မွှားပြဿနာနှင့်မြန်မာနိုင်ငံက မွှားသတ်ဆေးများအကြောင်း
မွှားဆိုသည်နှင့် ပိုးကောင်တစ်ကောင်ဖြစ်မှန်း လူတိုင်းသိကြမှာပါ။

သို့သော် ယင်းမွှားသတ္တဝါမှာ အင်းဆက်ပိုးကောင်မဟုတ်ပါ။ ထို့အတွက် သာမန်အင်းဆက်ပိုးတွေကိုသတ်သည့် ပိုးသတ်ဆေးတွေ ဖျန်းတယ်ဆိုရင်တောင် မွှားတွေက မသေနိုင်ပါ။ စုပ်စားပိုးသတ်ဆေးဖျန်းတာဆိုရင်တောင်မှ မွှားကိုနိုင်မည်ဆိုတာ မသေချာပါ။
ဒါဆိုရင် အဲ့မွှားတွေက ဘာတွေလဲ?
အင်းဆက်တွေနဲ့ ဘာကွာပါသလဲ?
အဲ့မွှားတွေက အင်းဆက်တွေလို ခြေထောက် ခြောက်ချောင်းမကပါဘူး။ ခြေ ရှစ်ချောင်းပါဝင်ပါတယ်။ အင်းဆက်ပိုးကောင်တွေနဲ့ ဇီဝဖွဲ့စည်းပုံကွဲပါတယ်။ ဒါကြောင့် ပိုးသတ်ဆေးတိုင်းက မွှားတွေကိုမသတ်နိုင်တာပါ။

မွှားတွေဟာ စုပ်စားပိုးတစ်မျိုးပါပဲ။ အပင်ရည်တွေကို စုပ်စားပါတယ်။ အရွက်နုလေးတွေ ထိပ်အညွန့်လေးတွေမှာ သူတို့နေထိုင်ပါတယ်။ ပြီးတော့ အပင်ဆဲလ်ထဲက အရည်တွေကို စားသောက်ပါတယ်။ များသော အားဖြင့် အရွက်အောက်မျက်နှာပြင်မှာနေထိုင်စားသောက်ပါတယ်။

မွှားအရွယ်အစားကအရမ်းသေးပါတယ်။ မျက်စိနဲ့အလွယ်မမြင်ရပါ။ တချို့မွှားတွေဆိုရင် မိုက်ခရိုစကုပ်နဲ့သာမြင်ရပါတယ်။
တချို့မွှားတွေက ထိပ်ညွှန့်တွေကို တွန့်လိပ်ထွတ်တာမျိုးတွေဖြစ်ပါစေတယ်။ ဥပမာ - ငရုတ်မာ ဖြစ်တာများပါတယ်။

ထို့အတွက် အပင်တွေ အရွက်တွေမှာ ဖြူမွဲမွဲ အကွက်အစက်တွေ ပြလာပါတယ်။ နောက်ပိုင်း အပွင့်တွေမှာပါကျလာမယ်။ အဖူးအပွင့်တွေ ကန်းလာမယ်။ အသီးမတင်တော့ဘူး။ တင်တဲ့အသီးကလည်း အကွက်အနာတွေနဲ့ အရောင်တွေဖျော့ပြီး ဈေးကောင်းမရနိုင်တော့ပါဘူး။

ပူလာတဲ့အချိန်တွေမှာဆို မွှားတွေက အရမ်းပေါက်ပွားလွယ်ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးပင် ပန်းပင်တွေမှာ အဓိကကျရောက်ပါတယ်။ မွှားမှာမှ ပင့်ကူမျှင်လို အမျှင်တွေထုတ်တဲ့ မွှားတွေလည်းရှိပါတယ်။ အမျှင်မထုတ်တဲ့မွှားလည်း ရှိပါတယ်။

ဘာဆေးတွေသုံးမလဲ ?
ဈေးကွက်ထဲမှာတော့ မှတ်ပုံတင်ပြီးသားကော ပိတ်ထားလိုက်တဲ့ဆေးတွေကော အပါအဝင် မြန်မာနိုင်ငံက မွှားသတ်ဆေး အေအိုင်(အဆိပ်ရှိပစ္စည်းအမည်) အမျိုးအစား ၃၀ လောက်ရှိပါတယ်။ နောက်ပိုင်းတိုးလာတာ မျိုးတွေလည်း ရှိနိုင်ပါတယ်။
ယင်းဆေးတွေထဲမှာမှ မွှားကိုအဆိပ်သင့်ပုံ(mode of action) အရ အုပ်စုခွဲကြည့်လိုက်မယ်ဆိုရင် သုံးမျိုးရှိပါတယ်။
ပထမအုပ်စုက မွှားအကောင်တွေရဲ့ အာရုံကြောစနစ်နဲ့ ကြွက်သားတည်ဆောက်မှုကို တိုက်ခိုက်တာပါ။ ဒီ အုပ်စုမှာပါတဲ့ဆေးတွေက အာနိသင်ပြတာမြန်တယ်။ ပြောမယ်ဆို ချက်ချင်းဝုန်းဒိုင်းဆိုပြီး ထိရောက်တဲ့အမျိုးအစားဆေးတွေပါ။
မွှားတွေကို မလှုပ်ရှားနိုင်အောင် သို့မဟုတ် အရမ်းလှုပ်ရှားပြီး မြန်မြန် အသက်ထွက်အောင်လုပ်ပေးတဲ့ဆေးတွေပါ။ မွှားရဲ့အာရုံကြောစနစ် ကိုတိုက်ခိုက်ပါတယ်။
ပထမ အုပ်စုကဆေးတွေကတော့
- ၁။ အေမိထရက်ဇ် Amitraz
- ၂။ အက်ဘာမာတင် Abamectin
- ၃။ ဘိုင်ဖန်သရင် Bifenthrin
- ၄။ ကာဘိုဖြူရမ် Carbofuran
- ၅။ ဖန်နိုက်ထရိုသိုင်အွန် Fenitrothion
- ၆။ ဖန်ပရိုပါသရင် Fenpropathrin
- ၇။ ဖလူဗာလီနိတ် Fluvalinate
- ၈။ ဖော်မတနိတ် ဟိုက်ဒရိုကလိုရိုက် Formetanate hydrochloride
- ၉။ မာလာသီရွန် Malathion
- ၁၀။ အိုမီသိုအိတ် Omethoate
- ၁၁။ ဖန်သိုအိတ် Phenthoate
- ၁၂။ ဖော့စလုံး Phosalone
- ၁၃။ ဖော့စမက် Phosmet
- ၁၄။ ပရိုဖန်နိုဖော့ Profenofos
- ၁၅။ ထရိုင်ဇိုဖော့ Triazophos
ဒီဆေးတွေရဲ့ ဆေးအုပ်စုတွေကတော့ OP organophosphate , Carbamate , Pyrethriod, Amidine နဲ့ Avermectin အုပ်စုတွေပါ။
ဒုတိယအုပ်စုကတော့ မွှားရဲ့ အသက်ရှူစနစ်ကို တိုက်ခိုက်အဆိပ်သင့်စေတဲ့ဆေးတွေပါ။ ပြောမယ်ဆို အသက်ရှူမဝ အသက်ရှူကြပ်ပြီး သေအောင်သတ်တဲ့ပုံစံပေါ့။
ဒီ ဒုတိယအုပ်စုဆေးတွေကတော့
- ၁။ အေဇိုဆိုင်ကလိုတင် Azocycotin
- ၂။ ကလိုဖန်နာပိုင်ရာ Chlorfenapyr
- ၃။ ဒိုင်ယာဖန်သီယူရွန် Diafenthiuron
- ၄။ ဖန်နဇက်ကွင် Fenazaquin
- ၅။ ဖန်ဗျူတတင် အောက်ဆိုက် Fenbutatin Oxide
- ၆။ လူဖန်နျူရွင် Lufenuron
- ၇။ ပရိုပါဂိတ် Propargite
- ၈။ ပိုင်ရီဒါဘန် Pyridaben
- ၉။ တက်ဗျူဖန်ပိုင်ရတ်Tebufenpyrad
- ၁၀။ တက်ထရာဒိုင်ဖရွန် Tetradifon
ကျန်တဲ့ တတိယအုပ်စုက မွှားတွေရဲ့ ကြီးထွားမှု၊ ဥကနေ အကောင်ပေါက်မှု စတာတွေကို ဟန့်တား အနှောင့်အယှက်ပေးတဲ့ အဆိပ်တွေပါ။ ဒီအုပ်စုက အရမ်းနည်းပါတယ်။ လုပ်ဆောင်မှုလည်း အရမ်းနှေးကွေးတဲ့ အုပ်စုဖြစ်ပါတယ်။
- ၁။ ဘူပရိုဖန်ဇင် Buprofenzin
- ၂။ ဟက်ဇီသိုင်ယာ ဇောက် Hexythiazox
- ၃။ စပီရိုဒစ်ကလိုဖန် Spirodiclofen
တချို့ ဆေးကုမ္ပဏီတွေက အုပ်စုနှစ်မျိုး ရောထုတ်တာမျိုးတွေလည်းရှိပါတယ်။
ကျွန်တော်မှာချင်တာက ကိုယ့်စိုက်ခင်းမှာ မွှားတွေကျနေပြီဆိုရင် ဒီဆေးတွေကို ဆေးအုပ်စု မတူတာနှစ်ခုတွဲဖျန်းပါ။ ဒါမှမဟုတ် ပထမအုပ်စုထဲက ဆေးတစ်ခုခုကိုဖျန်းပြီးရင် နောက်အခြားအုပ်စုကို နောက်တစ်ရာသီ သို့မဟုတ် နောက်တစ်ကြိမ်မာ ဖျန်းပေးနိုင်ပါတယ်။ ပြောမယ်ဆိုရင် ပထမအုပ်စုပဲ အမြဲသုံးနေရင်က မွှားက ဆေးဒဏ်ခံနိုင်လာပါလိမ့်မယ်။
လက်ဝှေ့ပွဲမှာလို ပြိုင်ဘက်ရဲ့ ဗိုက်လည်းကန်မယ်၊ ခေါင်းလည်းထိုးမယ်ဆိုပြီး ရှုထောင့်နေရာစုံကနေ မွှားကိုတိုက်ရမှာပါ။ တစ်နေရာတည်းတိုက်မယ် ဗိုက်ပဲကန်တတ်တယ်ဆိုရင် မွှားကအဲ့ဗိုက်ကိုပဲ သူက ခံနိုင်အောင် တည်ဆောက်ပြောင်းလဲလာမှာဖြစ်လို့ပါ။ ဟိုဘက် ချလိုက် ဒီဘက်က တိုက်လိုက်နဲ့ဆိုမှ မွှားကမျက်စိလည်ပြီး ဆေးဒဏ်ခံနိုင်မှုနှေးမှာဖြစ်ပါတယ်။
မှတ်ချက် - ဆာလ်ဖာ (ကန့်) ဆေးဟာလည်း မွှားကို နိုင်ပါတယ်။ ထိသေဆေးဖြစ်ပါတယ်။ Mode of action အဆိပ်သင့်ပုံက ယခုထိ တိကျစွာမသိသေးသော unknown ဖြစ်သဖြင့် ထည့်မဖော်ပြထားပါ။
ကျမ်းကိုး - IRAC Insecticide Resistance Action Committee.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မောင်ကျော်ရဲနိုင်
3 years agoယခု ဖော်ပြထားတဲ့ ေဆးတွေက.စိုက်ပျိုးရေးဆေးဆိုင်တွေမှာ အလွယ်တကူရနိုင်လားဗျ
ပြည့်ဖြိုးအောင်
3 years agoကျေးဇူးပါ
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဖုန်းမဏ်တိုး
See all
ငလျင်ဒဏ်သင့်မြေဆီလွှာများကို ပြုပြင်နည်း
30/04/2025
အထွက်နှုန်းမကျဆင်းစေရန် စပါးစိုက်ခင်းတွင် ကြိုတင်ကာကွယ်ရမည့်အချက်များ
25/01/2024
အရွက်ပေါ်မှာ အမွေးနုသေးသေးလေးတွေစုနေတဲ့ စားတော်ပဲ ဒေါင်းနီမှိုရွက်ခြောက်ရောဂါ
16/01/2024
ငမြှောင်တောင် လောက်ကောင်အဆင့်လိုက် သုံးသင့်သည့် ပိုးသတ်ဆေးများ
12/01/2024
ကယ်ဆီယမ်ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ ငရုတ်သီးပုပ်ခြောက်ခြင်း
03/01/2024
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....