်ကန်သောပံ့ပိုးကူညီမှုရလဒ်နှင့်အတူ ဤရပ်ရွာဒေသရှိ အခြားသော ငါးစီမံပြုပြင်သူများအား နည်းပညာများကို ပုံစံတူပြန်လည်လက်ဆင့်ကမ်းပေးနိုင်မည်ဟု မျှော်မှန်းထားပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
မွေးမြူရေးသတင်း
ကိုသက်ထွန်း
3 years agoရန်ကုန်မှာ အကောင်အထည် အဖော်ဘူးလား အကျိုးတူ လုပ်ချင်ပါတယ်
Related articles
Content provider
WorldFish
WorldFish သည် သုတေသနလုပ်ငန်းအဖွဲ့အစည်းနှင့် သိပ္ပံဌာန (၁၅) ခု ပူးပေါင်းဖွဲ့စည်းထားသော “ နိုင်ငံတကာ စိုက်ပျိုးရေးနှင့် မွေးမြူရေး သုတေသနာ အတိုင်ပင်ခံ ပညာရှင်အဖွဲ့ - Consultancy Group for international Agricultural Research- CGIAR” တွင် အဖွဲ့ဝင်ဖြစ်ပါ ကြောင်း၊ CGIAR ၏ အဓိကဝန်ဆောင်မှုမှာ ရည်မှန်းချက်မှာ (၁) ကျေးလက်ဆင်းရဲနွမ်းပါးမှုလျော့နည်းရေး၊ (၂) ရိက္ခာဖူလုံမှုတိုးတက်ရေး (၃) ကျမ်းမာရေးနှင့် အာဟာရပြည့်ဝစွာဖြည့်ဆည်းရရှိရေး (၄) သဘာဝသယံဇာတများကို ရေရှည်သုံးစွဲနိုင်ရန် ထိန်းသိမ်းစောင့်ရှောက်ရေး စသည်တို့ ဖြစ်ပါသည်။ WorldFish ၏ သီးသန့်ဝန်ဆောင်မှု ရည်မှန်းချက်မှာ ဆင်းရဲနွမ်းပါးမှုနှင့် ဆာလောင်မွတ်သိပ်မှု လျော့နည်းစေရန် ငါးမွေးမြူခြင်း၊ ငါးလုပ်ငန်းဆောင်ရွက်ခြင်း၊ နည်းလမ်းများဖြင့် ဖော်ဆောင်သွားရန်ဖြစ်သည့်အတွက် ယခုအခါ ငါးမွေးမြူသူတောင်သူများ လေ့လာနိုင်ရန် Green Way - အစိမ်းရောင်လမ်း စိုက်/မွေး ဖုန်းဆော့ဝဲလ် နှင့် ပူးပေါင်းကာ မွေးမြူရေးနည်းပညာများ ဖော်ပြပေးလျက်ရှိသည်။
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ကမ္ဘာ့ငါးအဖွဲ့
See all
ငါးမွေးကန်တွင်သုံးသည့် ထုံးအမျိုးအစား နှင့် pH တန်ဖိုးများ
14/01/2025
သားစားငါးရိုင်းများကြောင့် ငါးမွေးကန်တွင်ထိခိုက်နစ်နာနိုင်ခြင်း
26/12/2024
ရေမှော်၊ မြက်ပင်၊ ကိုင်းပင်များရှင်းလင်းခြင်း
28/11/2024
ကန်ဘောင်နှင့် ကန်အောက်ခြေပြင်ဆင်ခြင်း
22/11/2024
ငါးမွေးမြူရေးတွင် အဓိကရေရရှိမှုနှင့် ကန်သစ်တူးခြင်း၊ ကန်ပုံစံ၊ ကန်ဘောင်အချိုးအစား
14/11/2024
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....