Green Way
စပါးရွက်ဖုံးခြောက် ရောဂါနှင့် ကာကွယ်နှိမ်နင်းနည်းများ

စပါးရွက်ဖုံးခြောက် ရောဂါနှင့် ကာကွယ်နှိမ်နင်းနည်းများ

Dr. Khin Hnin Yu
Dr. Khin Hnin Yu Greenovator 08/12/2017

စပါးရွက်ဖုံးခြောက်ရောဂါသည် Rhizoctoniasolani မှိုကြောင့်ဖြစ်သည့် မှိုရောဂါတစ်မျိုး ဖြစ်ပါသည်။ ရောဂါကျနေသော အရွက်များသည် ဆက်လက်ကြီးထွားဖွံ့ဖြိုးခြင်းမရှိပဲ ခြောက်သွေ့ပြီး လျှင်မြန်စွာ သေဆုံးတတ်သည်။ ငယ်ရွယ်သော ပင်ပွားများလည်း ပျက်စီးတတ်သည်။ အကျိုးဆက်အားဖြင့် ဤရောဂါကြောင့် စပါးပင် တစ်မြုံလုံး၏ အရွက်ဧရိယာသည် များစွာလျော့နည်းသွားသည်။ အရွက်ဧရိယာ လျော့နည်းခြင်း၊ အရွက်များ ခြောက်သေခြင်း၊ နုငယ်သော ပင်ပွားများ တိုက်ခိုက်ခံရခြင်းတို့သည် အထွက်နှုန်း လျော့နည်းစေသော အခြေခံ အကြောင်းတရားများ ဖြစ်ပေသည်။

ရွက်ဖုံးခြောက်ရောဂါသည် အပူချိန်မြင့်မားသော၊ နိုက်တြိုဂျင် ဓါတ်မြေသြဇာ ထည့်သွင်းမုှမြင့်မားသော၊ အပင်မြုံအတွင်းရှိ စိုထိုင်းဆ ၈၅-၁၀၀% အထိမြင့်မားသော ဒေသများတွင် ဖြစ်ပွားသည်။ မိုးရာသီတွင် အပင်များ ရောဂါပိုမို ကျရောက်သည်။ မျိုးစေ့နှုန်းထား ပိုမို သုံးစွဲခြင်း၊ အပင်များ စိပ်စိပ် စိုက်ခြင်း၊ အပင်မြံု သိပ်သည်း ထူထဲခြင်း၊ မြေကြီးထဲတွင် ရောဂါဖြစ်မှို ရှိနေခြင်း၊ မှို၏ နားနေအင်္ဂါရပ်(စကယ်လ်ရိုရှာ) အလုံးလေးများ ရေပြင်ပေါ်မျောနေခြင်း၊ အထွက်ကောင်း စပါးမျိုးများ စိုက်ပျိုးခြင်းတို့သည် ရောဂါ တိုးတက်ဖြစ်ပေါ်မှုကို အားပေးသည်။

ရွက်ဖုံးခြောက်ရောဂါသည် အပူချိန်မြင့်မားသော၊ နိုက်တြိုဂျင် ဓါတ်မြေသြဇာ ထည့်သွင်းမှုမြင့်မားသော၊ အပင်မြုံအတွင်းရှိ စိုထိုင်းဆ ၈၅-၁၀၀% အထိမြင့်မားသော ဒေသများတွင် ဖြစ်ပွားသည်။ မိုးရာသီတွင် အပင်များ ရောဂါပိုမို ကျရောက်သည်။ မျိုးစေ့နှုန်းထား ပိုမို သုံးစွဲခြင်း၊ အပင်များ စိပ်စိပ် စိုက်ခြင်း၊ အပင်မြံု သိပ်သည်း ထူထဲခြင်း၊ မြေကြီးထဲတွင် ရောဂါဖြစ်မှို ရှိနေခြင်း၊ မှို၏ နားနေအင်္ဂါရပ်(စကယ်လ်ရိုရှာ) အလုံးလေးများ ရေပြင်ပေါ်မျောနေခြင်း၊ အထွက်ကောင်း စပါးမျိုးများ စိုက်ပျိုးခြင်းတို့သည် ရောဂါ တိုးတက်ဖြစ်ပေါ်မှုကို အားပေးသည်။

ရောဂါ အမျိုးအမည်ခွဲခြား ဖေါ်ထုတ်ခြင်း / လက်ခံပင်ပြ လက္ခဏာ

ရောဂါလက္ခဏာများသည် စပါးခင်းတွင် ပင်ပွားထွက်ချိန်မှ နို့ရည်တည်ချိန်အတွင်း တွေ့ရလေ့ရှိသည်။ ရွက်ဖုံးပေါ်တွင် ဘဲဥပုံ၊လုံးရှည်ပုံရှိ အစိမ်းရောင်သန်းသော မီးခိုးရောင် ရောဂါပြောက်များကို အရွယ်အစား အားဖြင့် ၁ မှ ၃ စင်တီမီတာအထိ တွေ့ရသည်။ ရောဂါပြောက်များကို မြေကြီး(သို့မဟုတ်)ရေမျက်နှာပြင် အပေါ်နားလေးမှ စတင် တွေ့ရသည်။ ရောဂါအတွက် ရာသီဥတု အခြေအနေပေးလျှင် အစပျိုးဖြစ်ပေါ်လာသည့် ရောဂါပြောက်များမှ ရွက်ဖုံးအပေါ်ပိုင်းနှင့် အရွက်များဆီသို့ ကူးစက် ကျယ်ပြန့်သွားပြီး ဘေးပတ်ဝန်းကျင် အပင်များ၏ ပင်ပွားများဆီသို့ ဆက်လက် ပျံ့နှံ့သွားသည်။

အရွက်ပေါ်တွင် ပုံသဏ္ဍန် မမှန်သော ရောဂါပြောက်များကိုတွေ့ရပြီး အလယ်တွင် မီးခိုးဖြူရောင်ရှိကာ ရင့်လာသည်နှင့်အမျှ အညိုရောင် အနားရစ် ဖြစ်ပေါ်လာသည်။ သမပိုင်းဒေသများတွင် များသောအားဖြင့် မှို၏ စကယ်လ်ရိုရှာများကြောင့် ရောဂါ စတင် ဝင်ရောက်သည်။ ရောဂါကျစပါးခင်း၌ တစ်မီတာ ပတ်လည်အတွင်း စကယ်လ်ရိုရှာပေါင်း ၂-သန်းခန့် ထုတ်နိုင်သည်။

အပူပိုင်းဒေသများတွင် ရောဂါ စတင်ဖြစ်ပွါးမှုအတွက် စကယ်လ်ရိုရှာ၏ အခန်းကဏ္ဍသည် ရှင်းလင်း ထင်ရှားခြင်းမရှိပေ။ မည်သည့်နေရာတွင်မဆို ရောဂါဖြစ်စေသော မှိုသည် လေထဲသို့ပြန့်လွင့်နိုင်သော မှိုစပိုးများ ထုတ်ခြင်းမရှိပေ။

တစ်ခါတစ်ရံ ရောဂါဖြစ် မှို၏ စကယ်လ်ရိုရှာများကို ရောဂါပြောက်ပေါ်တွင် တွေ့နိုင်ပြီး အလွယ်တကူ ခြွေယူနိုင်သည်။ ရောဂါဖြစ်မှိုသည် ပင်ကြွင်းပင်ကျန်များ၌သော်လည်းကောင်း၊ မြေကြီးထဲ၌ စကယ်လ်ရိုရှာများ အဖြစ်သော်လည်းကောင်း၊ အပင်တစ်ရှူးများနှင့် မြေကြီးထဲတွင် မှိုမျှင်စုအဖြစ်သော်လည်းကောင်း စပါးပြန်စိုက်ချိန် ရာသီအထိ ရှင်သန်နေနိုင်သည်။ စိုက်ခင်းထဲတွင် အပင်တစ်ရှူးများပေါ်တွင် ပေါက်ပွားနေသည့် မှိုမျှင်များမှလည်းကောင်း၊ ရေပေါ်တွင်မျောနေသည့်် စကယ်လ်ရိုရှာများမှ လည်းကောင်းပြန့်နှံ့ပြီး ရောဂါ ဝင်ရောက် တိုက်ခိုက်မှုအသစ်ကို ဖြစ်ပေါ်စေသည်။ ရွက်ဖုံးခြောက် ရောဂါလက္ခဏာသည် ပင်စည်ပုတ် ရောဂါနှင့်သော်လည်းကောင်း၊ ပင်စည်ထိုးပိုး ကျရောက်မှုနှင့်သော်လည်းကောင်း ဆင်တူနိုင်သည်။ ဤရောဂါဟု သေချာစေရန်အတွက် ရွက်ဖုံးပေါ်ရှိ ရောဂါပြောက်ကို စစ်ဆေးနိုင်သည်။ ၎င်းရောဂါပြောက်သည် အစတွင် ရေစိုနာ အသွင်ရှိပြီး အစိမ်းရောင်သန်းသော မီးခိုးရောင်သို့ပြောင်းလာကာ နောက်တွင် အလယ်၌ မီးခိုးရောင်သန်းသော အဖြူရောင်သို့ ပြောင်းလာပြီး အညိုရောင်အနားရစ် ပေါ်လာသည်။ အပင်ပေါ်တွင် စကယ်လ်ရိုရှာ ဖြစ်ပေါ်မှုကိုလည်း စစ်ဆေးကြည့်နိုင်သည်။

ရောဂါ၏ အရေးကြီးမှု

ရွက်ဖုံးခြောက်ရောဂါသည် စပါးတွင် ဂုတ်ကျိုးရောဂါပြီးလျှင် အရေးကြီးသော ရောဂါ တစ်ခုဖြစ်သည်။ ဤရောဂါသည် စပါးကို အထူးပြု၍ ဆက်တိုက်စိုက်ပျိုးသောဒေသများတွင် ပြင်းထန်စွာ ကျရောက်တတ်ပြီး ပိုအရေးကြီးလာသည်။
ဂျပန်နိုင်ငံတွင် ဤရောဂါကြောင့် အထွက်နှုန်းဆုံးရှုံးမှုသည် ၂၀%ထိမြင့်မားပြီး ဟက်တာပေါင်း ၁၂၀,၀၀၀ မှ ၁၉၀,၀၀၀ အထိရောဂါတိုက်ခိုက်ခြင်း ခံခဲ့ရကြောင်း သိရသည်။ အလံရွက်ရောဂါ တိုက်ခိုက်ခြင်းခံရလျှင် အထွက်နှုန်း ၂၅%ထိ ဆုံးရှုံးကြောင်းလည်း သိရသည်။ အမေရိကန်နိုင်ငံတွင် ခံနိုင်ရည်မဲ့သည့် စပါးမျိုးကို စိုက်ခဲ့စဉ်က အထွက်နှုန်း ၅၀% ထိ ဆုံးရှုံးခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။ အာရှတိုက် အပူပိူင်းဇုံဒေသတွင် ဤရောဂါကြောင့်အထွက်နှုန်း ၆% ထိ ဆုံးရှုံးကြောင်း သိရသည်။

ကာကွယ်နှိမ်နင်းနည်းများ

ရောဂါဒါဏ်ကို ခံနိုင်ရည်ရှိသော စပါးမျိုးများကို ရွေးချယ်စိုက်ပျိုးပါ။
(၂)ဓါတ်မြေသြဇာကို သက်ဆိုင်ရာ သီးနှံရာသီအလိုက် ထောက်ခံချက် ပေးထားသည့်အတိုင်း အသုံးပြုပါ။
(၃)လယ်ကွက်အနီးရှိ မြက်မျိုးကဲ့သို့သော ယှဉ်ပြိုင်လက်ခံပင်များကို ဖယ်ရှားပါ။ ပေါင်းပင်များကို ဂရုတစိုက် နှိမ်နင်းပါ။
(၄)ရွက်ဖုံးခြောက်ကာလ ရောဂါမဖြစ်စေရန် စိုက်ပျိုးရာသီချိန်အတွင်း စပါးခင်းမှရေကို စောစော ထုတ်ပါ။
(၅) မျိုးစေ့ကို မှိုသတ်ဆေးဖြင့် လူးနယ်စိုက်ပျိုးပါ။
(၆)မျိုးစေ့ချနှုန်းလျှော့ပြီး အပင်အကွာအဝေးကျယ်စေခြင်းဖြင့် အပင်မြုံသိပ်သည်းထူထဲမနေအောင် ပြုလုပ်ပါ။
(၇) ပဲမျိုးရင်းဝင်အပင်များနှင့် သီးလှည့်စိုက်ပါ။
(၈) ရောဂါကျအပင်များကို မီးရှီု့ဖျက်ဆီးပါ။

ဒေါက်တာခင်နှင်းယု

ကိုးကား- IRRI Rice Knowledge Bank

မောင်ရဲသူအောင်

မောင်ရဲသူအောင်

1 year ago

ဘယ်မြေဩဇာသုံးရမလဲဗျ

Nang Thuzar Moe

Nang Thuzar Moe

1 year ago

ကြက်ချေးဖြူရောဂါ

Wai Phyo Min

Wai Phyo Min

2 years ago

အာမို ဗီးနပ်စ် ၊အာမို အဇိုဘင် တခုခု သုံးပါ

ကျော်မင်းထွန်း

ကျော်မင်းထွန်း

3 years ago

သုံးရမယ်ဆိုဘာဆေးသုံးရမလဲ

ကျော်မင်းထွန်း

ကျော်မင်းထွန်း

3 years ago

ဆေးသုံးရင်အဆင်ပြေလားမသိဘူး

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

Related questions

မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ

Kyaw Zin • 1 answers

ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ

ဦးဝင်းအောင် • 3 answers

ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ

ko. latt • 2 answers

နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ

Ukyaw • 1 answers

တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့

သန်းထိုက်အောင် • 3 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....