ကြက်သား အရိုးမပါ အသားသီးသန့်မှာ ကျပ် ၃၀,၀၀၀ အထက်ရှိနေ
ပြည်တွင်းအသားငါးဈေးကွက်တွင် ကြက်သားဈေး တက်လာနေပြီး ငါးကြင်း၊ ဝက်သားနှင့် အမဲသားတို့မှာ ဈေးငြိမ်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ကြက်သားတစ်ပိဿာလျှင် အရိုးမပါ အသားသီးသန့်မှာ ကျပ် ၃၀,၀၀၀ နှင့် အထက်ရှိနေပြီး၊ ပေါင်လုံး ကျပ် ၂၃,၀၀၀၊ အတောင်ပံ ကျပ် ၂၀,၀၀၀၊ ကြက်ခြေထောက် ကျပ် ၁၅,၀၀၀ နှင့် အရိုးအစုံ အရောအနှောမှာ ကျပ် ၁၄,၀၀၀ ခန့် ရှိလာကြောင်း သိရသည်။
ငါးကြင်းမှာ တစ်ပိဿာလျှင် ကျပ် ၂၆,၀၀၀ ဝန်းကျင်ရှိနေပြီး၊ အမဲသားမှာ ကျပ် ၃၃,၀၀၀ မှ ၃၅,၀၀၀ အထိ၊ ဝက်သားမှာ အသားအမျိုးအစားအလိုက် တစ်ပိဿာလျှင် ကျပ် ၃၀,၀၀၀ မှ ၄၀,၀၀၀ အထိ ရှိနေကြောင်း သိရသည်။
"ကြက်သားက တက်လိုက်ကျလိုက်နဲ့ ဈေးက မမှန်ဘူး။ အခုဆိုရင် ရင်ညွန့်ရိုးပါကို ၂၆,၀၀၀ ရောင်းရတယ်။ ကြက်သားက လူအများစားတာဆိုတော့ ရောင်းအားကတော့ ပုံမှန်ရှိပါတယ်။ ငါးကြင်းကတော့ ဗိုက်သားအဆီနဲ့ အသားအရောကို ၂၆,၀၀၀ ပေါ့။ အသားသီးသန့်ဆိုရင်တော့ ဈေးပိုပါတယ်" ဟု အသားငါးရောင်းချသူတစ်ဦးက ပြောသည်။
လက်ရှိတွင် အခြေခံလူတန်းစားများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းနည်းပါးပြီး လုပ်ခလစာ ရရှိမှုမှာလည်း နည်းပါးနေသောကြောင့် နေ့စဉ်စားဝတ်နေရေးအတွက် ရုန်းကန်နေကြရသည်။ ထို့ကြောင့် အသားဟင်းကို နေ့စဉ် ဝယ်ယူချက်ပြုတ်စားသောက်ရန် ခဲယဉ်းနေကြောင်း သိရသည်။
ထိုအချက်များကြောင့် ပြည်တွင်းအသားငါးဈေးကွက်တွင် အသားငါးများ ဝယ်လိုအား (ရောင်းအား) လျော့ကျနေသည့် အခြေအနေရှိကြောင်း သိရသည်။
"အရင်လို မစားနိုင်တော့ဘူး။ အရင်က တစ်ရက် ၂၀ သား ချက်ရင် အခုဆို ၁၀ သားကိုပဲ ညရော မနက်ရော လောက်အောင် စားရတာပေါ့။ တချို့ဆို အသားဟင်းတောင် နပ်မမှန်ဘူး။ အသားငါးဈေးတွေကလည်း ၁၀ သားကို ၆၀၀ လောက်ကနေ တက်လာလိုက်တာ အခုဆို မေးလိုက်ရင် ၁၀ သားကို ၂,၀၀၀ အထက်တွေချည်းပဲ" ဟု စားသုံးသူတစ်ဦးက ပြောသည်။
ကြက်သားဈေး တက်ရသည့် အဓိကအကြောင်းရင်းမှာ ဈေးကွက်အတွင်း ကြက်အဝင်နည်းလာသောကြောင့်ဖြစ်ကြောင်း သိရသည်။ဝက်သားနှင့် အမဲသားမှာ ဈေးနှုန်းငြိမ်နေသည်ဆိုသော်လည်း အမြင့်ဈေးတန်းတွင် ရှိနေခြင်း၊ လူမျိုးဘာသာအလိုက် စားသုံးမှု ကန့်သတ်ချက်ရှိခြင်းနှင့် ဈေးနှုန်းကြီးမြင့်ခြင်းတို့ကြောင့် ဝယ်ယူစားသုံးမှု နည်းပါးနေခြင်းဖြစ်ကြောင်း သိရသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
သားငါးဈေးနှုန်းများ
Related articles
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from AMIA
See all
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
ရှမ်းတောင်တွင် ဘိုစားပဲ၊ ရွှေပဲနှင့် ငရုတ်ပွ ဈေးကွက် အကျဘက်သို့ရောက်
05/06/2026
မကွေးရှိ ကြက်မွေးမြူရေးခြံများတွင် ကြက်အကောင်ရေ ရာနှင့်ချီ သေဆုံး
02/06/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၂၅ - ၂၉.၅.၂၀၂၆)
29/05/2026
ဧရာဝတီတိုင်းတွင် ဆန်စပါးအများစု ဈေးကျလာ
27/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....