ပဲတီစိမ်း အဝါရောင်မိုစိတ်ဗိုင်းရပ်စ်ရောဂါ
မြန်မာနိုင်ငံတွင် ပဲဒီစိမ်းနှင့်မတ်ပဲခင်းများ၌ အဝါရောင်မိုစိတ်ရောဂါသည် ထင်ရှားစွာကျရောက်ဖြစ်ပွါး လျှက်ရှိပါသည်။ အိန္ဒိယနိုင်ငံတွင်လည်း ဆိုးဝါးပြင်းထန်စွာကျရောက်ကြောင်းသိရသည်။ ဤရောဂါသည် ဗိုင်းရတ်တစ်မျိုးကြောင့်ဖြစ်ပြီး၎င်းသည် ယင်ဖြူဟုခေါ်သောအင်းဆက်ပိုးတစ်မျိုးမှတစ်ဆင့် တစ်ပင်မှတစ်ပင် သို့တည်မြဲသည့်ပုံစံဖြင့်ကူးစက်ပျံ့နှံ့သည်။
အန္ဒိယနိုင်ငံတွင်တွေ့ရှိချက်အရ ဤရောဂါသည် အပင်ငယ်စဉ် မှစတင်ကျရောက်လျှင် ပဲတီစိမ်းသီးနှံပျက်စီးဆုံးရှုံးမှုသည် ၅၀% မှ ၇၀% အထိရှိသည်။ ဤရောဂါသည် အာရှတိုက်အနှံအပြား ပဲဒီစိမ်းစိုက်သည့်ဒေသအားလုံးတွင်လည်းတွ့ရသည်။ ဤဗိုင်းရတ်သည် အခြားသော ပဲမျိုးရင်းဝင်အပင်များ (ဥပမာ- ပဲစင်းငုံ၊ ပဲပုတ်၊ ဗိုလ်စားပဲ၊ ပဲကြီး၊ ပဲရာဇာ၊ ပဲလွန်း) တွင်လည်းကျရောက် တတ်သည်။
လက်ခံပင်ပြလက္ခဏာ
ဤရောဂါသည် အရွက်နုများပေါ်တွင်စတင်ကျရောက်သည်။ အလွန်သေးငယ်သည့် ပုံသဏ္ဍန်မမှန် အဝါရောင်အစက်များသည် ရွက်ကြောမွှာလေးများ တစ်လျှောက် ဖြစ်ပေါ်နေပြီး နောက်ပိုင်းတွင် ရွက်ပြားတစ်ခု လုံးပျံ့နှံ့ကာ တောက်ပသောအဝါရောင်-ရောင်မညီပြောက်ကြား ပုံစံဖြစ်လာသည်။ ထွက်ပြူခါစသုံးရွက်မွှာများ အောက်ဖက်သို့ကွေးနေတတ်သည်။ အရွက်များပုံသဏ္ဍန်မမှန်တတ်ပါ။ နောက်ပိုင်းတွင်အရွက်များ အဝါရောင် သို့ပြောင်းသွားပြီး အဝေးမှကြည့်လျှင်တစ်ခင်းလုံးဝါနေသည်။ အဝါရောင်အရွက်များတဖြေးဖြေးရှုံ့ ခြောက် သေဆုံးတတ်သည်။ အထူးသဖြင့်မတ်ပဲတွင် အဝါစက်များသေးငယ်ပြီးနောက်ပိုင်းတွင် တစ်ရှူးသေလက္ခဏာ ပြောင်းသွားသည်။
ရောဂါကျအပင်များတွင် အပွင့်နှင့်သီးတောင့်အရေအတွက်လျော့နည်းသွားသည်။ အပင် များ ရင့်မှည့်မှုနောက်ကျသည်။ သီးတောင့်များသေးငယ်၍ အဝါရောင်ပြောင်းကာ ရှုံ့တွန့် သွားတတ်သည်။ ဤရောဂါကျရောက်လျှင် အထွက်နှုံးရော အရည်အသွေးပါကျဆင်းသည်။
ဤရောဂါသည် အိန္ဒိယနိုင်ငံတွင် မတ်ပဲပေါ်၌်ပဲဒီစိမ်းထက်ပို၍ ပြင်းထန်စွာကျရောက်သည်။ ထိုင်းနိုင်ငံတွင် ပဲဒီစိမ်းပေါ်တွင်ကျရောက်မှုများပြီး မတ်ပဲပေါ်တွင်အတွေ့ရနည်းကြောင်းသိရသည်။
ပဲဒီစိမ်း အဝါရောင်မိုစိတ်ဗိုင်းရတ် ရောဂါလက္ခဏာများ
ဗိုင်းရတ်သယ်ဆောင်ကောင်- ယင်ဖြူ
ရောဂါကူးစက်ပျံနှံ့ခြင်း
ဤရောဂါသည် ယင်ဖြူအင်းဆက်မှတစ်ဆင့် တစ်ပင်မှတစ်ပင်သို့ကူးစက်ပျံ့နှံ့သည်။ ပင်ရည်ဖြင့် သော်လည်းကောင်း၊ မျိုးစေ့နှင့်မြေကြီးတို့မှ တစ်ဆင့်သော်လည်းကောင်း ကူးစက်ပျံ့နှံ့ခြင်းမရှိပါ။
စိုက်ခင်းတွင်ကျရောက်နေသည့်ယင်ဖြူများက အရွက်များမှပင်ရည်ကိုစုတ်ယူသည့်အခါ ဗိုင်းရတ် သည် ပင်ရည်နှင့်အတူပါးစပ်အစိတ်အပိုင်းမှတစ်ဆင့် ၎င်းတို့၏ ခန္ဒာကိုယ် အတွင်း ပါဝင်သွားသည်။ ၎င်းယင်ဖြူများက အခြားအပင်များပေါ်တွင် ဆက်လက်စုတ်ယူစားသောက်သောအခါ ဗိုင်းရတ်များက ပါးစပ်အစိတ်အပိုင်းမှတစ်ဆင့် အပင်တွင်းသို့ပြန်လည်ဝင်ရောက်ကာ ရောဂါကူးစက်ပျံ့နှံ့စေသည်။ ယင်ဖြူများ၏ခန္ဒာကိုယ်အတွင်းသို့ ဗိုင်းရတ်ရောက်ရှိသွားပြီးလျှင် ၃-ရက်မှ ၁၀ ရက်အထိ အပင်များအပေါ်တွင် စုတ်စားသည့်အခါတိုင်းကူးစက်နေစေဖြင့် တည်မြဲသည့်ပုံစံဖြင့်ကူးစက်စေခြင်းဖြစ်သည်။ သို့သော် ယင်ဖြူများက ဗိုင်းရတ်ကိုတစ်ကြိမ်ရယူပြီးတိုင်း ၎င်း၏ဘဝသက်တမ်းတစ်လျှောက် လုံးထိမ်းထားနိုင်ခြင်း တော့မရှိပေ။ ဗိုင်းရတ်ရောဂါကျနေသောအပင်ကိုထပ်မံစားသောက်နေလျှင် ဆက်လက်၍ကူးစက်နေမည် ဖြစ်သည်။ စိုက်ခင်းတွင်ယင်ဖြူဦးရေများစွာကျရောက်နေပါက ဤရောဂါ ကူးစက်ပျံ့နှံ့မှု လျှင်မြန်သည်။
ကာကွယ်နှိမ်နင်နည်း
၁။ ရောဂါဒါဏ်ခံနိုင်ရည်ရှိသော ပဲဒီစိမ်း၊ မတ်ပဲ၊ ပဲပုတ်မျိုးများစိုက်ပါ။
၂။ ရောဂါကင်းသောအပင်မှမျိုးစေ့များကိုသာ စိုက်ပျိုးပါ။
၃။ ရောဂါကျလေ့ရှိသည့်အချိန်ကိုရှောင်နိုင်ရန် အချိန်စောစိုက်ပါ။
၄။ ပဲမျိုးရင်းဝင်မဟုတ်သည့်အပင်များနှင့်သီးလှည့်စိုက်ပါ။
၅။ စိုက်ခင်းထဲတွင် ရောဂါစတင်မြင်တွေ့စဉ်ကပင် ရောဂါကျအပင်ကိုဖယ်ရှားပါ။
၆။ ရောဂါကျအပင်အစိတ်အပိုင်းများ စိုက်ခင်းအတွင်းမှရှင်းလင်းဖယ်ရှားပါ။ (နောက်စိုက်မည့် ပဲသီးနှံကို ဆက်လက်မကူးစက်စေရန်ဖြစ်သည်။)
၇။ စိုက်ခင်းအနီးတွင် ယင်ဖြူအင်းဆက်ကျရောက်သည့် ပေါင်းပင်၊ အလေ့ကျပေါက်ပင်နှင့် အခြားလက်ခံပင် များကို ဖယ်ရှားဖျက်ဆီးပါ။
၈။ ရောဂါပျံ့နှံ့မှုလျော့နည်းစေရန်အတွက် ယင်ဖြူကျရောက်ခြင်းမရှိသည့် နှံစားပြောင်း၊ လူး၊ ဆတ်၊ပြောင်းဖူးပင်များနှင့် သီးညှပ်စိုက်ပါ။
ပဲဒီစိမ်း (သို့မဟုတ်) မတ်ပဲ ၁၅ တန်းပြီးလျှင် ၎င်းအပင်တစ်မျိုးမျိုးကို ၂ တန်းစိုက်ပါ။
၉။ ဗိုင်းရတ်သယ်ဆောင်ကောင်အင်းဆက်ဖြစ်သည့် ယင်ဖြူကို ပိုးသတ်ဆေးဖြင့်ကာကွယ်နှိမ်နင်းပါ။ ဒိုင်မီသိုအိတ် - ၀.၀၃% (သို့မဟုတ်) မိုနိုကရိုတိုဖေါ့စ် - ၁.၆% (သို့မဟုတ်) မက်တာဆင်းတော့က်စ် - ၀.၁% (သို့မဟုတ်) ထရိုင်ယာဇိုဖေါ့စ် - ၁.၂၅ စီစီ/လီတာ ကိုပက်ဖြန်းပါ။ တမာပိုးသတ်ဆေး၊ တမာဆီ တို့ကိုလည်းအသုံးပြုနိုင်ပါသည်။
၁၀။ သိုင်ယာမီသိုဇင် ၁၀၀ ဂရမ် (သို့မဟုတ်) အီမီဒါကလိုပရစ် ၁၀၀ စီစီ ကို ရေ ၅၀၀ လီတာတွင်ဖျော်ပြီး ဖြန်းပါ။ ဆေးများကို ၇-ရက်မှ ၁၀-ရက်ခြား၍ ဖြန်းပါ။
၁၁။ မီသိုင်းဒီမီတွန် ရွက်ဖြန်းဆေး (၂ စီစီ/လီတာ) ကို ဖြန်းပေးလျှင် ယင်ဖြူကိုကာကွယ်နှိမ်နင်းနိုင်ပါသည်။
(ဒေါက်တာခင်နှင်းယု)
Continue reading related topics, questions and articles.
Applicable farm inputs (Ad)
ဒော်တင်အောင်
5 months agoနင်းသပြေပင်အကြောင်း
ဒော်တင်အောင်
5 months agoနင်သပြေ
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Dr. Khin Hnin Yu
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....