အသားတိုးကြက်အရှင်ဈေးနှုန်းများ ပြန်လည်မြင့်တက်လာ
ဈေးနှုန်းအတက်အကျ မြန်ဆန်သည့် ပြည်တွင်းအသားတိုးကြက်အရှင်ဈေးကွက်မှာ ယခု ဖေဖော်ဝါရီလအတွင်း ဈေးနှုန်းပြန်လည်မြင့်တက်လာကြောင်း ကြက်မွေးမြူရေးလုပ်ကိုင်သူများထံမှ သိရသည်။
ဖေဖော်ဝါရီ ၁၅ ရက်နေ့အထိ ရန်ကုန် မင်္ဂလာတောင်ညွန့် ကြက်၊ ဘဲဈေး၌ အသားတိုးကြက်အရှင် ခြံဖမ်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ၁၂,၃၀၀ ကျပ်မှ ၁၂,၆၅၀ ကျပ်အထိ ရှိနေပြီး ဒိုင်ရောင်းဈေးမှာ ၁၃,၃၀၀ ကျပ်မှ ၁၃,၅၀၀ ကျပ်ဝန်းကျင်အထိ မြင့်တက်လာခြင်းဖြစ်သည်။
မန္တလေးနှင့် စဉ့်ကိုင် အသားတိုးဈေးကွက်တွင်မူ အသားတိုးကြက်အရှင် တစ်ပိဿာလျှင် ၁၆,၅၀၀ ကျပ်အထိ ဈေးပေါက်နေပြီး အခြားဒေသများတွင်လည်း တစ်ပိဿာလျှင် ၁၅,၀၀၀ ကျပ်မှ ၁၆,၀၀၀ ကျပ်အထက်တွင် ရှိနေကြောင်း သိရသည်။
"ကြက်ဈေးက ကျရင်လည်း ဆက်တိုက်ကျသလို တက်ရင်လည်း အရမ်းမြန်တယ်။ အဓိကကတော့ ဈေးကွက်ထဲ ကြက်အဝင်များရင် ဈေးကျပြီး အဝင်နည်းသွားရင် ဈေးတက်တာပါပဲ" ဟု မွေးမြူရေးအစာနှင့် ကြက်ပေါက်ရောင်းဝယ်ရေး လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် ရန်ကုန်ရှိကြက်မွေးမြူရေးခြံအချို့၌ ကြက်အသေအပျောက်များနေခြင်းကြောင့် ဈေးကွက်အတွင်းသို့ ကြက်ကြီးအဝင် နည်းပါးသွားခြင်းက ဈေးနှုန်းမြင့်တက်ရသည့် အဓိကအကြောင်းရင်း ဖြစ်သည်။ ထို့ကြောင့် ဇန်နဝါရီလကုန်ပိုင်းမှစတင်ကာ ယခု ဖေဖော်ဝါရီလလယ်အထိ ဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ကြက်မွေးမြူရေးလုပ်ကိုင်သူ တစ်ဦးက "ကြက်ဈေးတက်တဲ့အချိန်မှာ ကြက်က ထင်သလောက်မဖြစ်ပြန်ဘူး။ ဒါက မွေးမြူရေးသမားတွေအတွက် ဒုက္ခတစ်မျိုးပါပဲ။ ကြက်တွေက ရက် ၂၀ သားလောက်ကစပြီး ကြီးထွားနှုန်း မတက်တော့ဘဲ ဖြစ်နေတယ်" ဟု ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်ဝန်းကျင်က မန္တလေး၊ စဉ့်ကိုင်၊ မကွေး၊ မိတ္ထီလာနှင့် ပြင်ဦးလွင် အပါအဝင် ဒေသအသီးသီးတွင် အသားတိုးကြက်အရှင် ခြံဖမ်းဈေးမှာ တစ်ပိဿာလျှင် ၁၀,၀၀၀ ကျပ်မှ ၁၃,၀၀၀ ကျပ်ဝန်းကျင်သာ ရှိခဲ့သည်။ အလားတူ ရန်ကုန်ဈေးကွက်တွင်လည်း ဇန်နဝါရီ ၂၂ ရက်က ခြံဖမ်းဈေး တစ်ပိဿာလျှင် ၈,၈၀၀ ကျပ်မှ ၉,၃၀၀ ကျပ်ခန့်သာ ရှိခဲ့ရာမှ ယခုအခါ သိသိသာသာ မြင့်တက်လာခြင်း ဖြစ်သည်။
ကြက်အရှင်ဈေး မြင့်တက်လာမှုနှင့်အတူ အသားဈေးကွက်အတွင်း၌လည်း ကြက်သားဈေးနှုန်းများ လိုက်ပါမြင့်တက်လျက်ရှိသည်။ လက်ရှိတွင် ကြက်သား (အရိုးမပါ အသားသီးသန့်) တစ်ပိဿာလျှင် ၃၃,၀၀၀ ကျပ်၊ ရင်အုပ်သား (အသန့်) ၂၉,၀၀၀ ကျပ်၊ ရင်ညွန့် (အရိုးပါ) ၂၇,၀၀၀ ကျပ်နှင့် ပေါင်သား တစ်ပိဿာလျှင် ၂၇,၀၀၀ ကျပ်ခန့်အထိ ဈေးပေါက်နေကြောင်း သိရသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
သားငါးဈေးနှုန်းများ
Related articles
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from AMIA
See all
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
ရှမ်းတောင်တွင် ဘိုစားပဲ၊ ရွှေပဲနှင့် ငရုတ်ပွ ဈေးကွက် အကျဘက်သို့ရောက်
05/06/2026
မကွေးရှိ ကြက်မွေးမြူရေးခြံများတွင် ကြက်အကောင်ရေ ရာနှင့်ချီ သေဆုံး
02/06/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၂၅ - ၂၉.၅.၂၀၂၆)
29/05/2026
ဧရာဝတီတိုင်းတွင် ဆန်စပါးအများစု ဈေးကျလာ
27/05/2026