ဝါသီးနှံ၏အဓိကဖျက်ပိုးများနှင့်ကာကွယ်နှိမ်နင်းနည်းအကြောင်း
ဝါဆိုတာက အထည်အလိပ်စက်ရုံများအတွက် အဓိကအသုံးဝင်သော ကုန်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ လူသားတို့ အဓိကလိုအပ်သော ထုတ်ကုန်ဖြစ်ပြီး နိုင်ငံခြားဝင်ငွေကိုလည်းရရှိစေပါတယ်။ ဝါတွင်ကျရောက်သော ဖျက်ပိုးများကို ကမ္ဘာတစ်ဝန်း စာရင်းပြုစုရာတွင် မျိုးစိတ်ပေါင်း ( ၁၃၂၆ )ရှိတယ်လိုသိရပါတယ်။ သို့သော် အထွက်နှုန်းကို အဓိကအားဖြင့် လျော့ကျစေသော မျိုးစိတ်ပေါင်း(၁၆၂) ခန့်ရှိပါတယ်။
၎င်းတို့ထဲမှ အဓိကဖျက်ပိုးများမှာ-
• သီးလုံးဖောက်ပိုး
• ပန်းရောင်သီးလုံးဖောက်ပိုး
• ဆူးထူသီးလုံးဖောက်ပိုး
• ဆေးရွက်ကြီးသားလောင်းကောင်
• ပျ
• လှေပိုး
• ယင်ဖြူ
• အနီရောင်သီးလုံးဖောက်ဂျပိုး
• ဝါပင်စည်ထိုးကျိုင်း
• ရွက်လိပ်ကျိုင်း အစရှိသဖြင့်ဖြစ်သည်။
ဝါတွင်ကျရောက်သော ဆေးရွက်ကြီးသားလောင်းကောင်(ဆေးရွက်ကြီးတွင် ကျရောက်သောဖျက်ပိုးတစ်မျိုး)
အရွယ်ရောက်လာတဲ့ ဖလံများဟာ သန်မာပြီး အရှေ့တောင်ကအညိုရောင်၊ အနောက်တောင်ကတော့ အဖြူရောင်ရှိပါတယ်။ သားလောက်ကောင်အဆင့်မှာ အနက်ရောင်အဆင်းကြောင်းများနဲ့ အစိမ်းဖျော့ရောင်ရှိပါတယ်။ နောက်ပိုင်းအညိုရင့်ရောင်ပြောင်းသွားပြီး ၂၃ မှ ၃၅ မီလီမီတာ ရှည်လျားပါတယ်။ ၎င်းဖျက်ပိုးကို ဝါသီးနှံသက်တမ်းတစ်လျှောက် တွေ့ရပါတယ်။ စီးပွားရေးအရထိခိုက်သော အခြေအနေမှသာလျှင် ပိုးသတ်ဆေးကို အသုံးပြုကာကွယ်သင့်ပါတယ်။
ဥ
• ရွှေညိုရောင်ပုံစံဥများအစုလိုက်ဥခြင်း။
သားလောင်းအဆင့်
• အစိမ်းဖျော့ရောင်ရှိပြီး အနက်ရောင်အစင်းကြောင်းများပါရှိခြင်း။
အကောင်ကြီးအဆင့်
• အရှေ့တောင်ဟာ အညိုရောင်ရှိပြီး အဖြူရောင်အစင်းများပါရှိပါတယ်။
• အနောက်တောင်မှာ အဖြူရောင်နှင့်အညိုရောင်အကွက်များရှိပါတယ်။
ဒီပိုးတွေဖျက်ဆီးထားတဲ့လက္ခဏာတွေက
သားလောင်းကောင်များဟာ အရွက်၏အောက်ဘက်မျက်နှာပြင်ကို အဓိက စားသောက်ဖျက်ဆီးပြီး နောက်ပိုင်းတွင် ရွက်လယ်ကြောများသာ ကျန်ရှိပါတယ်။ ၎င်းဟာ ပန်းပွင့်များ၊ အဖူးများတို့တွင် ကျရောက်ပြီး အထွက်နှုန်းကိုလျော့နည်းစေပါတယ်။
ကာကွယ်နှိမ်နင်းခြင်းနည်းလမ်းများ
• ရုပ်ဖုံးနှင့်သားလောင်းများခိုအောင်းမှုမရှိစေရန်ထယ်ရေးနက်နက်ပြုလုပ်ခြင်း
• အလင်းထောင်ချောက်များအသုံးပြုခြင်း
• Sex ထောင်ချောက်များအသုံးပြုခြင်း
• ကွင်းထဲရှိဥများလက်ဖြင့်ကောက်ယူဖယ်ရှားခြင်း
• ဖျက်ဆီးခံထားရသောအပင်၏အစိတ်အပိုင်းများအားဖယ်ရှားခြင်း
ပိုးသတ်ဆေးများအနေဖြင့်
• chlopyriphos 20EC 2.0 I/ha;
• dichlorvos 76WSC 1 lit/ha
• fenitrothion 50EC @ 625ml စတဲ့ဆေးများအပြင်
အဆိပ်တုံးများအသုံးပြုပြီးလည်းကာကွယ်နိုင်ပါတယ်။ ( ဖွဲနု12.5ကီလိုဂရမ်၊ ဂျာကရီ 1.25ကီလိုဂရန်၊ ကာဘနိုင်း 50%WP ၊ ရေ 7.5liter )
အဆိပ်တုံးများသည် ကွင်းထဲတွင်ပျံ့နှံ့နိုင်ပြီး သားလောင်းကောင်များအား ထိရောက်စွာ ကာကွယ်နိုင်ပါတယ်။
လင်းလင်းထွန်း
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from လင်းလင်းထွန်း
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....