ဝက်အစာစရိတ်မြင့်တက်ပြီး အရှင်ဖမ်းစျေးကျနေလို့ ဝက်မွေးမြူသူတွေ တွက်ချေမကိုက်ဘဲ အရှုံးပေါ်
ပြည်တွင်း ဝက်မွေးမြူရေးကဏ္ဍမှာ ဝက်သားပေါက်စျေးနှုန်း နဲ့ မွေးမြူရေးအစာစျေးနှုန်း မြင့်တက်နေပြီး ရောင်းတန်းဝင် ဝက်ကြီးအရှင် ခြံဖမ်းစျေးကတော့ ကျဆင်းလာနေတာကြောင့် ဝက်မွေးမြူရေး လုပ်ကိုင်သူတွေ အဆင်မပြေ ဖြစ်နေရတယ်လို့ သိရပါတယ်။
ပြည်တွင်း အသားစျေးကွက်အတွင်းကို ထိုင်းကနေ ဝက်တွေ ဝင်ရောက်မှု ရှိနေခြင်း၊ ပြည်တွင်း ဝက်မွေးမြူရေးလုပ်ငန်းရှိ ဝက်တွေမှာ ရောဂါပိုး ကူးစက်ဝင်ရောက်မှုရှိခြင်းကြောင့် ရောင်းလိုအားများပြီး ဝယ်လိုအား နည်းတာကြောင့် ပြည်တွင်းမှာ ရောင်းတန်းဝင် ဝက်အရှင် ခြံဖမ်းစျေး ကျလာနေတာ ဖြစ်တယ်လို့ သိရပါတယ်။
“ထိုင်းဝက်တွေ ဝင်နေသရွေ့ စျေးက အတက်မမြင်ဘူး။ ပြည်တွင်းမှာကလည်း ဝက်တွေ နာတာနဲ့ နေမကောင်းလို့ ကြောက်ပြီး ရောင်းကြတော့ စျေးက မတက်နိုင်သေးဘူး။ မန္တလေးမှာကို ကျနေတာပါ” လို့ မန္တလေးမှ ဝက်ရောင်းဝယ်ရေး လုပ်ကိုင်နေသူ တစ်ဦးက ပြောပါတယ်။
လက်ရှိ ဝက်စျေးက မန္တလေးမှာ ကုမ္ပဏီတွေရဲ့ ဝက်ကြီး စျေးက တစ်ပိဿာကို ၁၇,၀၀၀ ကျပ်ပေါက်ပြီး ပြင်ပ ဝက်မွေးမြူရေး လုပ်ကိုင်သူတွေရဲ့ ဝက်ခြံတွေမှာတော့ ဝက်ကြီးအရှင် ခြံဖမ်းစျေးမှာ ၁၆,၀၀၀ ကျပ် စျေးနှုန်းသာ ရှိတယ်လို့ သိရပါတယ်။
အခြား ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ မွန်ပြည်နယ် အပါအဝင် ဒေသအများစုမှာတော့ ဝက်အရှင် ခြံဖမ်းစျေး တစ်ပိဿာကို ၁၄,၀၀၀ မှ ၁၅,၀၀၀ ကျပ် စျေးနှုန်းသာ ရောင်းချရမှုရှိနေတယ်လို့ သိရပါတယ်။
ဒါကြောင့် ဝက်မွေးမြူရေး ကုန်ကျစရိတ်တွေ မြင့်တက်နေချိန်မှာ ဝက်အရှင် ခြံဖမ်းစျေးကျဆင်းခြင်းကြောင့် တောင်သူအချို့မှာ မွေးမြူရေး ကုန်ကျစရိတ်အရင်းပင် ပြန်မရတဲ့အထိ အရှုံးနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

“ဝက်တွေ နေမကောင်းလို့ ထုတ်လိုက်ပြီ။ စျေးက မရတော့ ရှုံးတာပေါ့။ ဝက်ပေါက်စျေးကတော့ ခေါင်ခိုက်လို့၊ အစာစျေးကလည်း မြင့်တယ်လေ” လို့ ပဲခူးတိုင်းမှ ဝက်မွေးမြူရေး လုပ်ကိုင်သူ ကိုသန်းထွန်းက ပြောပါတယ်။
လက်ရှိ ပြည်တွင်းမှာ ဝက်သားပေါက် တစ်ကောင်ကို ၃၅၀,၀၀၀ ကျပ်မှ ၄၀၀,၀၀၀ ကျပ် ဝန်းကျင်အထိ စျေးပေါက်နေသလို မွေးမြူရေးအစာ စျေးကလည်း အစာအိတ်အလေးချိန်နဲ့ အမှတ်တံဆိပ်အမျိုးအစား အပေါ်မူတည်ပြီး စျေးနှုန်းကွာခြားမှုရှိကာ အနည်းဆုံး ၆၀,၀၀၀ ကျပ်မှ တစ်သိန်းကျော်အထိရှိနေကြောင်း သိရပါတယ်။
ဝက်အရှင် ခြံဖမ်းစျေး ကျဆင်းနေပေမဲ့ အသားစျေးကွက်မှာတော့ ဝက်သားစျေး ကျဆင်းခြင်းမရှိဘဲ ဝက်သား တစ်ပိဿာကို ၃၂,၀၀၀ ကျပ်မှ ၅၀,၀၀၀ ကျပ်အထိ စျေးရှိနေကြောင်း၊ လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့ ဒေသတွေမှာ ဝက်သားစျေး ပိုမြင့်တယ်လို့ သိရပါတယ်။
ဝက်ကြီးအရှင် ခြံဖမ်းစျေးက ပြီးခဲ့တဲ့လတွေတုန်းက တစ်ပိဿာကို ၂၀,၀၀၀ ကျပ်ကျော်အထိ စံချိန်တင် မြင့်တက်ခဲ့ပြီးနောက် ထိုင်းဝက်တွေ ဆက်တိုက် အဝင်ရှိလာသလို ဝက်နာဝင်လာတာကြောင့် စျေးဆက်တိုက် ကျလာတာဖြစ်တယ်လို့ သိရပါတယ်။
ဝက်ခြံဖမ်းစျေး ကျဆင်းပြီး ဝက်မွေးမြူရေး ကုန်ကျစရိတ် မြင့်တက်မှုကြောင့် လက်ရှိမှာတော့ ဝက်မွေးမြူရေး လုပ်ကိုင်သူ လျော့နည်းလာနေတယ်လို့ သိရပါတယ်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
မွေးမြူရေးသတင်း
Related articles
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from AMIA
See all
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
ရှမ်းတောင်တွင် ဘိုစားပဲ၊ ရွှေပဲနှင့် ငရုတ်ပွ ဈေးကွက် အကျဘက်သို့ရောက်
05/06/2026
မကွေးရှိ ကြက်မွေးမြူရေးခြံများတွင် ကြက်အကောင်ရေ ရာနှင့်ချီ သေဆုံး
02/06/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၂၅ - ၂၉.၅.၂၀၂၆)
29/05/2026
ဧရာဝတီတိုင်းတွင် ဆန်စပါးအများစု ဈေးကျလာ
27/05/2026