မြေကို နေကင်ခြင်း
မြေအောင်းရောဂါ၊ မှိုတွေ၊ ဘက်တီးရီးယားတွေကို သုတ်သင်တဲ့ သဘာ၀နည်းလို့ နာမည်တပ်လိုက်ရင် စိတ်ဝင်စားကြမယ်ထင်ပါတယ်။
ခေါင်းစဉ်လှအောင် စာရေးသူက မြေကိုနေကင်ခြင်းလို့ နာမည်ပေးလိုက်မိပါ၏။ အခြားသော ကျွမ်းကျင်သူတွေရဲ့ အခေါ်အဝေါ်မှာတော့ တစ်မျိူးပြောင်းလဲခေါ်ဆိုမှု ရှိနိုင်ပါတယ်။
တောင်သူဦးကြီးများ အများစုကြုံတွေ့ရတဲ့ ပိုးပြသနာမှာ အဓိက (၂) မျိုး ရှိပါတယ်။ ပထမကတော့ အင်းဆက်ဖြစ်ပြီး၊ ဒုတိယကတော့ မှိုနဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။ဓာတုပိုးသတ်ဆေးတွေ အမြဲအသုံးပြုခြင်းဟာ စာရေးသူတို့ချစ်တဲ့ ကမ္ဘာမြေအတွက် ရေရှည်မကောင်းနိူင်ပါဘူး။ အခုမျှဝေမယ့် နည်းလမ်းလေးက အတော်ကို ထိရောက်မှုရှိပါတယ်။ အော်ဂဲနစ်ဆန်ဆန်လဲသွားချင်တယ် ပိုးတွေလဲ သေစေချင်တယ် ဟုတ်ကဲ့ ဒီနည်းလမ်းကိုစာရေးသူတို့ စကြည့်ကြမယ်။
Soil Solarization ဆိုတာ မြေကိုနေလှမ်းတဲ့ သဘာ၀နည်းတစ်ခုဖြစ်ပါတယ်။ အမေရိကန်ရှိ ကယ်လီဖိုးနီးယားပြည်နယ်မှာ ဒီနည်းလမ်းက အကျိုးပြုကြောင်း ရေးသားထုတ်ဝေတဲ့စာစောင်တွေရှိသလို မြေဆီလွှာဆရာကြီးတချို့ရဲ့ ကိုးကားချက်တွေလည်း များစွာရှိပါတယ်။ ဒီနည်းလမ်းဟာ လွယ်ကူရိုးရှင်းပြီး လေးဆင့်ပြုလုပ်ရပါတယ်။ နှစ်တစ်နှစ်ရဲ့ အပူပြင်းဆုံးအချိန်မှာ ဒီနည်းလမ်းကို လုပ်ဆောင်သင့်ပါတယ်။ အချိန်အတိုင်းအတာအားဖြင့် ရက်သတ္တပတ် ၄ ပတ်မှ ၆ ပတ်ထိ ပြုလုပ်ပေးရပါမယ်၊
၁။ ပထမဆုံးအနေနဲ့ ၁ ပေအနက်ထိ ၁၆ သွား သို့မဟုတ် မိမိအဆင်ပြေရာ စက်ပစ္စည်းတစ်ခုနဲ့ မြေပြင်ပြီး မွှပစ်ရပါမယ်။ အဲ့တာပြီးတဲ့နောက်မှာ လက်တစ်ဆုပ်မြေစာခဲအသေးရသည်အထိ တစ်ဆင့်တိုးပြီး မှုန့်ညက်စေရပါမယ်။ ဒါ့အပြင် မြေပြင်ပေါ်မှာ မြက်တစ်ပင်ကအစ ရိုးပြတ်တွေအဆုံး မကျန်ခဲ့အောင်ထိရှင်းပြီး အဝေးကိုပစ်ပါ။
၂။ ဒုတိယအဆင့်မှာ မြေကို သေချာစွာညှိပြီး (leveling) ညီအောင် ချိန်ညှိပေးရပါတယ်။
၃။ တတိယအဆင့်မှာတော့ အစိုဓာတ်ကောင်းမွန်စွာရဖို့ ရေလောင်းပေးရပါမယ်။ ရေလောင်းတဲ့နေရာမှာတော့ ဒီလုပ်ငန်းမစတင်မီ တစ်ကြိမ်သာ စိုနေအောင်လောင်းရုံပါပဲ ။
၄။ စတုတ္ထအဆင့်မှာ ပလတ်စတစ်အကြည်စကိုဝယ်ပြီး ထိုမြေတွေအပေါ်မှာ အုပ်ပေးရပါမယ် လေလွင့်ပါသွားမှာစိုးရင်တော့ ပလတ်စတစ်စကို ခဲဖိထားပေါ့။
အသေးစိတ်ရှင်းလင်းချက်
နည်းလမ်းကတော့ နေရဲ့ အပူစွမ်းအင်ကို မြေကြီးထဲမှာ စုဆောင်းဖမ်းယူပြီး အပူပေးခြင်း ဖြစ်ပါတယ်။ (၈၀ - ၁၄၀ ဒီဂရီဖာရင်ဟိုက်) နေရောင်ခြည်ရဲ့အပူချိန်ကို လှောင်ထားတဲ့ သဘောဆိုရင် မမှားပါဘူး။ ရေသွင်းဖို့လိုတဲ့အချက်ကတော့ ပလတ်စတစ်အောက်မှာ ပူနွေးစိုစွတ်တဲ့ အခြေအနေကို ဖန်တီးနိူင်ဖို့ ဖြစ်ပါတယ်။ အပူချိန်ကြောင့် အငွေ့မပျံသွားတဲ့ ရေထုရဲ့ အပူစိုထိုင်းစကို မြှင့်တင်ခြင်းဖြစ်ပါတယ်။ ဒါ့ထက်ရှင်းအောင် မြင်သာအောင်ပြောရရင်တော့ ကျွန်တော်တို့ ချွေးထုတ်ခန်းရောက်တဲ့ ခံစားချက်မျိုးနဲ့ ဆင်ပါတယ်။ တအားပူပီး ပြုတ်အိုက်လာရင် မခံနိူင်သလိုပါပဲ။ မြေထဲကပိုးတွေကို ချွေးထုတ်ခန်းလုပ်ပေးတဲ့သဘောလို့ ဥပမာပေးရင် ရှင်းပြီး မြင်သာသွားမယ်ထင်ပါတယ်။ ဒါ့ကြောင့် မြေကိုနေကင်ခြင်းမှာ အစိုဓာတ်ရှိတဲ့မြေက ပိုပြီး အကျိုးရှိစေတာဖြစ်ပါတယ်။
မှိုနဲ့ ဘက်တီးရီးယားအချို့ဟာ အပေါ်ယံမြေသားမှာ နေထိုင်တာများတဲ့အတွက် ဒီနည်းလမ်းဟာ ဖြူစေယီရမ်ရွက်ညှိုး၊ ဗာတီကူလမ်ပင်ညှိုး၊ ဖိုက်တိုသိုးရားအမြစ်ပုပ် စတဲ့ မှိုကျတဲ့ ရောဂါတွေရန်က တော်တော်ကြီး ကင်းရှင်းသွားပါလိမ့်မယ်။ နောက်တစ်ခုကတော့ နီမတုတ်တွေရဲ့ ကျရောက်မှုလည်း တတ်နိုင်သမျှ အတိုင်းအတာအထိ လျှော့ချနိုင်ပါလိမ့်မယ်။ ဒါ့အပြင် ယခုလိုပြုလုပ်ခြင်းဟာ မြေမှာပါ၀င်တဲ့ အဟာရအချို့လည်း အပူကြောင့် ပျော်၀င်ပြီး အပင်ပြန်စိုက်တဲ့အခါ မြေဆီဩဇာကောင်းလာစေနိုင်ပါတယ်။ မြေထဲက အကျိုးပြုအဏုဇီ၀ပိုးတွေရဲ့ လုပ်ဆောင်မှုကိုလည်း များစွာအကျိုးပြုစေပါတယ်။ သတိပြုရန်လိုတဲ့အချက်တွေကတော့ ဒီလိုလုပ်ထားတဲ့ ကာလတွေမှာ စိုက်ပျိုးခြင်းကို လုံး၀ရပ်နားထားရပါမယ်။ အဲ့တစ်ရာသီကိုတော့ မြေလှပ်ထားတာ အကောင်းဆုံးဖြစ်ပါတယ်။
ဒီလိုလုပ်တာဟာ ဥယျာဉ်ခြံနဲ့ ဧကများစွာမကျယ်၀န်းတဲ့ စိုက်ပျိုးသူတွေသာ လုပ်နိုင်ကြပါတယ်။ စိုက်ဧရိယာများတဲ့သူအဖို့တော့ အသေးစိတ်ဖို့ မလွယ်ကူနိူင်ပါဘူး။ ဒါပေမယ့် နှစ်စဉ် စိုက်ခင်းမှာ ရောဂါတွေပဲ ခဏခဏကျနေတယ်ဆိုရင်တော့ ဒီနည်းလမ်းလေးကို စမ်းကြည့်ဖို့ အကြံပေးပါရစေ။ မြေလှပ်ချိန်အကောင်းဆုံးကတော့ နွေရာသီကာလမှာ ၂ - ၃ လ ခန့် ပြုလုပ်ရုံပါပဲ။
တောင်သူများကြီးပွားတိုးတက်ကြပါစေဟု ဆန္ဒပြုလျှက်။
ပြည့်ဖြိုးသော် B.Agr.Sc (Soil and Water Science)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
နှမ်းအပီး စပါးစိုက်ချိန် မတိုင်မီ မြေဆီလွှာ ကို ဂျစ်ပဆန်ကျောက်မှုန့် နဲ့ စက်ဖွဲပြာ နှစ်မျိုးလုံး ချသင့် မသင့် အကြံပေးကြပါဦးခင်ဗျ ဆရာသမားတို့.. ကုန်ကျစရိတ်အရ နှစ်မျိုးထဲက တစ်မျိုးဆိုရင် ဘယ်အရာကိုပိုချသင့်လဲဆိုတာကိုပါ လမ်းညွှန်ပေးခဲ့ကြပါဦးခင်ဗျ...
အောင်မျိုးသူ • 1 answers
ကြ က်သွန် တစ်လသားရေလိုက်ပီး တစ်ခြားမှိုဆေး အသုံးမပြုပဲ ကလောက်ဒီ ပဲဖျန်းလို့အဆင်ပြေလားဗျ (ကလောက်ဒီ နဲ့ တစ်ခြားမှိုဆေး ရောဖျန်းလို့အဆင်ပြေလားလဲ ပြောပြပေးပါအုံး အကို
Aung Lay • 2 answers
ရော်ဘာအရွက်ခြောက်ကိုမြေဆွေးလုပ်တဲ့အခါသုံးလို့ရလား
Sawdohhtoo Sawsaw • 1 answers
ဝါးရွက်ခြောက်တေ လယ်ထဲထည့်သွင်းခြင်းက သဲဆန်သောမြေ အမျိုးအစားဖြစ်သွားနိုင်ပါသလား
ဝင့်ဝါခိုင် • 2 answers
မြေကြီးPh တိုင်းတဲ့စက္ကူ ရန်ကုန်ကဘယ်ဆိုင်တွေမှာရလဲဗျသိရင်ညွန်ပေးကြပါအုံး
Tazar Naing • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ပြည့်ဖြိုးသော်
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....