စပါးမြက်ပင်တိုရောဂါ
ဤရောဂါသည် ဗိုင်းရပ်(စ်)ကြောင့်ဖြစ်ပြီး စပါးနှံထွက်မှုကို ဟန့်တားခြင်းဖြင့် စပါးအထွက်နှုန်း လျော့နည်းစေပါသည်။ ရောဂါကျစပါးပင်များသည် အလွန်အမင်းပုနေပြီး တစ်ပင်လုံး၏အရွယ်အစားသည် ရောဂါကင်း မူမှန်အပင်များထက် များစွာသေးငယ်သည်။
ဖြစ်ပွားသည့်အကြောင်းရင်းနှင့် ဖြစ်ပွားသည့်နေရာ
စပါးမြက်ပင်တိုရောဂါဖြစ်စေသော ဗိုင်းရပ်(စ်)သည် စပါးကို တစ်နှစ်ပတ်လုံး ဆက်တိုက်စိုက်ပျိုးသောဒေသများတွင် ကျရောက်တတ်ပါသည်။ ဤဗိုင်းရပ်(စ်)သည် စပါးပင်တစ်ပင်မှတစ်ပင်သို့ အင်းဆက်သယ်ဆောင်ကောင်မှ တစ်ဆင့်ကူးစက်စေသည်။ စပါးဖြုတ်ညို၏ အကောင်ငယ်ဘဝနှင့် အကောင်ကြီးဘ၀ နှစ်ခုစလုံးသည် ဤဗိုင်းရပ်(စ်)၏ သယ်ဆောင်ကောင်များဖြစ်သည်။ ဖြုတ်ညိုများသည် ရောဂါကျနေသည့်အပင်မှ ဗိုင်းရပ်(စ်)ကိုရယူနိုင်ရန် (အတူပါလာစေရန်) အတွက် ၎င်းအပင်ပေါ်တွင်အနည်းဆုံး မိနစ် ၃၀ စားသောက်ရန် လိုအပ်သည်။
စပါးပင်၏ ကြီးထွားမှုအဆင့်တိုင်းတွင် ရောဂါဝင်ရောက်နိုင်ပြီး ပင်ပွားများထွက်ချိန်သည် ရောဂါ တိုက်ခိုက်မှုကို ခံနိုင်ရည်အနည်းဆုံးအချိန်ဖြစ်သည်။ အပင်တွင်းသို့ ဗိုင်းရပ်(စ်)ဝင်ရောက်ပြီး ၁၀-၁၂ ရက် အကြာတွင်မှ စပါးမြက်ပင်တိုရောဂါလက္ခဏာကို စတင်မြင်ရသည်။ ရောဂါကျရိုးပြတ်များနှင့် ယခင်ရာသီမှကျန်ရစ်ခဲ့သော အစေ့များမှ စောစီးစွာပေါက်လာသော အပင်များသည် ဤရောဂါကျရောက်မှုအတွက် မူရင်းအစများဖြစ်သည်။ ဤဗိုင်းရပ်(စ်)သည် ဖြုတ်ညို၏ ဥများမှတစ်ဆင့် မကူးစက်နိုင်ပေ။
ရောဂါအမျိုးအမည်ခွဲခြားဖေါ်ထုတ်ခြင်း / လက်ခံပင်ပြလက္ခဏာ
ကောက်ပင်များပေါ်တွင် အောက်ပါလက္ခဏာများ ကြည့်ရှုစစ်ဆေးပြီး ဤရောဂါကို အမျိုးအစားခွဲခြားနိုင်သည်။
(၁) ရောဂါကျစပါးပင်များ အလွန်အမင်းပုနေသည်။
(၂) ပင်ပွားများစွာထွက်သည်။
(၃) အပင်သည် အပေါ်သို့ထောင်မတ်နေသည်။
(၄) မြက်ဖုတ်နှင့်သဏ္ဍန်တူပြီး ပင်ပွားများစွာထွက်သဖြင့် အပင်ဖွာနေသည်။
(၅) အရွက်များကစိမ်းဝါရောင်ရှိပြီး မူမှန်ပင်မှ အရွက်များထက် ကျဉ်း၍တိုသည်။
(၆) နိုက်ထရိုဂျင်မြေသြဇာကို နှုန်းထားအပြည့်ထည့်လျှင် အရွက်များဆက်တိုက်ဝါနေသည်။
(၇) သေးငယ်သော သံချေးရောင်အပြောက်များ၊ အကွက်များကို အရွက်ပေါ်တွင်မြင်ရသည်။ သံချေးရောင်အကွက်ကြီးများအဖြစ်လည်း ပေါင်းစပ်သွားတတ်သည်။
(၈) အရွက်များပေါ်တွင် အစိမ်းဖျော့ရောင် အစက်အပြောက်များလည်း တွေ့ရသည်။
(၉) ရောဂါကျအပင်များ အနှံမထွက်တော့ပါ။
ဤရောဂါ၏ အပင်ပုခြင်းနှင့် ပင်ပွားအလွန်များခြင်းလက္ခဏာသည် တခြားဗိုင်းရပ်စ်ရောဂါများ ဖြစ်သော စပါးအဝါရောင်ပင်ပုနှင့် စပါးပင်ပုရောဂါများနှင့် မှားတတ်သည်။ စပါးမြက်ပင်တိုရောဂါဟုသေချာစေရန် မြက်ဖုတ်နှင့်တူပြီး ပင်ပွါးများစွာဖွာနေခြင်းနှင့် အရွက်ပေါ်တွင် သံချေးရောင်အပြောက်များကို ထင်ရှားစွာမြင်ရခြင်း စသည့်လက္ခဏာများဖြင့် ခွဲခြားနိုင်သည်။
ရောဂါ၏ အရေးကြီးမှု
ဤရောဂါသည် ယေဘုယျအားဖြင့် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားလေ့မရှိပါ။ စပါးစိုက်ဒေသတွင် ဖြုတ်ညိုများ ကျရောက်မှုပြင်းထန်မှသာ ဤရောဂါလည်း ပြင်းထန်စွာကျရောက်ဖြစ်ပွားနိုင်ပါသည်။
ကာကွယ်နှိမ်နင်းနည်းများ
(၁) ဗိုင်းရပ်စ်သယ်ဆောင်ကောင်ဖြစ်သော ဖြုတ်ညိုကို ကာကွယ်နှိမ်နင်းရမည်။
(၂) ၎င်းကိုနှိမ်နင်းရန် အင်းဆက်ပိုးသတ်ဆေးဖြန်းရမည်။
(၃) ဖြုတ်ညိုဖျက်ဆီးမှုဒါဏ်ကို ခံနိုင်ရည်ရှိသော စပါးမျိုးများကို စိုက်ပျိုးရမည်။
(၄) ဗိုင်းရပ်စ်မျိုးမူရင်းများ လျော့နည်းသွားစေရန် ရိတ်သိမ်းပြီးချိန်တွင် ရောဂါကျရိုးပြတ်များကို ထယ်နက်နက်ထိုးပြီး မြေမြှုပ်ပစ်ရမည်။
ဒေါက်တာ ခင်နှင်းယု
Source; IRRI Rice Knowledge Bank
Continue reading related topics, questions and articles.
Topic 1
စပါးမြက်ပင်တိုရောဂါ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Dr. Khin Hnin Yu
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....