အပင်များတွင် အဓိက ကျရောက်ရောက်သော ရောဂါများ (Common plant disease) အပိုင်း (၂)
၄။ Wilts - ညှိုးသေခြင်း
ရောဂါဖြစ်စေသော အကြောင်းအရာ - ပုံမှန်အားဖြင့် ရေလိုအပ်သောအခါ အပင်များညှိုးလာသည်။ မှိုကြောင့် အပင်ကြာရှည်စွာညှိုးခြင်းကို ရေပုံမှန်ရရှိချိန်တွင်လည်း တွေ့ရသည်။ ညှိုးသေရောဂါသည် အပင်၏ အစာရေ ကြောကို ရောဂါကျရောက်စေသည်။ များသောအားဖြင့် ညှိုးသေရောဂါ သည် ရွက်ခြောက် နှင့် ဆင်တူသည်။
ရောဂါပုံစံများ - Stewart’s Wilt , Verticillium Wilt , Fusarium Wilt
ရောဂါလက္ခဏာများ - ရောဂါကျအပင်သည် ညှိုး၍ အဝါရောင်သို့ပြောင်းကာ နောက်ဆုံးသေဆုံးသွားသည်။
ရောဂါကျရောက်အပင်များ - အခန်းတွင်းနှင့် စိုက်ကွင်းတွင်စိုက်ပျိုးသော အပင်များအားလုံးတွင် ရောဂါ ကျရောက်နိုင်သည်။ ပန်းပင်များ၊ ဟင်းသီးဟင်းရွက်အပင်များ၊ သစ်သီးအပင်များ၊ အလှစိုက်အပင်များတွင် ညှိုးသေရောဂါကို ပို၍တွေ့ရသည်။
ကာကွယ်နှိမ်နင်းနည်း
- ခံနိုငရည်ရှိသော မျိုးစေ့နှင့် အပင်များကိုရွေးချယ်စိုက်ပျိုးပါ။
- ကျရောက်သောနေရာတွင် အပင်ထပ်မံစိုက်ပါက ညှိုးသေရောဂါ ထပ်မံ ကျရောက်နိုင်သည်။
- သီးလှည့်စိုက်ပျိုးပါ။
- ကျိုင်း(Flea Beetles ) များကို ကြိုးစားဖယ်ရှားပါ။
- ရောဂါကျ အကိုင်းများနှင့် အပင်များအား ဖယ်ရှားဖြတ်တောက်၍ ဖျက်ဆီးပါ။
၅။ Rots : ပုပ်ခြင်း
ရောဂါဖြစ်ရသည့်အကြောင်းအရင်း အပင်များ၏ အမြစ်များ၊ ပင်စည်များ၊ သစ်သား များ၊ ပန်းပွင့်များ၊ အသီးများကို ပျက်စီး၍ ပုပ်စေသည်။ Rot disease ဖြစ်ရသည့် အကြောင်းအရင်းမှာ ရေများခြင်းနှင့် ရေစီးဆင်းမှု ညံ့ဖျင်းခြင်းကြောင့်ဖြစ်သည်။ အခန်းတွင်းစိုက်ပျိုးသော အပင်များတွင် စိုက်ကွင်း ဖြင့် စိုက်ပျိုးသောအပင်များထက် ပို၍တွေ့ရသည်။
ရောဂါပုံစံများ - အမြစ်ပုပ်၊ ပင်စည်ပုပ်၊ အသီးပုပ်၊ မှိုပွင့်ပုပ်နှင့် သစ်သားပုပ်
ရောဂါလက္ခဏာ - အရွက်များ ကြီးထွားမှုညံ့ဖျင်းခြင်း၊ အပင်ညှိုးခြင်း၊ အဝါရောင် (သို့) အညို ပြောင်းခြင်း၊ အရွက်များ အရောင်ဖျော့ခြင်း၊ အမြစ်များပျက်စီးခြင်း၊ အပင်၏အရွက်ကိုင်းဖြား စက်ဝန်း (plant canopy) ပါးခြင်းတို့ တွေ့ရသည်။
ရောဂါကျရောက်အပင်များ - အခန်းတွင်းနှင့် ကွင်းစိုက်ခင်းများနှစ်ခုလုံး တွင်ကျရောက်သည်။ ရေစီးဆင်းမှု ညံ့ဖျင်းသော အခန်းတွင်းစိုက်အပင်များတွင် ပို၍ကျရောက် သည်။
ကာကွယ်နှိမ်နင်းနည်း
-ရေစီးဆင်းမှု ညံ့ဖျင်းသောမြေများတွင် စိုက်ပျိုးခြင်းမှ ရှောင်ပြီး စတင်စိုက်ပျိုးသော အပင်များကို ရေစီးဆင်းမှုကောင်းမွန်ရန် ဘောင်အမြင့်ပြုလုပ်စိုက်ပျိုးပါ။
- ရေအလွန်အကျွံလောင်းခြင်းမှ ရှောင်ကြဉ်၍ မိုးအခါ ရေမဝပ်စေရန် သတိပြုပါ။
- ခြောက်သွေ့သောအခါနှင့် မြေကြီးအတွင်း ရေလိုအပ်သောအခါမှ ရေလောင်းပါ။
- ရောဂါကျ အပင်အစိတ်အပိုင်းများအားလုံးကို အခြားစိုက်ကွင်းများ ပျံ့နှံမှုမရှိစေရန် ချက်ချင်း ဖယ်ရှား ပါ။
- ဓါတုဆေးအနေဖြင့် methyl bromide ကို ရောဂါကျ အပင်ပေါ်နှင့် အပင်ခြေများတွင် ထည့်သွင်း ခြင်းဖြင့် ရောဂါကျရောက်မှုကို လျော့ချနိုင်မည်ဖြစ်ပြီး လုံးဝပျောက် ကင်းသွားမည် မဟုတ်ပါ။
၆။ Anthracnose : မှည့်ပြောက်စွန်း
ရောဂါဖြစ်စေသည့်အကြောင်းအရာ - မျိုးရင်း “ Colletotrichum ”တွင်ပါဝင်သောမှို ကြောင့်ဖြစ်သော ရောဂါဖြစ်ပြီး ဥယျာဉ်ခြံအပင်များတွင် အများအားဖြင့်တွေ့ရသည်။
ရောဂါလက္ခဏာ - အနက်ရောင် ရေစိုနာ အစင်းကြောင်းများကို ပင်စည်များ၊ အရွက်များ၊ အသီးများတွင် တွေ့ရ သည်။
ကာကွယ်နှိမ်နင်းနည်း
- ရောဂါကျအပင်၏ အရွက်၊ အသီး၊ ပင်စည်များအား မဆွေးအောင်ပြုလုပ်ခြင်းဖြင့် မှိုစပိုးများမပြန့် အောင် ကာကွယ်ပါ။
- အပင်စတင်ကြီးထွားချိန်နှင့် ကြီးထွားနေစဉ်တွင် ကော့ပါးအရည်နှင့် ဆာလဖာမှုန့် ထည့်ပေးနိုင်သည်။
- ပိုးဥများ၊ လောက်ကောင်များ၊ မှိုများ ကျရောက်မှုကို တမာစေ့ဆီဖြန်းခြင်းဖြင့် ကာကွယ် နိုင်သည်။
၇။ Scabs : အနာဖေးရောဂါ
ရောဂါဖြစ်စေသည့်အကြောင်းအရာ - မှိုကြောင့်ဖြစ်သောရောဂါဖြစ်ပြီး အရွက်၊ အသီး၊ ဥ (leaves , fruits , tubers) များတွင် ကျရောက်သည်။ မှိုကြောင့် တစ်ရှုးများ မာကျောခြင်း၊ ရင့်ခြင်း၊အက်ကွဲခြင်း ဖြစ်စေသည်။ ပန်းသီးနှင့် သစ်တော်သီးများတွင် ကျရောက်သော အသီးအနာဖေးရောဂါသည် အဆိုးဝါးဆုံးပြဿနာဖြစ်သည်။
ကာကွယ်နှိမ်နင်းနည်း
- ကိုင်းဖြတ်ခြင်း(pruning) ပြုလုပ်ရမည့်အချိန်တွင် ပြုလုပ်ခြင်း နှင့် ပင်ကြားတန်းကြား မှန်အောင် စိုက်ပျိုးပါ။
- ရောဂါကျ အစိတ်အပိုင်းများနှင့် ကြွေကျနေသောအရွက်များကို ဖယ်ရှားပါ။
- ဆာလဖာပါသော မှိုသတ်ဆေးများကို ဖြန်းနိုင်သည်။
Aye Thanda Soe
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ayethandasoe
See all
ဒူးရင်းသီးတွင်ကျရောက်သော အသီးပုပ်ခြင်းရောဂါ (Durian Fruit disease )
23/10/2020
ဒူးရင်းအရွက် ငှက်မျက်စိကွက်ရောဂါ
20/05/2020
ဒူးရင်းအရွက်သံချေးရောဂါ ( Durian Leaf Green Alga Rust )
14/05/2020
ဒူးရင်းရွက်အစက်အပြောက်ရောဂါ ( Durian Leaf spot )
05/05/2020
ပန်းထိမ်ငိုပန်း(Globba winitii - Dancing girl ginger) စိုက်ပျိုးနည်း
20/04/2020
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....