Green Way
ဘက်စုံသီးနှံကာကွယ်နှိမ်နင်းရေးနည်းစနစ် (IPM)

ဘက်စုံသီးနှံကာကွယ်နှိမ်နင်းရေးနည်းစနစ် (IPM)

    ဘက်စုံသီးနှံကာကွယ်နှိမ်နင်းရေးနည်းစနစ် (IPM)ဆိုသည်မှာ ဖျက်ပိုးအရေအတွက်ကို စီးပွားရေးထိခိုက်စေသောအဆင့်သို့ မရောက်အောင် လျော့ချရန်အတွက် ဓါတုဆေးတစ်မျိုးတည်းကိုသာ အသုံးပြုခြင်းမဟုတ်ဘဲ သင့်တော်သောနည်းလမ်းများဖြင့် အချိန်အခါနေရာဒေသကိုလိုက်၍ ရနိုင်သမျှနည်းလမ်းများကို တွဲဖက်ကျင့်သုံးသော နည်းစနစ်ဖြစ်ပါသည်။ 

ကာကွယ်နှိမ်နင်းရေးနည်းစနစ်များမှာ - 

၁. စိုက်ပျိုးနည်းစနစ်ဖြင့် ကာကွယ်ခြင်း

၂. ရုပ်ပိုင်းဆိုင်ရာပြောင်းလဲ၍ ကာကွယ်ခြင်း

၃. လူအင်အားဖြင့် ကာကွယ်ခြင်း

၄. ဇီ၀နည်းဖြင့် ကာကွယ်ခြင်း 

၅. ဓါတုပိုးသတ်ဆေးဖြင့် ကာကွယ်ခြင်းတို့ဖြစ်ပါသည်။ 

စိုက်နည်းစနစ်ဖြင့် ကာကွယ်နှိမ်နင်းခြင်း

    ဤစနစ်တွင် စိုက်ပျိုးရေးနည်းစနစ်များဖြစ်သော ခံနိုင်ရည်ရှိသောမျိုးများ ရွေးချယ်ခြင်း၊စိုက်ခင်းကို သန့်ရှင်းခြင်း၊ သီးနှံ အချိန်မှန်စိုက်ခြင်းနှင့် သီးလှည့်စိုက်ခြင်း၊ မျိုးစေ့သန့်စင်ခြင်း၊ ဓါတ်မြေဩဇာ အချိုးကျသုံးစွဲခြင်း၊ ထယ်မထိုးခင် ရေလွှမ်းခြင်း၊ ပျိုးခင်းကို ဇကာများဖုံးအုပ်အသုံးပြုခြင်း၊ သီးနှံကျန်းမာသန်စွမ်းရန် ထိန်းသိမ်းခြင်း၊ ဖျက်ပိုးများဖျက်ဆီးမှုမှ ကင်းဝေးစေရန် ၎င်းတို့အတွက် ဆိုးရွားသောအခြေအနေများ ဖန်တီးပေးခြင်းကဲ့သို့သော တိုးတက်သောလယ်ယာစိုက်ပျိုးရေးစနစ်များ ပါဝင်သည်။

လူအင်အားဖြင့် ကာကွယ်ခြင်း

    ဤနည်းစနစ်သည် ဖျက်ပိုးများကို ဓါတုဆေးဝါးများကိုမသုံးစွဲဘဲ လူအင်အားဖြင့်ကာကွယ်ခြင်းဖြစ်ပါသည်။ ဥပမာအားဖြင့် - စပါးဆစ်ပိုးကျရောက်ပါက ဆစ်ပိုးဥမြုံများရှိသော စပါးအရွက်ထိပ်ကိုဖြတ်၍ ဖျက်ဆီးခြင်း၊ ကြွက်များကို ကြွက်ထောင်ချောက်ဖြင့်ဖမ်း၍ ကာကွယ်ခြင်း စသည်တို့ဖြစ်ပါသည်။ 

ရုပ်ပိုင်းဆိုင်ရာပြောင်းလဲ၍ ကာကွယ်ခြင်း

    ဤနည်းစနစ်သည် အပင်ထွက်ပိုးသတ်ဆေးများ အသုံးပြုခြင်း၊ နေရောင်ခြည်လေဒီယိုသတ္တိကြွမှုစနစ်ကို အသုံးပြု၍ကာကွယ်ခြင်း၊ ဖျက်ပိုးအထီးများကို မြုံအောင်ပြုလုပ်ပြီး ဖျက်ပိုးအရေအတွက်နည်းအောင် လျော့ချခြင်း၊ အပူချိန် အနမ့်အမြင့်ပြောင်းလဲ၍ ဖျက်ပိုးအရေအတွက်လျော့ကျအောင်ပြုလုပ်ခြင်းနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်များကို အသုံးပြု၍ ဖျက်ပိုးများကို သေစေနိုင်ခြင်း စသည်တို့ဖြစ်ပါသည်။ 

ဇီဝနည်းဖြင့် ကာကွယ်နှိမ်နင်းခြင်း

    ဇီဝနည်းဖြင့် ကာကွယ်နှိမ်နင်းခြင်းသည် ခေတ်သစ်ဘက်စုံကာကွယ်နှိမ်နင်းစနစ်များတွင်အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ထိုစနစ်တွင် ဖျက်ပိုးများထိန်းချုပ်ရန်နှင့် ၎င်းတို့ကို ဖျက်ဆီးရန်အတွက် သားရဲတိရိစ္ဆာန်များ၊ ကပ်ပါးကောင်များ၊ ကပ်ပါးမှိုများကို အသုံးပြုခြင်းနှင့် ၎င်းတို့၏အရေအတွက်များကို တိုးပွားခြင်းတို့ပါဝင်သည်။ ထို့ကြောင့် ဘက်စုံသီးနှံကာကွယ်နှိမ်နင်းစနစ်သည် ဘေးကင်းခြင်း၊ ရေရှည်တည်တံ့စေခြင်းနှင့် စီးပွားရေးတွက်ခြေကိုက်သော နည်းစနစ်ဖြစ်သည်။ သို့သော်လည်း ဤစနစ်သည် ဓါတုဆေးများအသုံးပြုသကဲ့သို့ လျင်မြန်စွာ အစွမ်းသက်ရောက်မှုမရှိခြင်းနှင့် အချို့သောဖျက်ပိုးမျိုးစိတ်များကိုသာ နှိမ်နင်းနိုင်သည်။

ဓါတုပိုးသတ်ဆေးဖြင့် ကာကွယ်နှိမ်နင်းခြင်း

    ဤစနစ်တွင် ဓါတုပိုးသတ်ဆေးများကို အသုံးပြုခြင်းတို့ ပါဝင်သည်။ ၎င်းစနစ်သည် ဖျက်ပိုးများကို ထိရောက်လွယ်ကူစွာ နှိမ်နင်းနိုင်ပါသည်။ သို့သော်လည်း ဓါတ်ပိုးသတ်ဆေးများသည် မိတ်ဆွေပိုးများကိုလည်း သေစေနိုင်ပါသည်။ ဓါတုပိုးသတ်ဆေးသုံးစွဲခြင်းသည် တောင်သူနှင့် စားသုံးသူများ၏ကျန်းမာရေးကို ထိခိုက်စေနိုင်သလို ဖျက်ပိုးများသည်လည်း ဆေးယဉ်ပါးလာနိုင်ပါသည်။ 

    အထက်ပါနည်းစနစ်များမှ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးအတွက် လုံခြုံစိတ်ချမှုကို အောက်ပါပုံ (၂)တွင် လေ့လာပါ။ 

လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေး (OSH) နှင့် ဘက်စုံသီးနှံကာကွယ်နိမ်နင်းရေး (IPM)

ကိုးကား - ဘက်စုံသီးနှံကာကွယ်ရေးနည်းစနစ်များ 

https://ppdmyanmar.org/Mm/biological-control-section/#1528512683529-ef4964fc-7de2

ဆောင်းပါးရေးသာသူ - ဒေါ်သင်းသင်းလဲ့ (လက်ထောက်ညွှန်ကြားရေးမှူး)၊ သီးနှံပိုးမွှားကာကွယ်ရေးဌာနခွဲ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

Ko Thant

Ko Thant

4 months ago

အပုံလေးတေချပြပေးလို့ရမလား

mg myint myat aung

mg myint myat aung

11 months ago

ဆက်လက်ရှင်းပြပေးပါရန်

KyawSwar

KyawSwar

4 years ago

ဘိုကိတ်အကြောင်းလေးပြောပေးပါ

You
ILO Myanmar, VISION ZERO FUND

Content provider

ILO Myanmar, VISION ZERO FUND

ချင်းသီးနှံကုန်စည်တန်ဖိုးမြှင့်ကွင်းဆက်ကဏ္ဍ၊ ရှမ်းပြည်နယ် ၁။ စီမံကိန်းနောက်ခံအကြောင်းအရာ အပြည်ပြည်ဆိုင်အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ The Vision Zero Fund (VZF) စီမံကိန်းသည် ကမ္ဘာလုံးဆိုင်ရာ ပံ့ပိုးရောင်းချရေးကွင်းဆက် (Global Supply Chains-GSCs)များကို ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် အလုပ်နှင့်သက်ဆိုင်သော ထိခိုက်ဒဏ်ရာရှိမှု၊ သေဆုံးမှုနှင့် ရောဂါရရှိမှုများအား  ကာကွယ်တာဆီးခြင်းနှင့် ကူညီထောက်ပံ့ခြင်းလုပ်ငန်းများကို မြှင့်တင်ရန် ရည်ရွယ်ပါသည်။ မြန်မာနိုင်ငံ၌ VZF သည် ကမ္ဘာလုံးဆိုင်ရာပံ့ပိုးရောင်းချရေးကွင်းဆက် (GSCs)နှစ်ခုဖြစ်သော အထည်ချုပ်လုပ်ငန်းနှင့် ချင်းကုန်စည်တန်ဖိုးမြှင့်ကွင်းဆက်လုပ်ငန်းတွင် လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေး ပြဿာနာများကို လုပ်ဆောင်လျှက်ရှိပါပြီး ထိုကဲ့သို့သော ပြသာနာများကို ဖြေရှင်းရန် ကာကွယ်တားဆီးခြင်း ပုံစံများကို ရေးဆွဲခဲ့ပါသည်။ ထို့အပြင် VZF သည် ချင်းသီးနှံနှင့် အထည်ချုပ်လုပ်ငန်း ကမ္ဘာလုံးဆိုင်ရာပံ့ပိုးရောင်းချရေးကွင်းဆက် (GSCs) အတွင်း ဖွဲ့စည်းပုံမူဘောင်နှင့် လုပ်ငန်းခွင်ဘေးကင်းလံုံခြုံရေးနှင့် ကျန်းမာရေး (OSH) စနစ်နှင့် လူမှုဖူလုံရေးကဏ္ဍများအားကောင်းအောင် အားပေးကူညီခြင်းဖြင့် မူဝါဒအဆင့်၌လည်း လုပ်ဆောင်ပြီး မူဝါဒအကောင်အထည်ဖော်ဆောင်ရွက်ခြင်းကိုလည်း ပံ့ပိုးပေးပါသည်။  VZF သည် ရှမ်းပြည်တောင်ပိုင်းရှိ ကလော၊ ပင်းတယ၊ ပင်လောင်း၊ ဟိုပုံး၊ ညောင်ရွှေ၊ ရပ်စောက်နှင့် နမ်ဆန်စသည့်မြို့နယ် (၇)မြို့နယ်များတွင် ချင်းကုန်စည်တန်ဖိုးမြှင့် ကွင်းဆက်လုပ်ငန်းများကို  စိုက်ပျိုးရေးဦးစီးဌာနနှင့် Winrock International တို့နှင့် ပူးပေါင်းလုပ်ဆောင်လျှက်ရှိပါသည်။ ချင်းကုန်စည်တန်ဖိုးမြှင့်ကွင်းဆက်လုပ်ငန်းများအတွက် သတ်မှတ်ပြီးသောလုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးအတွက် ပါဝင်သောလုပ်ငန်းများမှာ-၁။ တောင်သူလယ်သမားမျာအကြား ဓါတုစိုက်ပျိုးရေးသုံးပစ္စည်းအသုံးပြုခြင်းများနှင့် လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးအန္တရာယ်များ အသိပညာမြှင့်တင်ပေးခြင်း၊၂။ စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင်များအား ဓါတုပစ္စည်းဘေးကင်းလုံခြုံစွာ ကိုင်တွယ်အသုံးပြုခြင်းကို ထိရောက်သည့် သတင်းအချက်းအလက်များဝေမျှခြင်း စွမ်းရည်မြှင့်တင်ပေးခြင်း၊ ၃။ တောင်သူလယ်သမားအစုအဖွဲ့များ၏ ဖွဲ့စည်းခြင်းကို ပံ့ပိုးပေးခြင်းနှင့် လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးနှင့် သက်ဆိုင်သောလုပ်ငန်းများ လိုက်နာဆောင်ရွက်နိုင်ရန် စွမ်းရည်မြှင့်တင်ပေးခြင်း၊ ၄။ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးအန္တရာယ်များ ထိန်းချုပ်နိုင်ရန် (သို့) လျှော့ချရာတွင် ကူညီပေးသည့် လက်မှတ်ထုတ်ပေးခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်နှင့် သင်တန်းများကို မြှင့်တင်ပေးခြင်း။ (အော်ဂဲနစ်နှင့် စိုက်ပျိုးရေးအကျင့်အကြံကောင်းများ)၇။ ချင်းကုန်ကြမ်းအဆင့်မြှင့်တင်ပြုပြင်သူများ (Ginger Processors) အား အလုပ်သမားများဘေးကင်းရန်နှင့် ကုန်စာရင်းမပျက်စီးရန်ထိန်းသိမ်းထားရှိသည့် စက်ရုံတည်ဆောက်မှုပုံစံများနှင့် OSH စီမံခန့်ခွဲမှုစနစ်များကို ပံ့ပုံးပေးခြင်း။ ၆။ လုပ်ငန်းခွင်အခြေအနေများနှင့် ကုန်စာရင်းစီမံခန့်ခွဲခြင်းလုပ်ငန်းများ တိုးတက်လာစေရန်     အောင်ပန်းဈေးကွက်ရှိ ကုန်သည်များအား ထုတ်လုပ်မှုစွမ်းရည် မြှင့်တင်ပေးခြင်း၊ VZF သည် စိုက်ပျိုးရေးဦးစီးဌာန၊ Winrock International တို့နှင့်ပူးပေါင်းဆောင်ရွက်ပြီး ၇ မြို့နယ်ရှိ ချင်းစိုက်တောင်သူ များကို လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေး နှင့် သမဝါယမအစုအဖွဲ့ တည်ထောင်ခြင်းသင်တန်းများကို ကျင်းပပြုလုပ်ပေးခဲ့ပါသည်။ OSH သင်တန်းသည် အလျဉ်းသင့်သလို လိုအပ်သည့်အခြေအနေမှာ လိုက်နာကျင့်သုံးမှုကို ပံ့ပိုးကူညီရန်အတွက်  ကမ္ဘာလုံးဆိုင်ရာစိုက်ပျိုးရေးအကျင့်အကြံကောင်းအသိအမှတ်ပြုလက်မှတ်၏ သတ်မှတ်ချက်များနှင့် ကိုက်ညီအောင်ဆောင်ရွက်ထားပါသည်။ ချင်းတောင်သူအစုအဖွဲ့ (၆)ဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် ၎င်းတို့အဖွဲ့များသည် VZF ပံ့ပိုးကူညီမှုဖြင့် ပြည်ပဈေးကွက်အတွက် အရည်အအတွက်နှင့် အရည်အသွေးပြည့်မီစေရန် ရိပ်သိမ်းချိန်လွန် စီမံဆောင်ရွက်ခြင်းနှင့် အဖွဲ့တွင်းထိန်းချုပ်မှုစနစ်များ (Internal Control Systems) တည်ဆောက်ခြင်းလုပ်ငန်းစဉ် အဆင့်တွင် ရောက်ရှိနေပါသည်။ တောင်သူလယ်သမားများနှင့် VZF၏ အနာဂါတ်လုပ်ငန်းစဉ်များမှာ စိုက်ပျိုးရေးဦးစီးဌာနမှ တစ်ဆင့်  လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးသင်တန်း ပြုလုပ်ရန်နှင့် အလားအလာရှိသူများကို ဖော်ထုပ်၍ ချင်းစိုက်တောင်သူအစုအဖွဲ့သစ်ဖွ့ဲစည်းခြင်းကို ဆက်လက်ပံ့ပိုးကူညီသွားမည်။ VZFသည် စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပြီး ချင်းသီးနှံအတွက် မြန်မာ့စိုက်ပျိုးရေးအကျင့်အကြံကောင်းများ (Myanmar GAP) လမ်းညွှန်ချက်ပြုစုခြင်းနှင့် စိုက်ပျိုးရေးသွင်းအားစုအရောင်းဆိုင်များကို သင်တန်းပေးခြင်းစသည်တို့လည်း လုပ်ဆောင်ပါသည်။ ထို့အပြင် VZFသည် အောင်ပန်းဈေးကွက်ရှိကုန်သည်များနှင့် VZF၏သင်တန်းများ၊ ရှေ့ပြေးပုံစံစမ်းသပ်ခြင်းမှ မောင်းနှင်သည့် OSH လမ်းကြောင်းနှင့် ထုတ်လုပ်နိုင်စွမ်းမြှင့်တင်ခြင်းများကို လုပ်ဆောင်ပြီး အောင်ပန်းတွင် ကုန်ကြမ်းတန်ဖိုးမြှင့်တင်ပြုပြင်ခြင်းစက်ရုံပုံစံ၌ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့်ကျန်းမာရေးကဏ္ဍကို ကူညီပေးသည့် ထုတ်လုပ်နိုင်စွမ်းနှင့် OSH သင်တန်းများကိုလည်း လုပ်ဆောင်ပါသည်။

Related questions

မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ

Kyaw Zin • 1 answers

ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ

ဦးဝင်းအောင် • 3 answers

ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ

ko. latt • 2 answers

နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ

Ukyaw • 1 answers

တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့

သန်းထိုက်အောင် • 3 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....