မျိုးစေ့အညှောင့်ပေါက်မှု ကျဆင်းစေနိုင်တဲ့ စပါးမှိုသီးရောဂါ
ဤရောဂါသည် စပါးစေ့နေရာတွင် မှိုသီးက အစားထိုးနေရာယူဖြစ်ပေါ်သည်။ မှိုသီးမဖြစ်သည့် ရောဂါကျစပါးနှံတွင်လည်း ဆန်စေ့များကို မြေဖြူကဲ့သို့ အဖြူရောင်ဖြစ်စေပြီး အလေးချိန်လျော့နည်းစေသည်။ မျိုးစေ့ အညှောင့်ပေါက်မှုရာနှုန်းလည်း ကျဆင်းစေသည်။
ဖြစ်ပွားသည့်အကြောင်းရင်းနှင့် ဖြစ်ပွားသည့်နေရာ
စပါးမှိုသီးရောဂါသည် လေထုစိုထိုင်းဆ ၉၀% အထက်မြင့်မားသောနေရာနှင့် အပူချိန် ၂၅-၃၅ ဒီဂရီဆဲလ်စီးယပ်(စ)ရှိသော ဒေသများတွင်ဖြစ်ပွားသည်။ မိုးရွာသွန်းခြင်း၊ လေထုစိုထိုင်းဆမြင့်မားခြင်းနှင့် မြေကြီးထဲတွင် နိုက်ထရိုဂျင်ဓါတ်ပါဝင်မှု မြင့်မားခြင်းတို့သည် ရောဂါဖြစ်ပွားမှုကို အားပေးသည်။ မှိုစပိုးများသည် တိုက်ခတ်သောလေဖြင့် တစ်ပင်မှတစ်ပင်သို့ ပျံ့နှံ့၍ ရောဂါကူးစက်စေနိုင်သည်။
စပါးပင်များပန်းပွင့်ချိန်တွင် ရောဂါဝင်ရောက်နိုင်ပြီး၊ စပါးမှိုသီးရောဂါကို စပါးနှံ(ရွက်ဖုံးတွင်းမှ) အပြင်သို့ ထွက်လာပြီးမှသာ တွေ့မြင်နိုင်သည်။
ရောဂါအမျိုးအမည်ခွဲခြားဖေါ်ထုတ်ခြင်း/ လက်ခံပင်ပြလက္ခဏာ
ဤရောဂါကျရောက်လျှင် စပါးနှံပေါ်ရှိ စပါးစေ့များနေရာတွင် ကတ္တီပါသားကဲ့သို့ စိမ်းညိုရောင်ရှိသော မှိုသီးများကိုတွေ့ရသည်။ စပါးစေ့တစ်စေ့ချင်း၏နေရာတွင် မှိုစပိုး(မျိုးစေ့)များစွာစုဝေးပါဝင်နေသည့် မှိုသီးဖြစ်ပေါ်သည်။ ဤမှိုသီးများသည် နုစဉ်တွင် လိမ္မော်ရောင်ရှိပြီးရင့်လာချိန်တွင် အစိမ်းရောင်၊ စိမ်းမဲရောင်သို့ ပြောင်းသွားသည်။ အနှံတစ်ခုရှိစပါးစေ့အားလုံးနေရာတွင် မှိုသီးဖြစ်ပေါ်လေ့မရှိသော်လည်း မှိုသီး၏ဘေးပတ်ဝန်းကျင်ရှိ စပါးစေ့များတွင် အဆန်တည်လေ့မရှိပေ။
• စပါးစေ့တစ်စေ့လုံးသည် မှိုစပိုးများ စုဝေးဖြစ်ပေါ်နေသည့် အဝါရောင် (သို့မဟုတ်) အစိမ်းရောင်ကတ္တီပါသားကဲ့သို့သော မှိုအင်္ဂါအလုံးအဖြစ် အသွင်ပြောင်းလဲနေသည်။ မှိုသီးဖြစ်နေသော စပါးစေ့အချင်းသည် ရောဂါကင်းစပါးစေ့ထက် နှစ်ဆမှ သုံးဆအထိကြီးသည်။ မှိုသီးအရင့်၏ အချင်းသည် ၁-စင်တီမီတာခန့် ရှိသည်။
• စပါးစေ့အခွံများသည် ပြောင်းလဲမှုမရှိပဲ မှိုသီးအင်္ဂါကို ကာရံထားသည်။
• နုနယ်သေးသော မှိုစပိုးသီးများသည် အနည်းငယ်ပြားနေပြီး ချောမွေ့၍ အဝါရောင်ရှိကာ အမြှေးပါးဖြင့် ဖုံးအုပ်ထားသည်။
• ရောဂါဖြစ်မှို၏ စပိုးများစွာပွားများလာပြီး စပိုးသီးရင့်လာသောအခါ ထိုအမြှေးပါးအက်ကွဲသွားသည်။ ရင့်လာသောစပိုးများသည် စိမ်းဝါရောင်မှတစ်ဆင့် စိမ်းမဲရောင်သို့ ပြောင်းသွားသည်။
• စပါးနှံတစ်ခုတွင် စပါးစေ့အနည်းငယ်သာ ရောဂါတိုက်ခိုက်ခြင်းခံရပြီး ကျန်စပါးစေ့များသည် ပုံမှန်အတိုင်း ရောဂါကင်းနေသည်။
ရောဂါ၏ အရေးကြီးမှု
စပါးပင်ပန်းပွင့်သည့်အဆင့်၏ အစောပိုင်းကာလတွင် အစေ့အိမ်ပျက်စီးသွားလျှင် ဤရောဂါစတင်တိုက်ခိုက်ခြင်းခံရသည်။ ရောဂါဖြစ်မှိုသည် စပါးစေ့တစ်စေ့ချင်းစီ၏ အစေ့အိမ်တွင်းနေရာဝင်ယူပြီး မှိုမျှင်များ ပွားများကာ စပိုးသီးဖြစ်လာသည်။ ဒုတိယအဆင့်ရောဂါတိုက်ခိုက်မှုသည် စပါးနှံများရင်မှည့်ခါနီးတွင် ဖြစ်ပေါ် သည်။ ဤရောဂါကြောင့် ဆန်စေ့သည် မြေဖြူကဲ့သို့ အဖြူရောင်ဖြစ်သွားပြီးလျှင် ဆန်စေ့အလေးချိန် လျော့နည်းသွားစေသည်။ မျိုးစေ့အညှောင့်ပေါက်မှုကိုလည်း ၃၅ % ခန့် လျော့နည်းသွားစေသည်။ စွတ်စိုထိုင်းမှိုင်းသည့် ရာသီတွင် ရောဂါသည် ပိုမိုပြင်းထန်နိုင်ပြီး ဆုံးရှုံးမှုသည် ၂၅ % ခန့်အထိ ရှိနိုင်သည်။ အိန္ဒိယနိုင်ငံတွင် ၇-၇၅% အထိ အထွက်နှုန်းဆုံးရှုံးမှုရှိကြောင်း သိရသည်။
ကာကွယ်နှိမ်နင်းနည်းများ
(၁) စိုက်ခင်းကို သန့်ရှင်းအောင်ထားရမည်။ စပါးရိတ်သိမ်းပြီးလျှင် ရောဂါကျစပါးစေ့များ၊ စပါးနှံများနှင့် အပင်အကြွင်းအကျန်အစိတ်အပိုင်းများကို စိုက်ခင်းအတွင်းမှ ရှင်းလင်းဖယ်ရှားရမည်။
(၂) စိုထိုင်းဆကို လျှော့ချပါ။ စပါးခင်းသို့ ရေအနည်းငယ်သွင်းလိုက် အခြောက်ခံလိုက် အလှည့်ကျလုပ်ပေးခြင်းသည် တောက်လျေှက်ရေသွင်းထားခြင်းထက် စိုထိုင်းဆကိုလျော့နည်းစေသည်။
(၃) နိုက်ထရိုဂျင်ဓါတ်မြေသြဇာကို သင့်တင့်မျှတစွာသာ အသုံးပြုရမည်။
(၄) ရောဂါကင်းကြောင်း ထောက်ခံချက်လက်မှတ်ရှိသည့် မျိုးစေ့ကို စိုက်ရမည်။ ရောဂါဒါဏ်ခံနိုင်ရည်ရှိသော စပါးမျိုးများလည်း ထွက်ရှိပြီးဖြစ်သည်။
(၅) မျိုးမကြဲမီ မျိုးစေ့ကို ၅၂ ဒီကရီဆဲလ်စီးယပ်စ်ရှိ ရေနွေးပူတွင် ၁၀ မိနစ်စိမ်ပေးရမည်။
(၆) အနှံမထွက်မီ ရက်အနည်းငယ်အလိုတွင် ကော့ပါးအောက်စီကလိုရိုဒ် (သို့မဟုတ်) အခြားမှိုသတ်ဆေး ဖြန်းပေးရမည်။
ဒေါက်တာ ခင်နှင်းယု
Ref; IRRI Rice Knowledge Bank
Continue reading related topics, questions and articles.
Topic 1
စပါးမှိုသီးရောဂါ
Applicable farm inputs (Ad)
Khaing Gyi
4 years agoပထမနှစ်တွေမှာမရှိသလောက်နည်းပါတယ်ခုနှစ်မိုးရာသီမှာတော်တော်ဆိုးရွားပါတယ်မှိုသီကျရောက်တာ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Dr. Khin Hnin Yu
See all