သခွါးမွှေး ဒေါင်းနီးရွက်ခြောက်မှိုရောဂါ
ဤရောဂါသည် ဘူး၊ ဖရုံ၊ သခွါး၊ ဖရဲ စသည့်သခွါးမျိုးရင်းဝင် အပင်များတွင် ကျရောက်ဖြစ်ပွါးသည်။ အရွက်များပေါ်တွင်အဓိကကျရောက်ပြီး အသီးအရည်အသွေး ညံ့ဖျင်းခြင်း၊ အရွယ်သေးငယ်ခြင်း၊ အရသာ မကောင်းခြင်းများ ဖြစ်စေသည်။ ရာသီဥတု အခြေအနေပေးသဖြင့် ရောဂါဆိုးဝါးစွာကျရောက်ပါက အရွက်ကြွေခြင်း၊ အသီးထွက်နှုန်း ကျဆင်းခြင်းတို့ကြောင့် ပျက်စီးဆုံးရှုံးမှု ကြီးမားသည်။
လက်ခံပင်ပြလက္ခဏာ
ဤရောဂါသည် အနီးအနားတွင် စိုက်ခင်းဟောင်းရှိလျှင် ရောဂါကျအရွက်ရင့်များမှ ရောဂါဖြစ် မှို၏ စပိုရမ်ဂျီယမ်များက အပင်သစ်များဆီသို့ လေဖြင့်လွင့်လာပြီး ရောဂါစတင်ဖြစ်ပေါ် နိုင်သည်။ စောစီးစွာ စိုက်ထားသည့် စိုက်ခင်းများမှလည်း ရောဂါဖြစ်မှိုများ လေနှင့်ပျံ့နှံ့ ကူးစက် လာနိုင်သည်။
ပထမဦးစွာ အရွက်အပေါ်ဖက်မျက်နှာပြင်တွင် အစိမ်းဖျော့ရောင်၊ အဝါရောင် ပုံသဏ္ဍန်မမှန် သော အကွက်များ ဖြစ်ပေါ်သည်။ အကွက်ရင့်လာသော် ရွက်ကြောများဖြင့် ကန့်ထားသည့် ဒေါင့်ကွက်ပုံ သဏ္ဍန်ဖြစ်လာသည်။ ထို့နောက် ရောဂါကွက်များ တဖြေးဖြေးကြီးမားကျယ်ပြန့်လာကာ ရာသီဥတု အခြေအနေပေးပါက အချင်းချင်းပေါင်းစပ် သွားပြီး အရွက်ဧရိယာ အတော်များများကို ဖုံးလွှမ်းသွားသည်။ ရောဂါကွက်များလည်း အညိုရောင်ပြောင်းကာ တစ်ရှူးသေလက္ခဏာဖြစ်ပြီး ရွက်နားအပေါ်ဘက်သို့လိပ်လာသည်။ ရောဂါပြင်းထန်စွာကျနေသည့် စိုက်ခင်းကိုကြည့်လျှင် လောင်နာကျသကဲ့သို့ မြင်ရသည်။
ရောဂါကို အားပေးသည့်ရာသီဥတု (ညပိုင်းတွင် ၃ - ၄ ရက်ခန့် အေး၍စိုစွတ်နေပြီး နောက်ပိုင်းရက်များတွင် ခြောက်သွေ့ပူနွေးသည့်ရာသီ) မျိုး ဖြစ်လာပါက ရောဂါကျရောက်မှု ပြင်းထန်တတ်သည်။ အရွက်အောက် မျက်နှာပြင်ရှိ အညိုရောင်အကွက်များပေါ်၌ မီးခိုးရင့်ရောင် မှိုနုများပေါက်နေသည်ကို တွေ့ရသည်။ ရောဂါကွက်များ၏ ဘေးကပ် လျက်ရှိ အဝါရောင်၊ စိမ်းဝါရောင် တစ်ရှူးသားများပေါ်တွင်လည်း မှိုနုများကိုတွေ့ရသည်။ ၎င်းမှိုနုများသည် မျိုးစေ့များ(စပိုရမ်ဂျီယမ်များ)ကို သယ်ဆောင်ထားသည့် မှိုမျိုးပွါးအင်္ဂါများ (စပိုရမ်ဂျီယမ် နှင့် စပိုရမ်ဂျီယမ်ဆောင်တိုင်များ) ဖြစ်သည်။ မှိုမျိုးစေ့(စပိုရမ်ဂျီယမ်များ) သည် စပိုရမ်ဂျီယမ်ဆောင်တိုင်များမှ ပြုတ်ထွက်ပြီး လေဖြင့်သယ်ဆောင်ပျံ့နှံ့ကာ စိုက်ခင်း အတွင်း တစ်ပင်မှတစ်ပင်သို့ ကူးစက်ပျံ့နှံ့၍ ရောဂါတိုးတက်ဖြစ်ပေါ်စေသည်။ အေးပြီး အစိုဓါတ်မြင့်မားလျှင် မျိုးပွါးအင်္ဂါများ ပိုမိုပေါက်ပွါးပြီး စပိုရမ်ဂျီယမ်များ ပိုမိုထုတ်လွှတ်ကာ ရောဂါ ပိုမိုပြင်းထန်စေသည်။
ရောဂါကာကွယ်နှိမ်နင်းနည်းများ
ကြိုတင်ကာကွယ်ခြင်း
၁။ ရောဂါဒါဏ်ခံနိုင်ရည်ရှိသည့်မျိုးကိုစိုက်ပါ။
၂။ ရောဂါကျပင်များကို မီးရှို့ဖျက်ဆီးပြီး စိုက်ခင်းကို ပင်ကြွင်းပင်ကျန်များမရှိအောင် သန့်ရှင်း စွာထားပါ။
၃။ ပေါင်းပင်များမရှိအောင် ရှင်းလင်းထားပါ။
၄။ စိုက်ခင်းတွင် နေရောင်ခြည်ကောင်းစွာရ ရမည်။ အရိပ်မကျစေရ။
၅။ အပင်အတန်းများအကြား သင့်တင့်သော အကျယ်အဝန်းရှိစေပြီး လေဝင်လေထွက် ကောင်းစေရမည်။
၆။ အပင်ကြီးထွားသန်မာစေရန် မြေသြဇာကျွေးရမည်။ သို့သော်နိုက်တြိုဂျင်ဓါတ် မပိုစေရ။
၇။ အပင်များအပေါ်မှ ရေဖြန်းခြင်း၊ မနက်စောစောရေသွင်းခြင်းတို့သည် အရွက်များပေါ်တွင် ရေကြာရှည်နေခြင်း၊ အပင်ပတ်ဝန်းကျင်တွင် စိုထိုင်းဆမြင့်ချိန်ကြာခြင်း တို့ကြောင့် ရောဂါ ဖြစ်မှို အပင်တွင်းသို့ထိုးဖေါက်ဝင် ရောက်ရန် ပိုမိုအားပေးသဖြင့် ထိုသို့ပြုလုပ်ခြင်းတို့ကို ရှောင်ရမည်။
ဆေးဖျန်းကာကွယ်နှိမ်နင်းခြင်း
၁။ စိုက်ခင်းထဲတွင် ရောဂါပြောက်များ စတင်ဖြစ်ပွါးမှုကို သိရှိရန် ကင်းထောက်စစ်ဆေးနေရ မည်။ ရောဂါပြောက်စတွေ့လျှင် ချက်ချင်းဖျန်ရမည်။ မတွေ့သေးလျှင်လည်း ရောဂါကိုအားပေး သည့် ရာသီဥတုမျိုး ဖြစ်ပါက ကြိုတင်ကာကွယ်သည့်မှိုသတ်ဆေး ဖျန်းပေးရန်လိုအပ်သည်။
၂။ ရောဂါဖြစ်မှိုသည် အရွက်အောက်မျက်နှာပြင်မှ ဝင်ရောက်ခြင်းဖြစ်သောကြောင့် အရွက် အောက်မျက်နှာပြင်ကို စိုရွှဲနေအောင် ဖျန်းရမည်။ ထိသေ ကာကွယ်မှိုသတ်ဆေးများဖြစ်သော ဘရာဗို၊ မဲန်နက်၊ ဒိုင်သိန်း၊ ကိုဆိုဒ် (ကော့ပါး) (Bravo, Maneb, Dithane, Kocide) စသည်တို့ဖြင့်ဖျန်းနိုင်သည်။
၃။ ရောဂါပြင်းထန်လျှင် ထိသေကာကွယ်ဆေး၊ မှိုသတ်ဆေးများသည် ထိရောက်မှုသိပ်မရှိပါ။ ပင်လုံးပြန့် မှိုသတ်ဆေးနှင့်ရောပြီးဖျန်းရပါမည်။ ရီဒိုမေးနှင့်ကလိုရိုသာလိုနေးလ် (Ridomil and Chlorothalonil) မှိုသတ်ဆေးများကို အသုံးပြုနိုင်သည်။ ရောဂါမပြင်းထန်လျှင် ၁၀ ရက်မှ ၁၄ ရက်ခြား၊ ရောဂါပြင်းထန်လျှင် ၅ ရက်မှ ၇ ရက်ခြား တစ်ကြိမ် ဖျန်းနိုင်သည်။
Dr. Khin Hnin Yu
Continue reading related topics, questions and articles.
Topic 1
သခွားဒေါင်းနီးရောဂါ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Dr. Khin Hnin Yu
See all