မတ်ပဲဈေး တစ်တန်ကို ၃၆ သိန်းကျော်အထိ ရှိလာ
ဇူလိုင်လအတွင်း မတ်ပဲဈေးနှုန်း ဆက်တိုက်ဆိုသလို မြင့်တက်လာကာ တစ်တန်လျှင် ကျပ် ၃၆ သိန်းကျော်အထိ ရှိလာကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။
ပြည်တွင်းမတ်ပဲများကို အိန္ဒိယနိုင်ငံမှ အဓိကထား ဝယ်ယူနေပြီး အဆိုပါနိုင်ငံတွင် မတ်ပဲလက်ကျန် နည်းပါးနေခြင်းနှင့် ရာသီဥတုအခြေအနေကြောင့် မိုးမတ်ပဲစိုက်ပျိုးသည့် ဧကလျော့နည်းလာခြင်းတို့ကြောင့် ပြည်တွင်းမတ်ပဲများ အရောင်းအဝယ် သွက်ကာ ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း သုံးသပ်ထားကြသည်။
"အခုဆို အိန္ဒိယဆိပ်ကမ်းတွေမှာလည်း လက်ကျန်နည်းနေပြီး သူတို့ပြည်နယ်ထွက်ပဲတွေက စိုက်စရိတ်နဲ့ တခြားကုန်ကျစရိတ်တွေ မြင့်တော့ ပြည်ပကသွင်းတဲ့ မတ်ပဲဈေးထက် ဈေးပိုကြီးတယ်။ စားသုံးမှုကလည်း ရှိတော့ မလုံလောက်ဘူး။ ဒါကြောင့် ပြည်ပကပဲတွေ အမြဲတမ်း တင်သွင်းနေရတယ်။ မြန်မာနိုင်ငံက ပဲတွေကို အဓိက ဝယ်တာများတယ်။ ဒါကြောင့် မြန်မာနိုင်ငံက ပဲဈေးကွက်က အိန္ဒိယနိုင်ငံနဲ့ အများကြီး သက်ဆိုင်တယ်" ဟု ပဲကုန်သည်တစ်ဦးက ပြောကြားသည်။
ဇူလိုင်လ ၇ ရက်နေ့က မတ်ပဲ (FAQ) တစ်တန်လျှင် ကျပ် ၃၂ သိန်းကျော်သာ ရှိခဲ့ပြီး ဇူလိုင်လ ၁၅ ရက်နေ့တွင် မတ်ပဲ (FAQ) တစ်တန်လျှင် ကျပ် ၃,၆၀၄,၀၀၀ အထိ သိသိသာသာ မြင့်တက်လာခဲ့ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။

"မတ်ပဲဈေး တက်လာပေမဲ့ တောင်သူတွေလက်ဝယ်မှာ ပဲက မရှိသလောက် ဖြစ်နေပါပြီ။ အခုဈေးတက်လည်း တောင်သူတွေအတွက်က မသက်ဆိုင်သလိုပါပဲ။ လာမယ့် ဆောင်းပဲပေါ်ချိန်ကျမှ ဈေးကောင်းမျှော်ဖို့ပဲ ရှိပါတော့တယ်" ဟု ပဲစိုက်တောင်သူတစ်ဦးက ပြောကြားသည်။
ယင်းကဲ့သို့ ပြည်တွင်းမတ်ပဲဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ပဲစင်းငုံဈေးနှုန်းများမှာလည်း ဈေးကွက်လှုပ်ခတ်လာပြီး လိုက်လံမြင့်တက်လာကြောင်း ဈေးကွက်အရ သိရသည်။
လက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲစင်းငုံဈေးနှုန်းမှာ တစ်တန်လျှင် ကျပ် ၃,၃၄၃,၀၀၀ အထိ ပေါက်ဈေးရှိကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းမှ ထွက်ရှိသည့် ပဲမျိုးစုံများအနက် မတ်ပဲနှင့် ပဲစင်းငုံများကို အိန္ဒိယနိုင်ငံသို့ အဓိကအများဆုံး တင်ပို့နေကြောင်း သိရသည်။
ပြည်ပပေါက်ဈေး FOB အနေဖြင့် မတ်ပဲတစ်တန်လျှင် ဒေါ်လာ ၈၅၅ မှ ၈၆၅ အထိရှိပြီး၊ ပဲစင်းငုံတစ်တန်လျှင် ဒေါ်လာ ၇၈၀ မှ ၇၉၀ ခန့်အထိ ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ် ပဲမျိုးစုံစိုက်ဧက ၁၁ သန်းကျော်ရှိပြီး မတ်ပဲနှင့် ပဲစင်းငုံစိုက်ပျိုးမှုမှာ ၃၅ ရာခိုင်နှုန်းကျော် ရှိကြောင်း သိရသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
အကြောင်းအရာ 2
နိုင်ငံတကာသီးနှံဈေးကွက်
ဆက်စပ်ဆောင်းပါးများ
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
တစ်ပတ်စာဈေးကွက်သုံးသပ်ချက် (၂၀ - ၂၄.၇.၂၀၂၆)
ရှမ်းတောင်ရှိ ကုန်စိမ်းဈေးကွက်အခြေအနေ (ရွှေပဲ၊ ဘိုစားပဲနှင့် ငရုတ်ပွတို့ ဈေးနှုန်းမြင့်တက်နေ)
ဆက်စပ်မေးခွန်းများ
ပုဇွန်ကိုဘာနဲ့ချက်စားရင်ကောင်းလဲ. မဆလာနဲ့ကောင်းလားကြက်ဥနဲ့ကောင်းလား။
Thein Soe Min • ဖြေကြားချက် 4 ခု
ဒီနွားဘယ်မှာသွားပြီးဘာတွေစားခဲ့လဲဆိုတာဘယ်လိုပြန်ကြည့်လို့ရမလဲ။
Thein Soe Min • ဖြေကြားချက် 1 ခု
မလျှော်ဘဲနဲ့ဖြူတာရောမရှိဘူးလား။
Thein Soe Min • ဖြေကြားချက် 0 ခု
မျိုးေစ့ကုမ္ပဏီများထိုင်းနှံေကာက်မျိုးတတင်းဒါမှမဟုတ်သတင်းကွဲစျေးနှုန်းသည်လိုပါတယ်။
Thein Soe Min • ဖြေကြားချက် 0 ခု
ငါတွေကိုရေပြင်ထုတ်လိုက်လို့ရှိရင်အချိန်ဘယ်လောက်ကြာကြာအသက်ရှင်နိုင်လဲ
Thein Soe Min • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
ဧရာဝတီတိုင်းအတွင်း မိုးဆက်လက် ရွာသွန်းနိုင်ခြေ ရှိ
02/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026
ဩဂုတ်လ ၁၁ ရက်မှ ၁၃ ရက်အတွင်း မိုးရွာသွန်းမှုပိုမိုအားကောင်းလာမည့် ဒေသများ
30/07/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၄)
29/07/2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ရပ်ကွက်အချို့တွင် နွားများ အဖုအကြိတ်ပေါက်ကာ သေဆုံးသည်အထိဖြစ်နေ
28/07/2026
More from AMIA
အားလုံး
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ရပ်ကွက်အချို့တွင် နွားများ အဖုအကြိတ်ပေါက်ကာ သေဆုံးသည်အထိဖြစ်နေ
28/07/2026
တစ်ပတ်စာဈေးကွက်သုံးသပ်ချက် (၂၀ - ၂၄.၇.၂၀၂၆)
27/07/2026
ရှမ်းတောင်ရှိ ကုန်စိမ်းဈေးကွက်အခြေအနေ (ရွှေပဲ၊ ဘိုစားပဲနှင့် ငရုတ်ပွတို့ ဈေးနှုန်းမြင့်တက်နေ)
24/07/2026
ကြက်ဥဈေးနှုန်း မြင့်တက်ပြီး ပစ္စည်းပြတ်လပ်နေ
21/07/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....