ရေဆင်းကုလားပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ
ရေဆင်းကုလားပဲ - ၃
- သက်တမ်းအားဖြင့် (၈၀-၈၅)ရက်ရှိပြီး ၅၀% ပန်းပွင့်ရက်မှာ (၃၅) ရက်ခန့်ရှိပါသည်။
- တစ်ပင်ပါသီးတောင့် (၂၅-၃၀) ရှိပြီး တစ်တောင့်ပါအစေ့ (၁) စေ့နှင့် အစေ့ (၁၀၀) အလေးချိန် (၂၈) ဂရမ်ရှိသည်။ အစေ့အရောင်မှာ ခရင်မ် (Cream) ရောင်ဖြစ်ပါသည်။
- ရေမြေရာသီဥတုအခြေအနေပေးပါက တစ်ဧကလျှင် (၂၀-၂၂) တင်းထိ ထွက်ရှိနိုင်ပါသည်။
- အသက်လျင်ပြီး ဈေးကွက်ဝင်အရည်အသွေးရှိ၍ တောင်သူများ အထူးကြိုက်နှစ်သက်ကြပါသည်။
ရေဆင်းကုလားပဲ - ၄
- အပင်သက်တမ်းအားဖြင့် (၈၅-၉၀) ရက်ရှိပြီး ၅၀% ပန်းပွင့်ရက်မှာ (၃၅) ရက်ခန့်ရှိပါသည်။
- တစ်ပင်ပါသီးတောင့် (၂၀-၂၅) ရှိပြီး တစ်တောင့်ပါအစေ့ (၁) စေ့နှင့် အစေ့ (၁၀၀) အလေးချိန် (၂၂) ဂရမ်ရှိသည်။ အစေ့အရောင်မှာ နီဝါရောင်ဖြစ်ပါသည်။
- တစ်ဧကအထွက်နှုန်းမှာ (၁၈-၂၀) တင်းဖြစ်ပါသည်။
- မြန်မာနိုင်ငံအလယ်ပိုင်းရှိ ဆည်ရေသောက်ဒေသများတွင် စပါးပြီး သီးထပ်အဖြစ်စိုက်ပျိုးရန် အထူးသင့်တော်ပါသည်။
ရေဆင်းကုလားပဲ - ၆
- သက်တမ်းအားဖြင့် (၉၀-၉၅) ရက်ရှိပြီး ၅၀% ပန်းပွင့်ရက်မှာ (၄၀-၄၅) ရက်ခန့်ရှိပါသည်။
- တစ်ပင်ပါသီးတောင့် (၃၀-၃၅) ရှိပြီး တစ်တောင့်ပါအစေ့ (၁) စေ့နှင့် အစေ့ (၁၀၀) အလေးချိန် (၃၀)ဂရမ်ရှိသည်။ အစေ့အရောင်မှာ နီဝါရောင်ဖြစ်ပါသည်။
- တစ်ဧကအထွက်နှုန်းမှာ (၂၅-၃၀) တင်းဖြစ်ပါသည်။
- သက်လတ်ကုလားပဲအနီမျိုးဖြစ်၍ အပူဒဏ်ခံနိုင်သောမျိုးဖြစ်ပါသည်။ လယ်သီးထပ်နှင့် စိုက်ချိန်နောက်ကျသောဒေသများတွင် သင့်တော်ပါသည်။
ရေဆင်းကုလားပဲ - ၈
- သက်တမ်းအားဖြင့် (၈၅-၉၀) ရက်ရှိပြီး ၅၀% ပန်းပွင့်ရက်မှာ (၄၀-၄၅) ရက်ခန့်ရှိပါသည်။
- တစ်ပင်ပါသီးတောင့် (၂၅-၃၅) ရှိပြီး တစ်တောင့်ပါအစေ့ (၁) စေ့နှင့် အစေ့ (၁၀၀) အလေးချိန် (၃၂) ဂရမ်ရှိသည်။ အစေ့အရောင်မှာ အဖြူရောင်ဖြစ်ပါသည်။
- တစ်ဧကအထွက်နှုန်းမှာ (၂၂-၂၅) တင်းဖြစ်ပါသည်။
- သက်လျင်၊ အစေ့ကြီး ကုလားပဲအဖြူမျိုးဖြစ်ပြီး ပြည်ပဈေးကွက်ဝင်အရည်အသွေးရှိပါသည်။
ရေဆင်းကုလားပဲ - ၁၁
- သက်တမ်းအားဖြင့် (၉၀-၉၅) ရက်ရှိပြီး ၅၀% ပန်းပွင့်ရက်မှာ (၄၀-၄၅) ရက်ခန့်ရှိပါသည်။
- တစ်ပင်ပါသီးတောင့် (၃၅-၄၀) ရှိပြီး တစ်တောင့်ပါအစေ့ (၁) စေ့နှင့် အစေ့ (၁၀၀) အလေးချိန် (၃၅) ဂရမ်ရှိသည်။ အစေ့အရောင်မှာ ခရင်မ်ရောင်ဖြစ်ပါသည်။
- တစ်ဧကအထွက်နှုန်းမှာ (၂၅-၂၇) တင်းဖြစ်ပါသည်။
- သက်လတ်ပြည်ပဈေးကွက်ဝင် အရည်အသွေးရှိ အစေ့ကြီး ကုလားပဲအဖြူမျိုးဖြစ်ပါသည်။
ရေဆင်းကုလားပဲ - ၁၂
- သက်တမ်းအားဖြင့် (၈၅-၉၀) ရက်ရှိပြီး ၅၀% ပန်းပွင့်ရက်မှာ (၃၀-၄၀_ ရက်ခန့်ရှိပါသည်။
- တစ်ပင်ပါသီးတောင့် (၃၀-၄၀) ရှိပြီး တစ်တောင့်ပါအစေ့ (၁) စေ့နှင့် အစေ့ (၁၀၀) အလေးချိန် (၃၂)ဂရမ်ရှိသည်။ အစေ့အရောင်မှာ နီဝါရောင်ဖြစ်ပါသည်။
- တစ်ဧကအထွက်နှုန်းမှာ (၂၅-၂၈) တင်းဖြစ်ပါသည်။
- သက်လျင် ပြည်ပဈေးကွက်ဝင် အရည်အသွေးရှိ (အစေ့ကြီး) ကုလားပဲအနီမျိုးဖြစ်ပါသည်။
Source- စိုက်ပျိုးရေးဦးစီးဌာန
Continue reading related topics, questions and articles.
Topic 1
ကုလားပဲမျိုး
Kyaw Gyi
4 years agoTW က ရေဆင်းနံပါတ် ဘယ်လောက်လဲခင်ဗျ
ရွှေသွေး
4 years agoမျိုးစေ့ ဘယ်လိုမှာယူလို့ရနိုင်ပါသလဲခင်ဗျ..
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from စိုက်ပျိုးရေးဦးစီးဌာန
See all
တောင်သူများအသုံးပြုနေသော အမိုနီယမ်ဆာလဖိတ် (Ammonium Sulphate) မြေဩဇာအကြောင်း
10/12/2021
စိုက်ပျိုးသင့်သော နှမ်းအထွက်ကောင်းမျိုးများ
27/08/2021
စပါးခွံပေါင်းခံရည်ဘယ်လိုလုပ်မလဲ
16/01/2021
လယ်ယာသုံးစက်ပစ္စည်းကိရိယာများ ရွှေ့ပြောင်းအသုံးပြုရာတွင် လိုအပ်သောအကူအညီ တောင်းခံဆောင်ရွက်နိုင်ကြောင်း အသိပေးနှိုးဆော်ချက်
14/12/2020
စိုက်ပျိုးရေးဦးစီးဌာန Call Center နှင့် Greenway တို့ပူးပေါင်း၍ တောင်သူ ဝန်ဆောင်မှုလုပ်ငန်း တိုးမြှင့်ဆောင်ရွက်မည်
20/08/2020
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....