တိကျစွာအဖြေရှာပါ အပင်ညှိုးပြဿနာအဖြာဖြာ - ၁ (တောင်သူလက်စွဲ)
သီးနှံပင်များကိုစိုက်ပျိုးရာမှာစိုက်ပျိုးသူတောင်သူဦးကြီးတွေအနေနဲ့ အများဆုံးတွေ့ကြုံရတဲ့ အခက် အခဲမှာ မိမိတို့စိုက်ပျိုးထားတဲ့အပင်တွေ ညှိုးကုန်တတ်တာပါပဲ။
အပင်ညှိုးသွားတာကို အဓိကအားဖြင့် လေးပိုင်းပြောလို့ရပါတယ်။
- ပထမတစ်ခုက ရေလိုအပ်လို့ ရေငတ်လို့ဖြစ်ပါတယ်။
- ဒုတိယတစ်ခုကတော့ အပင်မှာပင်စည်ထွင်းပိုးတစ်ခုခုကြောင့်ပါ။
- တတိယတစ်ခုကတော့ဘတ်တီးရီးယားကြောင့်ညှိုးပြီးရောဂါတွေကျတာပါ။
- နောက်ဆုံးတစ်ခုအနေနဲ့ကတော့ မှိုရောဂါပင်ခြေကိုစွဲတဲ့အခါမှာလည်း ညှိုးပါတယ်။
အထက်ဖော်ပြပါ ပင်ညိုးအမျိုးအစားတွေကိုသေခြာခွဲခြားပြီး စိုက်ပျိုးထားတဲ့သီးနှံပင်တွေကို ကာကွယ်ကုသမှုတွေ လုပ်လို့ရပါတယ်။

ပထမ ရေကြောင့်ပင်ညှိုးတာကတော့ အပင်က ပင်ငွေ့ပျံတာများပြီး မြေထဲကနေ လုံလောက်တဲ့ ရေကို မစုပ်ယူနိုင်တဲ့အခါ ဖြစ်တတ်သလို ပြောင်းရွေ့ စိုက်ပျိုးပြီးခါစ အပင်ငယ်တွေမှာလည်း ဖြစ်တတ်ပါတယ်။ ရေကိုကြာကြာမထိန်းထားနိုင်တဲ့အတွက် သဲဆန်တဲ့မြေတွေမှာ နေအပူရှိန်ကြောင့် ညှိုးပါတယ်။ ယင်းညိုးခြင်းမှာ ခဏတာ ညှိုးခြင်းဖြစ်ပါတယ်။ ညနေပိုင်းတွေ ရေသွင်း ရေလောင်းခြင်းဖြင့် ပြန်လည်လန်းနိုင်ပါတယ်။
ဖြစ်လေ့ဖြစ်ထရှိသော သီးနှံပင်များမှာ ကန္တာရပင်၊ အပူပိုင်း ဒေသစိုက်သီးနှံ၊ ရေလိုအပ်ချက်နည်းသောသီးနှံ ( နာနတ်၊ နဂါးမောက်၊ ကြံ၊ ဂျုံ၊ ယာသီးနှံများ) မှလွဲ၍ သီးနှံပင်တိုင်းလိုလို ဖြစ်နိုင်ပါတယ်။

ဒုတိယအမျိုးအစားကနေနဲ့ကတော့ အပင်ရဲ့အခြေကိုကြည့်ပါ။ ပိုးပေါက်ရာတွေ ရှိနေတတ်ပါတယ်။ သို့မဟုတ် အပင်ကိုခွဲကြည့်တဲ့အခါမှာ ပင်စည်ထဲမှာ ပိုးလောက်ကောင်ရှိနေတတ်ပါတယ်။ ထိုသို့ ပိုးကြောင့်ဆိုရင်တော့ သာမန်ဖြန်းတဲ့ အရွက်ဖြန်း ပိုးသတ်ဆေး အမျိုးအစားတွေနဲ့ မနိုင်တော့ပါဘူး။
ပိုးကအပင်ထဲမှာခိုအောင်းအကာကွယ်ယူနေတဲ့အတွက် ပင်လုံးပြန့်အဆိပ်မှိုင်းအာနိသင်ရှိ ပိုးသတ်ဆေးများကို သုံးပေးရမယ်။ ဥပမာ- Cartap hydrochloride, Acetamiprid, Chlorpyriphos, Carbofuran (မြေချဆေး)..
ထို့အပြင် ပိုးကျနေသော အပင်များကို နုတ်ဖယ်ရှားပါ။ မီးအိမ်ဖြင့် ထောင်ချောက်များ ထောင်၍ ဖလံများကို ညတွင်ဖမ်းဆီးဖျက်ဆီးပါ။
ပိုးကြောင့် အပင်ညှိုးသေမှုများကိုတော့ အာလူး၊ ခရမ်းချဉ်၊ ပဲ၊ ပင်စည်ပျော့သော ဟင်းသီး ဟင်းရွက်သီးနှံပင်အများစုနှင့် နှစ်ရှည်သီးနှံပင်အချို့တို့တွင် တွေ့ရပါတယ်။

တတိယ အမျိုးအစားက ရောဂါကြောင့်ပါ။ တစ်ပင်ကနေ တစ်ပင်ကို ကူးပါတယ်။ တစ်ပင်ညှိုးပြီး အခြားကောင်းနေတဲ့အပင်တွေပါ ပင်ညှိုးတွေ လိုက်လာတတ်ပါတယ်။ များသောအားဖြင့် အပင်မှာ စိမ်းပြီး တစ်ခြမ်းကနေစ တစ်ပင်လုံးညှိုးပါတယ်။ ညှိုးနေတဲ့အပင်ကို ဖြတ်ပြီး ဖန်ခွက်အကြည် သို့မဟုတ် ပလက်စတစ်ခွက်အကြည်ထဲကို ထည့်ကြည့်လိုက်ရင် မီးခိုးရောင် ဖြူညစ်ညစ် အမှုန်အတန်းတွေ ဖြတ်ရာကနေ စီးထွက်လာပါတယ်။ ဒါတွေက ဘတ်တီးရီးယားတွေ ဖြစ်ပါတယ်။
ယခုအချိန်ထိ ထိရောက်စွာကုသနိုင်သော ဆေးမရှိပါ။ ခံနိုင်ရည်သော သီးနှံမျိုးများကိုသာစိုက်ပါ။ သီးနှံဆက်တိုက်မစိုက်ပဲ မြေလှပ်ထားပါ။ သဘာဝ နွားချေး၊ မြေဆွေး၊ ကြက်ချေး၊ EM ဘိုကာရှီ၊ အကျိုးပြု အဏုဇီဝမြေဆွေးများကိုထည့်ပေးပါ။ ( ပဲ၊ ဖရဲ၊ သခွား၊ ငှက်ပျော၊ ငရုတ်၊ ခရမ်းချဉ် စသော ဥယျာဉ်ခြံသီးနှံအမျိုးမျိုးတွင် တွေ့ရလေ့ရှိပါတယ်)

နောက်ဆုံးတစ်ခုအနေနဲ့ကတော့မှိုကြောင့်ဖြစ်ပါတယ်။ မှိုမှာလည်းမျိုးစေ့ဆောင် သို့မဟုတ် မြေဆောင်မြေအောင်း မှိုတစ်မျိုးမျိုးကြောင့်ဖြစ်နိုင်ခြေရှိပါတယ်။ အပင်မှာ များသောအားဖြင့် ဝါပြီးညှိုးပါတယ်။ အပင်ခြေမှာလည်း ညိုမဲနေသော အရောင်များကို တွေ့ရတတ်ပါတယ်။ အပင်ကိုခွဲကြည့်လျှင် ပင်ခြေပင်စည်မှာ ညိုပုတ်နေတတ်ပါတယ်။ ရာသီဥတုအပေါ်မူတည်ပြီး စွတ်စိုထိုင်းမှိုင်း မိုးရွာပြီးရင် ဖြစ်တတ်ပါတယ်။
ပင်လုံးပျံမှိုသတ်ဆေးများကို အသုံးပြုသင့်ပါတယ်။ ရောဂါဖြစ်သောမှိုအလိုက် သုံးရမယ့် မှိုသတ်ဆေးများကွာခြားနိုင်ပါတယ်။ ဥပမာ Oomycota မှိုများဆိုလျှင် Ethazol, Cymoxanil, Dimethomorph, Metalaxyl, Forsetyl AL, Bordeaux mixture ခေါ် ထုံးကန့်ဆေးရည်၊ အခြား မြေဆောင် မှိုရောဂါများအတွက် Azoxystrobin, Hymexazol, ဟိုမိုင်း ခေါ် thiophenate methyl, Benomyl. စတဲ့မှိုသတ်ဆေးများကိုသုံးနိုင်ပါတယ်။
ဖုန်းမာန်တိုး (ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်)
သီးနှံဖျက်ပိုးရောဂါ ကာကွယ်ရေးအထူးပြု (၂၀၁၀) ကိုးကား - American Phytopathological Society
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဖုန်းမဏ်တိုး
See all
ငလျင်ဒဏ်သင့်မြေဆီလွှာများကို ပြုပြင်နည်း
30/04/2025
အထွက်နှုန်းမကျဆင်းစေရန် စပါးစိုက်ခင်းတွင် ကြိုတင်ကာကွယ်ရမည့်အချက်များ
25/01/2024
အရွက်ပေါ်မှာ အမွေးနုသေးသေးလေးတွေစုနေတဲ့ စားတော်ပဲ ဒေါင်းနီမှိုရွက်ခြောက်ရောဂါ
16/01/2024
ငမြှောင်တောင် လောက်ကောင်အဆင့်လိုက် သုံးသင့်သည့် ပိုးသတ်ဆေးများ
12/01/2024
ကယ်ဆီယမ်ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ ငရုတ်သီးပုပ်ခြောက်ခြင်း
03/01/2024
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....