ချင်း (ဂျင်း) ဝိုင်
ချင်းဝိုင်ကို လွန်ခဲ့သောနှစ်များစွာကတည်းက အနောက်နိုင်ငံများတွင် ပြုလုပ်သောက်သုံးနေကြပါတယ်။ လက်ရှိ ဈေးကွက်ထဲတွင် စပျစ်၊ မက်မန်း၊ စတော်ဘယ်ရီ စသောဝိုင်များကို လူကြိုက်များ၍ အဓိကသောက်သုံးကြပါတယ်။ ကျွန်တော်ရေးသားသောချင်းဝိုင်သည် ကျန်းမာရေးကို များစွာအထောက်အကူပြုနိုင်ပြီးအလွယ်တကူပြုလုပ်နိုင်ပါတယ်။
ကျန်းမာရေးအတွက် ချင်းဝိုင်၏အကျိုးပြုပုံ
ချင်းဟာ လူသားတို့အတွက် များစွာဆေးဖက်ဝင်သော သီးနှံတစ်မျိုးဖြစ်ပါတယ်။ အဓိကအားဖြင့် ပျို့အန်ခြင်း၊ အစာမစားခြင်း၊ ဖျားနာခြင်းနှင့် ကြွက်သားများနာကြင်ခြင်း စတဲ့အစာချေမှုပြဿနာများအတွက် ချင်းဟာ အလွန်အသုံးဝင်ပါတယ်။
ချင်းဝိုင်တွင် အဓိကအားဖြင့် လီမွန်ဓာတ်ပါဝင်ပါတယ်။ လီမွန်သည် ခန္ဓာကိုယ်အတွင်းရှိ ကာဗွန်ဟိုက်ဒြိုတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ၎င်းဟာ ဗီတာမင် စီ၏ အရင်းအမြစ်တစ်ခုလည်း ဖြစ်ပါတယ်။
ချင်းဝိုင်ကို ဘယ်လိုပြုလုပ်မလဲ
ဂျင်းဝိုင်ပြုလုပ်သည့် အချိုးအစား
- ရေ (၃( လီတာ
- ဂျင်း (၄၀၀) ဂရမ်(ဂျင်းကို ပါးပါးလှီးထားရပါမယ်)
- သကြား (၄၀၀) ဂရမ်
- တစေး -ဟင်းခတ်ဇွန်း (၁)ဇွန်း
- သကြား (၁)ဇွန်း (တစေး နှင့် သကြားကို ဖျော်ရပါမယ်)
- လိမ္မော်ခွံကတော့ အနည်းငယ် (သင့်တင့်ရုံ)
- စပျစ်သီးခြောက် (၂၀၀)ဂရမ်
- လိမ္မော်ရည် (၁/၂) ဇွန်း
ပြုလုပ်နည်း
၁။ ပထမဦးစွာ အခွံနွှာထားသောချင်းကို ပလတ်စတစ်ပုံးထဲတွင် အချဉ်ဖောက်ရပါမယ်။
၂။ လီမွန်(လီမွန်အရည်)အခွံနှင့် စပျစ်သီးခြောက်ကို ထည့်ပေးပါ။
၃။ ရေးနွေးပူ ၂ လီတာကို ၎င်းပုံးထဲသို့ လောင်းထည့်ပေးပါ။
၄။ ပြီးလျှင် ၁ရက်အကြာ ဖုံးအုပ်ပေးထားရပါမယ်။
၅။ (၁ရက်ကြာပြီးနောက်) သကြား၊ လီမွန်ဖျော်ရည်၊ တစေးနှင့် ရေအေးကို လောင်းထည့်ပေးပါ။
၆။ သကြားနှင့် တစေးတို့ ကောင်းစွာပျော်ဝင်နိုင်အောင် အနည်းငယ်မွှေပေးရပါမယ်။
၇။ ပြီးလျှင် အဖုံးပြန်အုပ်၍ ၄ ရက်အကြာ အချဉ်ဖောက်ထားရပါမယ်။
၈။ ပြီးရင်တော့ အဖတ်များကို ဇကာဖြင့်စစ်ထုတ်ပါ။ ကတော့ကိုအသုံးပြု၍ ဒန်မီဂျို့ပုလင်းထဲသို့လောင်းထည့်ပြီး လအနည်းငယ်အကြာ ထားပေးရပါမယ်။
၉။ မိမိကြိုက်နှစ်သက်ရာပုလင်းထဲသို့ ထည့်၍သောက်သုံးနိုင်ပါသည်။
ချင်းဝိုင်ဟာ စသောက်လိုက်ချင်း ဂျင်းအရသာပူပူလေးနဲ့ ချိုချိုလေး ပြီးမှ လည်ချောင်းထဲရှင်းသွားတဲ့အရသာကို ခံစားရစေပါတယ်။ အိမ်မှာ အလွယ်တကူပြုလုပ်နိုင်ပြီး ကျန်းမာရေးအတွက် များစွာအထောက်အကူပြုသော ချင်းဝိုင်ကို ပြုလုပ်သောက်သုံးစေနိုင်ရန် ရေးသားလိုက်ရပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မေသက်စိုး
3 years agoချင်းကို အချဉ်ဖောက်တာ ဘယ်လိုမျိုးလဲရှင့် ။
min
5 years agoလီမွန်ရေဆိုဘာကိုပြောတာလည်ဗျ ဘယ်လိုဟာလည်း
Ko Thet Hmoo Aung
5 years agoဂျင်းကို ဘယ်လိုအချဥ်ဖောက်တာလဲခင်ဗျာ... လီမွန်ဆိုတာကရော ဘာလဲခင်ဗျာ... ဘယ်လိုအချိုးကျထည့်ရမှာလဲခင်ဗျာ. ကျေးဇူးပြုပြီး ရှင်းပြပေးစေလိုမှာပဲ ....
ကိုသိန်းထိုက်စိုး
5 years agoသံပရိုသီး
မောင်နေဆန်းလင်း
5 years agoဂျင်းကို ဘယ်လိုအချဥ်ဖောက်တာလဲ သိပါရစေ
Related questions
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from လင်းလင်းထွန်း
See all