Green Way
ဒိုင်အေမိုက် ပိုးသတ်ဆေးအုပ်စုထဲက မြန်မာပြည်နဲ့သင့်တော်တဲ့ အစွမ်းထက်အေအိုင် (၄) မျိုး

ဒိုင်အေမိုက် ပိုးသတ်ဆေးအုပ်စုထဲက မြန်မာပြည်နဲ့သင့်တော်တဲ့ အစွမ်းထက်အေအိုင် (၄) မျိုး

 အခု ထုတ်ထားတာက အရမ်းလည်း မကြာသေးဘူး မြန်မာပြည်ကိုလည်း ရောက်လာပြီဖြစ်တဲ့ ဆေးအုပ်စုတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲ့ဒါကတော့ ဒိုင်အေမိုက် ပိုးသတ်ဆေး အုပ်စု (Diamide) တွေပဲဖြစ်ပါတယ်။  ဒိုင်အေမိုက်ဆိုတာ အေမိုက် အုပ်စုရဲ့ အောက်က အခွဲ တစ်ခု ဖြစ်ပါတယ်။ ဘာကွာလဲဆိုရင် အကြမ်းဖျင်းတော့ ဓာတုတည်ဆောက်မှုအရ အေမိုက်အုပ်စု နှစ်ခု ပါဝင်တယ်လို့ပဲ အကြမ်းဖျဉ်း မှတ်ပေးပါ။ 

အခုပြောနေတဲ့ ဒိုင်အေမိုက် ပိုးသတ်ဆေး အုပ်စု (Diamide) ထဲမှာ

မြန်မာပြည်အနေနဲ့ အစွမ်းထက် အေအိုင် (၄) မျိုးက - tetraniliprole, chlorantraniliprole, cyantraniliprole နဲ့ flubendiamide တို့ပဲဖြစ်ကြပါတယ်။

မြန်မာပြည်တွင်းတွေ့ရသော အမည်များ 

၁။ လိုင်းအောက် (Flubendiamide) နှင့် (Thiacloprid) အေအိုင်အတွဲ

မှတ်ချက် - Bayer ဘေယာမှ ထုတ်လုပ်၍ ဝိစာရ မှ ပြန်လည်ယူပြီး ဖြန့်သည်။

၂။ ဘဲ့  (Flubendiamide) သီးသန့် 

မှတ်ချက် - Bayer ဘေယာမှ ထုတ်လုပ်၍ ရွှေခြင်္သေ့မှ ပြန်လည်ယူပြီး ဖြန့်သည်။

၃။ မာလာမြိုင် ဂိုးရိုး  (Flubendiamide) သီးသန့် 

၄။ မြန်မာ့ဩဘာ (Flubendiamide)  သီးသန့် သို့ အခြား အေအိုင် နဲ့ အတွဲ

ဈေးကွက်အမည် မသိရသေး (Not confirm) မကြာမီ လာနိုင်

၅။ မြန်မာ့ဩဘာ (Cyantraniliprole)  သီးသန့် သို့ အခြား အေအိုင် နဲ့ အတွဲ

ဈေးကွက်အမည် မသိရသေး (Not confirm) မကြာမီ လာနိုင်

၆။ JJ-PUN (Cyantraniliprole)  သီးသန့်  FMC မှ ယူရောင်းနိုင် 

ဈေးကွက်အမည် ဘီနီးဗီးယား မကြာမီ လာနိုင် သို့သော် မသေချာ 

၇။ ပရီဗာသွန် (Chlorantraniliprole) သီးသန့် (ဆေးဖျန်းပုံစံ)

၈။ ဖာတာရာ (Chlorantraniliprole) သီးသန့် (မြေခံ အမှုန့် ပုံစံ)

နံပါတ် ၇ / ၈ နှစ်မျိုးလုံးသည်  ယခင် Dupont မှ ဆေးအေအိုင်ပုံစံကို FMC မှ ပြန်ဝယ်ယူ ထုတ်လုပ်၍ အရစ်စတာ Arysta မှ ပြန်လည်ယူပြီး ဖြန့်သည်။

၉။ ကော်ရာဂျင် (Chlorantraniliprole) သီးသန့် (ဆေးဖျန်း ပုံစံ) Dupont မှ ဆေး အေအိုင် ပုံစံ ကို FMC မှ ထုတ်လုပ်၍  ယခင် JJ-PUN က ပြန်ယူ ရောင်းသည်။ ယခုတော့ သေချာမသိပါ။

၁၀။ Bayer မှ ဗေရီဂို Vayego (Tetraniliprole) မည်သည့် ကုမ္မဏီက ပြန်ယူရောင်းနေလည်းတော့ သေချာမသိ CPP ဖြစ်နိုင်ဖွယ်ရာရှိပါသည်။

ထို ဆေးအေအိုင်များသည် ထွတ်ရှိသည့် ခုနှစ်အရ အောက် ပါအတိုင်း တွေ့နိုင်သည်။

Tetraniliprole (2014) Cyantraniliprole (2013) Chlorantraniliprole (2007) Flubendiamide (1979)

ဆေးများရဲ့ အဆိပ်သင့်ပုံစံသည် ပိုးကောင်များ၏ ကြွက်သားများအတွင်း ကယ်လဆီယမ် ထောက်ပံ့မှုကိုတားစီး၍ ကြွက်သားများကို ပြင်းထန်စွာ ထိခိုက်စေခြင်း၊ ခွန်အားများ ပျော့လျော့သွားခြင်း၊ အစာစားခြင်း ရပ်တန့်သွားခြင်းဖြစ်ပြီး ၇၂ နာရီအတွင်း သေစေခြင်း စသည့် တို့ကို ဖြစ်စေသည်။

IRAC code အရ အုပ်စု နံပါတ် - 28 (Ryanodine receptor modulators)

ဒိုင်အေမိုက် ပိုးသတ်ဆေးများအတွက် ထိရောက်စွာနိုင်သော ပိုးအမျိုးအစားများ - လိပ်ပြာဖလံအုပ်စုများ၊ လောက်ကောင်၊ ဘောက်ဖက်၊ သီးလုံးဖောက်၊ ငမြှောင်တောင်၊ ပွင့်ထွေးပိုးများ စသည်ဖြင့် ဤ အေအိုင် များ၏ ခြားနားချက်ကို သိလိုလျှင် အောက်ပါအတိုင်း လေ့လာနိုင်ပါသည်။ 

  • Tetraniliprole သည် ပိုးအမျိုးအစားတိုင်းနီးပါးနိုင်၍ မွှားပင့်ကူနီတော့ မနိုင်ပါ။ လူတွင် အန္တရာယ် မရှိသေးပါ။ သဘာဝ ပတ်ဝန်းကျင် မထိခိုက်နိုင်ပါ။ သို့သော် ဆေးကြွင်းကျန်စုဝေးမှုများသည်။
  • Cyantraniliprole သည် ကိုက်စားပိုးကော စုပ်စားပိုးများပါနိုင်သည်။  လူတွင် အန္တရာယ် မရှိသေးပါ။ သဘာဝ ပတ်ဝန်းကျင်ထိခိုက်နိုင်သည်။ ဆေးကြွင်းကျန်စုဝေးမှုနည်းသည်။
  • Chlorantraniliprole သည် ငမြှောင်တောင်မျိုးနွယ်ဝင် လောက်ကောင်များ ထိရောက်၍ စုပ်စားပိုး များသိပ်မနိုင်ပါ။ ဥပမာ လှေး။ လူတွင် အန္တရာယ် မရှိဘဲ သဘာဝ ပတ်ဝန်းကျင်ထိခိုက်နိုင်ပြီး ဆေးကြွင်းကျန်စုဝေးမှုများသည်။
  • Flubendiamide သည် ပိုးအမျိုးအစားတိုင်းနီးပါးနိုင်၍ မွှားပင့်ကူနီများမနိုင်ပါ။ လူတွင် အန္တရာယ်ရှိရုံမက သဘာဝပတ်ဝန်းကျင်လည်းထိခိုက်နိုင်သည်။ ဆေးကြွင်းကျန်စုဝေးမှုများပြီး ပင်လုံးပြန့်နှုန်းနှေးသည်။ (တစ်ခါတလေ လုံးဝမပြန့်ပါ)

အကြံပေးချက် 

ပိုးများဆေး မယဉ်လွယ်အောင်ရန်နှင့် ပိုမိုထိရောက်စွာ ပိုးများကို နှိမ်နင်းနိုင်ရန် ဒီအထက်ဖော်ပြပါ ဆေး အုပ်စု တူ ဆေးများကို သီးနှံတစ်ခုစိုက်ချိန်မှာ အတူတူ ခဏခဏ ဖျန်းခြင်းမလုပ်သင့်ပါ။ ဖျန်းမယ်ဆိုလျှင် အခြားဆေးအုပ်စုထဲက အေအိုင်နှင့် တွဲပါ သို့မဟုတ် တစ်လှည့် စီသုံးပါ။  ဥပမာ ပဲ စိုက်တောင်သူ တစ်ယောက်သည် Tetraniliprole လဲဖျန်းမယ် Chlorantraniliprole လဲ ဖျန်းမယ်ဆိုရင် ရေရှည် အကျိုးမရှိပါ။ နောက် ၁ နှစ် ၂ နှစ် ဆို ရင် ဆေး အသစ်ထွက်ဖို့ ဆုတောင်းရန်သာရှိတော့သည်။

Marketing သမားများ၊ ကုမ္မဏီ ဆေးအရောင်းဝန်ထမ်းသမားများနှင့် ဆေးဆိုင်ကဆေးညွှန်းမယ့်သူများက တောင်သူများကို သေချာမေးပါ။ သီးနှံတစ်ရာသီအတွင်း ဘာဆေး အေအိုင် တွေ သုံးထားဖူးလဲ။ စေတနာထားပါ။ ပြောမရတာကတော့ သူတို့ အပိုင်းပါ။ မိမိ အပိုင်းအနေနဲ့ လုပ်ရပ်တိုင်းက လိပ်ပြာသန့်ပါစေ။

ယျေဘုယမှတ်ချက် - ဆေးများမှာ အေအိုင် အပေါ်သာ မူတည်ရေးသားထားပါသည်။ ကုမ္ပဏီအလိုက် ဖော်မြူလေးရှင်း ထုတ်လုပ်ပုံစံ အလိုက် အနည်းငယ်ကွာနိုင်ပါသည်။

ကျမ်းကိုးကားများ - George W. Ware

Professor Emeritus

Department of Entomology

University of Arizona

ကမ္ဘာ့ ပိုးသတ်ဆေး စွယ်စုံကျမ်း အတွဲ ( ၁ - ၅) - Encyclopedia of Insecticides Vol. ( I – V)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 

7
U Aye Win

U Aye Win

1 year ago

ကျေးဇူးပါ

Thu ya

Thu ya

2 years ago

ကျေးဇူးပါ ဗဟုသုတရပါတယ် နောက်ထပ်များများတင်ပေးပါ

Si Thu Aung

Si Thu Aung

2 years ago

ကျေးဇူးပါ

myintwai

myintwai

2 years ago

ကျေးဇူးပါ

ကိုဖြိုး

ကိုဖြိုး

2 years ago

ကျေးဇူးပါ မှိုဆေးတွေအကြောင်းလည်းတင်ပေးပါခဗျာ

You

Related questions

မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ

Kyaw Zin • 1 answers

ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ

ဦးဝင်းအောင် • 3 answers

ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ

ko. latt • 2 answers

နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ

Ukyaw • 1 answers

တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့

သန်းထိုက်အောင် • 3 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....