ဧရာဝတီတိုင်းတွင် ဆန်စပါးအများစု ဈေးကျလာ
ဧရာဝတီတိုင်း ဆန်စပါးဈေးကွက်၌ ယခုမေလ နောက်ဆုံးပတ်ခန့်တွင် ဆန်၊ စပါး အမျိုးအစားအများစု ဈေးပြန်ကျလာကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းခွဲ (ဧရာဝတီ) က ထုတ်ပြန်သည့် ဈေးကွက်အရောင်းအဝယ် အခြေအနေအရ သိရသည်။
ဧရာဝတီ ဆန်စပါးဈေးကွက်တွင် ဧရာဝတီပေါ်ဆန်း၊ ပေါ်ဆန်းရင်၊ ဧရာဝတီ (ကျားပျံ)၊ ပေါ်ဆန်းရင် (ရေကြို)၊ တောင်ပျံပေါ်ဆန်း၊ ရွှေသွယ်လေး၊ ရက် ၉၀၊ ရေဆင်း (သီးထပ်)၊ကောက်ညှင်းဆန် အမျိုးအစားများ ဈေးကျဆင်းနေခြင်းဖြစ်ကြောင်း သိရသည်။
ဆန်အမျိုးအစားများထဲတွင် GW 11 ဆန်စပါး တစ်မျိုးတည်းသာ ဈေးမြင့်တက်လာခြင်းဖြစ်ပြီး ကျန်ရှိသည့် ရေကြည်ပေါ်ဆန်းမှာ ဆန်ဈေးငြိမ်သော်လည်း စပါးဈေး ကျသွားကြောင်း သိရသည်။ ကောက်ကြီးပေါ်ဆန်း၊ ပခန်းရေကျ၊ သုခ ဆန်အမျိုးအစား ဈေးနှုန်းများမှာမူ ဈေးငြိမ်နေကြောင်း သိရသည်။
"GW 11 က ဈေးမြောက်လာတယ်။ စပါးက ထည့်တဲ့သူလည်း နည်းတယ်။ ဆန်၊ စပါးက ဒီမေလ နောက်ဆုံးပတ်ရောက်မှ အကျပြတာပါ။ မေပထမပတ်လောက်အထိက ဈေးအတက်ပဲ ရှိတာ" ဟု ဧရာဝတီတိုင်း ဆန်ကုန်သည်တစ်ဦးက ပြောသည်။

မေ ၂၆ ရက်က ဧရာဝတီတိုင်းအတွင်း အရောင်းအဝယ်ဖြစ်ခဲ့သည့် ဆန်ဈေးနှုန်းများမှာ ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် ၁၅၀,၀၀၀ ကျပ်မှ ၁၅၅,၀၀၀ ကျပ်၊ ပေါ်ဆန်းရင် (ပင်လယ်)လျှင် ၁၃၀,၀၀၀ ကျပ်မှ ၁၄၅,၀၀၀ ကျပ်၊ ဧရာဝတီ (ကျားပျံ) လျှင် ၁၅၀,၀၀၀ ကျပ်မှ ၁၅၅,၀၀၀ ကျပ်၊ ပေါ်ဆန်းရင် (ရေကြို) လျှင် ၁၃၅,၀၀၀ ကျပ်မှ ၁၄၀,၀၀၀ ကျပ်၊ တောင်ပျံပေါ်ဆန်းလျှင် ၁၅၀,၀၀၀ ကျပ်မှ ၁၅၅,၀၀၀ ကျပ်၊ ရွှေသွယ်လေးလျှင် ၁၂၇,၀၀၀ ကျပ်မှ ၁၃၀,၀၀၀ ကျပ်၊ ရက် ၉၀ လျှင် ၇၅,၀၀၀ ကျပ်မှ ၈၀,၀၀၀ ကျပ်၊ ရေဆင်း (သီးထပ်) လျှင် ၆၈,၀၀၀ ကျပ်မှ ၇၀,၀၀၀ ကျပ်၊ ကောက်ညှင်းဆန်လျှင် ၆၅,၀၀၀ ကျပ်မှ ၇၀,၀၀၀ ကျပ်အတွင်းသာ ရှိကြောင်း သိရသည်။
အလားတူ စပါးဈေးကွက်တွင်လည်း မေ ၂၆ ရက်က ဧရာဝတီပေါ်ဆန်းနှင့် ဧရာဝတီ (ကျားပျံ) စပါး တင်း ၁၀၀ လျှင် ၄၅ သိန်းကျပ်၊ ပေါ်ဆန်းရင် (ရေကြို) နှင့် တောင်ပျံပေါ်ဆန်းက သိန်း ၄၀ ကျပ်၊ ရွှေသွယ်လေးက သိန်း ၃၀ ကျပ်၊ ရက် ၉၀ စပါးက သိန်း ၂၀ ကျပ်၊ ရေဆင်း (သီးထပ်) က ၁၈ သိန်းကျပ်၊ ကောက်ညှင်းစပါးက ၁၆ သိန်းကျပ်သာ ရှိတော့ကြောင်း သိရသည်။
မေ ၁၂ ရက်က ဧရာဝတီ ဆန်စပါးဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ဆန်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဆန်တစ်အိတ်လျှင် ၂,၀၀၀ ကျပ်မှ ၁၀,၀၀၀ ကျပ်အထိ ဈေးကျသွားသလို စပါးဈေးကလည်း တင်း ၁၀၀ လျှင် ၁ သိန်းကျပ်ခန့် ကျဆင်းလာကြောင်း သိရသည်။
"စပါးဈေးကျတယ်ဆိုပေမဲ့ ဈေးကွက်ထဲမှာ အရောင်းအဝယ်ကတော့ ရှိနေပါတယ်။ ခုရက်ပိုင်း ဆန်ဈေးလည်း ပြန်ကျတယ်" ဟု စပါးဝယ်ရောင်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။
GW 11 ဆန်ကမူ မေ ၂၆ ရက်တွင် တစ်အိတ်လျှင် ၇၀,၀၀၀ ကျပ်မှ ၇၂,၀၀၀ ကျပ်ရှိပြီး စပါးဈေးက တင်း ၁၀၀ လျှင် ၁,၈၂၀,၀၀၀ ကျပ် ရှိသည်။ မေ ၁၂ ရက်ကမူ GW 11 ဆန်တစ်အိတ်လျှင် ၆၀,၀၀၀ ကျပ်မှ ၆၂,၀၀၀ ကျပ်နှင့် စပါးဈေးက ၁,၆၅၀,၀၀၀ ကျပ်သာ ရှိခဲ့သည်။ ထို့ကြောင့် ဆန်တစ်အိတ်လျှင် ၁၀,၀၀၀ ကျပ် တက်လာပြီး စပါးဈေးမှာ ၁၇၀,၀၀၀ ကျပ် မြင့်တက်လာခြင်းဖြစ်သည်။
ရေကြည်ပေါ်ဆန်းစပါးမှာမူ သိန်း ၆၀ ကျပ် ဈေးပေါက်နေပြီး ကောက်ကြီးပေါ်ဆန်းစပါးက သိန်း ၃၀ ကျပ်၊ ပခန်းရေကျစပါးက ၂၄ သိန်းကျပ်၊ သုခစပါးက သိန်း ၂၀ ကျပ် ဈေးပေါက်နေကြောင်း သိရသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
စပါးဈေးကွက် အချိတ်အဆက်
Khing Lin Aung
1 month agoရေကြည်ပေါ်ဆန်း။ ပေါ်ဆန်းရင်တို့ကဘယ်လိုရေ မြေ ရာသီဥတုနဲ့ဘယ်အချိန်မှာစိုက်ပျိုးရင်အဆင်ပြေမလဲသိချင်ပါတယ်
ကျော်ဧရာ ဆန်စက်
1 month agook ok
ko naing phyo wai
1 month agohello
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from AMIA
See all
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
ရှမ်းတောင်တွင် ဘိုစားပဲ၊ ရွှေပဲနှင့် ငရုတ်ပွ ဈေးကွက် အကျဘက်သို့ရောက်
05/06/2026
မကွေးရှိ ကြက်မွေးမြူရေးခြံများတွင် ကြက်အကောင်ရေ ရာနှင့်ချီ သေဆုံး
02/06/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၂၅ - ၂၉.၅.၂၀၂၆)
29/05/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၁၈ - ၂၂.၅.၂၀၂၆)
23/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....