စပါးဘက်တီးရီးယားအညိုရောင်ရွက်ဖုံးပုတ်ရောဂါ
ဤ ရောဂါသည် Pseudomonas fuscovaginae ဟုခေါ်သည့် ဘက်တီးရီးယား တစ်မျိုးကြောင့် ဖြစ်ပါသည်။ စပါးပျိုးပင်နှင့် အပင်ကြီး အဆင့်များတွင် ရွက်ဖုံးနှင့် စပါးစေ့များပေါ်တွင် ပုတ်ဆွေးခြင်း ဖြစ်စေသည်။
ရောဂါဖြစ်ပွားသည့်နေရာနှင့်ဖြစ်ပွားသည့်် အကြောင်းရင်း
သမပိုင်းနှင့် အပူပိုင်းဒေသ နှစ်မျိုးစလုံးတွင် ပင်လယ်ရေပြင်မှ အမြင့် ၁၂၀၀-၁၇၀၀ မီတာရှိ ကုန်းမြင့်ဒေသ၊ အပူချိန်နိမ့်ပြီး စိုထိုင်းဆ များသောဒေသများတွင် ကျရောက်ဖြစ်ပွား နိုင်သည်။ ဤရောဂါကို အထူးသဖြင့် အာရှတိုက်၊ တောင်အမေရိကတိုက်၊ မာဒါဂါစကာ အပါအဝင် အာဖရိကတိုက် အလယ်ပိုင်းနှင့်် အရှေ့ပိုင်းဒေသများတွင် ကျရောက် ဖြစ်ပွားကြောင်း သိရပါသည်။ မျိုးစေ့ဆောင်ရောဂါ တစ်မျိုးဖြစ်ပြီး ရောဂါဖြစ်စေသော ဘက်တီးရီးယား Pseudomonas fuscovaginae သည် စိုက်ခင်းထဲ ကျန်ရစ်ခဲ့သည့်စပါးပင် နှင့်ပေါင်းပင်များပေါ်တွင် အပြင် ကပ်ပါးအဖြစ် ရှင်သန် ခိုအာင်းနေနိုင်သည်။
ရောဂါအမျိုးအမည်ခွဲခြားဖေါ်ထုတ်ခြင်း/ လက်ခံပင်ပြလကၡဏာ
ရောဂါ လက္ခဏာကို စပါးပင် ဖုံးတုံးလုံးတုံး အဆင့်တွင် အလံရွက်၏ ရွက်ဖုံးပေါ်တွင်လည်းကောင်း၊ အနှံ့ ထွက်ချိန်တွင် အနှံပေါ်တွင်လည်းကောင်းတွေ့ရလေ့ ရှိသည်။ ပျိုးပင် အဆင့်တွင် ပင်လုံးပြန့် အရောင် ပျက်မှုကို တွေ့ရပြီး ၎င်းသည် ရွက်လယ်ကြောနှင့် ရွက်ကြောများဆီသို့ ပြန့်သွားသည်။ ရောဂါကျ ပျိုးပင်များသည် အစောပိုင်း တွင်အောက်ရွက်၏ ရွက်ဖုံးတွင် အဝါရောင်မှ အညိုရောင် အရောင်ပျက်မှု ဖြစ်ပေါ်သည်။ အပင်ရင့် လာသော် လုံးရှည်ပုံမှ ပုံသဏ္ဍန် မမှန်သော ပုံရှိ ရေစိုနာများ စတင်ဖြစ်ပေါ်ကာ နောက်ပိုင်းတွင် အညိုဖျော့ရောင်၊ အညိုရောင် စသည်ဖြင့်ပြောင်းသွားပြီး အနာကွက်ကို အညိုရင့်ရောင် အနားသတ်ဖြင့် ဝိုင်းရံ ထားသည်။ ရွက်ဖုံးတွင် လည်းရေစိုနာနှင့်တစ်ရှူးသေ လက္ခဏာဖြစ်ပေါ်ပြီး ထင်ရှားသည့် အနားသတ် မပါရှိပါ။ ရောဂါ ကျရောက်မှု ပြင်းထန်လျှင် ရွက်ဖုံး တစ်ခုလုံး တစ်ရှူးသေလက္ခဏာဖြစ်ပေါ်ပြီး ခြောက်သွားသည်။ အနှံများလည်း ညှိုးလာသည်။
ရောဂါကျ အပင်မှ ပြူထွက်ဆဲ အနှံနှင့် စပါးခွံများတွင် ရေစိုနာ ဖြစ်လာပြီး အညိုရောင်ပြောင်း သွားသည်။ ရောဂါကျ အနှံမှ စပါးစေ့များသည် အရောင်ပျက်ခြင်း၊ ပုံပျက်ခြင်း အဆံ မတည်ခြင်းများ ဖြစ်တတ်သည်။
ရောဂါ၏ အရေးကြီးမှု
ပုံမှန်အားဖြင့် ဆုံးရှုံးမှုကြီးမားလေ့ မရှိသော်လည်း အင်ဒိုနီးရှားနိူင်ငံတွင် ဤရောဂါကြောင့် အထွက်နှုန်း ၇၂.၂%ထိ ဆုံးရှုံးမှုထိ ရှိခဲ့ဖူးကြောင်း မှတ်တမ်းတွင်တွေ့ ရသည်။ ဗဟို အာဖရိကနှင့် မာဒါဂါစကာ တို့တွင်လည်း စပါး စိုက်ဒေသများတွင် ဆုံးရှံုးမှုကြီးမားကြောင်း မှတ်တမ်းများ တွင်တွေ့ရသည်။ ရောဂါ အလွန်ပြင်းထန်လျှင် အထွက်နှုန်း ၁၀% အထိ ရှိကြောင်း မာဒါဂါစကာနိုင်ငံ တွင်တွေ့ခဲ့ရသည်။
ကာကွယ်နှိမ်နင်းနည်းများ
(၁) မျိုးစေ့ဆောင်ရောဂါ ဖြစ်သောကြောင့် ကြိုတင် ကာကွယ်မှုသည် အလွန်အရေးကြီးသည်။ စပါးခင်းကို ရိတ်သိမ်းပြီးလျှင် ပြီးချင်းနှင့် မစိုက်ပျိုးသည့်ကြား ကာလတွင် သန့်ရှင်းအောင် ထားရမည်။ ပင်ကြွင်း ပင်ကျန်များနှင့် အလေ့ကျပေါက်သည့်စပါးပင်များကို သုတ်သင် ဖယ်ရှားရမည်။
(၂) အပူချိန်နိမ့်သော ကာလကိုရှောင်နိုင်ရန် စိုက်ချိန်ကို ညှိသင့်သည်။
(၃) ၂၀-၃၀ ရက်သား ပျိုးပင်များကို စိုက်ရမည်။ ၎င်းထက်ကြီးသော ပျိုးပင်များကိ ုမစိုက်သင့်ပါ။
(၄) ရောဂါကင်းသော မျိုးစေ့များကို အသုံးပြုရမည်။
ဒေါက်တာခင်နှင်းယု
ကိုးကား- IRRI Rice Knowledge Bank
Continue reading related topics, questions and articles.
mg win soe
4 years agoဘယ်လိုဆေးများကိုသုံးသင့်သလည်းခဗျ
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Dr. Khin Hnin Yu
See all