ဆေးဖက်ဝင်ဖန်ခါးသီးအကြောင်း
နွယ်မြက်သစ်ပင်ဆေးဖက်ဝင် ဟူသောစကားပုံအတိုင်း သစ်ပင်/သီးများသည် သူ့နေရာနှင့်သူအသုံးဝင်ပြီး အစွမ်းအာနိသင်များ ရှိကြပါတယ်။ ကျန်းမာရေးအတွက် များစွာအထောက်အကူပြုတဲ့ ဖန်ခါးသီးအကြောင်း ရေးသားလိုက်ပါတယ်။ ဖန်ခါးပင်ဟာ မြန်မာနိုင်ငံတွင် ပေါများစွာပေါက်ရောက်ပြီး အညာဒေသတွင် သဘာဝအတိုင်း ပေါက်လေ့ရှိပါတယ်။ ဖန်ခါးသီးဆိုသည့်အတိုင်းပဲ ဖန်ပြီးခါးသောအရသာရှိပါတယ်။ သူ့နောက်မှ ချိုတဲ့အရသာ ကပ်လိုက်တတ်ပါတယ်။ ဖန်ခါးခါးအရသာကြောင့် လူကြိုက်နည်းပါတယ်။
ဖန်ခါးပင်ရဲ့ အသီး၊ အမြစ်နှင့် အခေါက်တို့ကိုအသုံးပြုခြင်းအားဖြင့် ကျန်းမာရေးအတွက်များစွာအထောက်အကူပြုပေးနိုင်ပါတယ်။
၁။အစာချေစနစ်ကို ကောင်းမွန်စေခြင်း
ဖန်ခါးသီးကို ပုံမှန်စားသုံးခြင်းအားဖြင့် အစာချေမှုကို မြှင့်တင်ပေးခြင်း၊ အူနှင့်ဆိုင်သောရောဂါများ မဖြစ်အောင်ကာကွယ်ပေးခြင်းနှင့် ကျွန်တော်တို့ စားသုံးသောအစာ၏အာဟာရစုပ်ယူမှုကို တိုးမြှင့်ပေးနိုင်ပါတယ်။ သွေးအတွင်း အဆီဓာတ်ကိုကျစေနိုင်ခြင်း၊ အစာအိမ်ရောင်တဲ့အခါမှာဖြစ်တဲ့ အစာမကြေမှုနဲ့ ရင်ခေါင်းပူလောင်မှုကို သက်သာစေနိုင်ပါတယ်။ ဝမ်းပျက်၊ ဝမ်းလျှော၊ ဝမ်းကိုက်တာကိုသက်သာစေပြီး ဝမ်းမှန်စေပါတယ်။
၂။ဘက်တီးရီးယားပိုးများကို သေစေနိုင်ခြင်း
ဖန်ခါးသီးထဲတွင် antioxidants ဓာတ်များကြွယ်ဝစွာပါဝင်ပါတယ်။ ellagic acid, gallic acid, chebulic acid, flavonol glycosides, selenium နှင့် ဗီတာမင်စီ တို့ပါဝင်ခြင်းကြောင့်ခန္ဓာကိုယ်အတွင်း ရောဂါဖြစ်ပွားမှုနှင့် ကင်ဆာရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါသည်။ ဗိုင်းရပ်ရောဂါများကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
၃။အစာအိမ်အချဉ်ပေါက်မှုကို လျော့နည်းစေခြင်း
ဖန်ခါးသီးကိုစားသုံးခြင်းဖြင့် အစာအိမ်အချဉ်ပေါက်မှုကို လျော့နည်းစေခြင်း၊ အစာအိမ်တွင် အနာဖြစ်မှုကိုကာကွယ်ပေးခြင်း၊ အစာအိမ်ရောင်ရမ်းမှုကိုကာကွယ်ပေးနိုင်သောအကျည့်အချွဲများကို ထုတ်လုပ်ပေးနိုင်သောကြောင့် အစာအိမ်ရောဂါများကိုကာကွယ်ပေးနိုင်ပါသည်။
၄။ဆီးချိုရောဂါကိုကာကွယ်ပေးခြင်း
သွေးအတွင်း glucose levels မြှင့်တင်ပေးခြင်းနှင့် သကြားဓာတ်သွေးထဲဝင်မှုကို ထိန်းညှိပေးနိုင်ပါတယ်။ ဖန်ခါးသီးတွင် chedulic ပါဝင်ခြင်းကြောင့် သွေးအတွင်းသကြားဓာတ်ပါဝင်မှုကိုလျော့နည်းစေခြင်းဖြစ်ပါတယ်။
၅။ကိုယ်အလေးချိန်ထိန်းညှိပေးခြင်း
ဖန်ခါးသီးကိုပုံမှန်စားသုံးခြင်းဖြင့် အဝလွန်သူများအတွက် ဝိတ်ချရာတွင် အလွန်အသုံးဝင်ပါတယ်။
၆။အမြင်အာရုံကို ကောင်းမွန်စေခြင်း
ဖန်ခါးသီးကိုစားသုံးခြင်းအားဖြင့် အမြင်အာရုံကိုကောင်းမွန်စေပါတယ်။ ဖန်ခါးသီးကိုထု၍ ၁ ညရေစိမ်ပြီး ထိုရေကြည်ဖြင့်မျက်စိကိုဆေးပေးပါက မျက်စိနာကျင်ကိုက်ခဲခြင်းကို ပျောက်ကင်းစေနိုင်ပါတယ်။ဖန်ခါးရေဟာ အကိုက်အခဲပျောက်စေခြင်း၊ ရောင်ရမ်းနာကျင်ခြင်းနှင့် မျက်စိအမြှေးရောင်ခြင်း တို့ကိုသက်သာပျောက်ကင်းစေနိုင်ပါတယ်။
ကျန်းမာရေးအတွက်များစွာအထောက်အကူပြုတဲ့ဖန်ခါးသီးကို အလှအပအတွက်လည်းအသုံးပြုနိုင်ပါတယ်။ ဝက်ခြံအမြစ်မထွက်သော် ဖန်ခါးသီးအစေ့ကို ဆန်ဆေးရည်နှင့်သွေးလိမ်းပေးပါ။ အရေပြားရောဂါများကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ဖန်ခါးသီးကိုပြုလုပ်၍ ခေါင်းလိမ်းဆီအဖြစ်အသုံးပြုနိုင်ပါတယ်။ ဖန်ခါးသီးအခြောက်မှုန့်ကိုပျားရည်ဖြင့် ရောသောက်ပါက အဆုတ်ရောဂါကိုကာကွယ်ပေးနိုင်ပါတယ်။ မီးယပ်ဆေး၊ ဒူလာဆေး၊ လိပ်ခေါင်းဆေးများဖော်စပ်ရာတွင် ဖန်ခါးရွက်ကိုထည့်သွင်းအသုံးပြုနိုင်ပါတယ်။
ဖန်ခါးသီးကိုတို့စရာအဖြစ်သာစားသုံးနေကြပါတယ်။ ကျန်းမာရေးကိုများစွာအထောက်အကူပြုပေးတဲ့ ဖန်ခါးသီးရဲ့အကျိုးအာနိသင်များကို သိရှိစေရန်ရည်ရွယ်၍ ရေးသားလိုက်ပါတယ်။
လင်းလင်းထွန်း
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မသက်
4 years agoပျိုးပင်ဖောက်နည်း
Toe Toe
5 years ago.
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from လင်းလင်းထွန်း
See all