မြေပဲဆံဈေးအတက်ဘက်မှာ ရှိနေ
ပြည်တွင်းပဲမျိုးစုံဈေးကွက်တွင် မြေပဲဆံဈေးနှုန်းများ တက်လာပြီး နှမ်းဖြူနှင့် နှမ်းနက်စမုန်ဈေးနှုန်းများ ကျဆင်းလာသည့် အခြေအနေရှိကြောင်း ကုန်စည်ဒိုင်များထံမှ သိရသည်။
လက်ရှိတွင် မြေပဲဆံမှာ မန္တလေးကုန်စည်ဒိုင်သို့ ဝင်ရောက်မှု နည်းလိုက်များလိုက် ဖြစ်နေသောကြောင့် ဈေးနှုန်းမြင့်တက်သည့် အခြေအနေရှိနေပြီး နှမ်းဖြူနှင့် နှမ်းနက်စမုန်မှာမူ အရောင်းအဝယ် အေးနေသည့်အတွက် ဈေးနှုန်းကျဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။
မြေပဲဆံသည် အမျိုးအစားအလိုက် တစ်ပိဿာလျှင် ရာဂဏန်းခန့်စီ အသီးသီး မြင့်တက်လာခြင်းဖြစ်ပြီး နှမ်းနက်စမုံမူ ကျပ် ၄၀,၀၀၀ ခန့် ကျဆင်းသွားကာ နှမ်းဖြူ (ဂျပန်) နှင့် နှမ်းဖြူ (ဗမာ) တို့မှာ ကျပ် ၂၀,၀၀၀ မှ ကျပ် ၃၀,၀၀၀ အတွင်း ဈေးနှုန်းကျဆင်းသွားသည်။
"မြေပဲဆံက မနေ့ကဆိုရင် အဝင်ပြန်များတယ်။ အရင်ရက်ကဆိုရင် အဝင်နည်းတယ်။ နည်းတော့ တက်ဈေးခေါ်ရောင်းကြတာ။ အရောင်းအဝယ် သွက်နေပါတယ်။ နှမ်းဖြူနဲ့ နှမ်းနက်စမုန်ကတော့ ဈေးအကျဘက်မှာ ရှိနေတယ်" ဟု မြေပဲအရောင်းအဝယ်လုပ်ကိုင်သူ တစ်ဦးက ဇွန်လ ၁၀ ရက်နေ့က ပြောသည်။
ဇွန်လ ၁၀ ရက်နေ့ မန္တလေးကုန်စည်ဒိုင်တွင် ဈေးနှုန်းများမှာ မြေပဲဆံ အက်စ်ဝမ်း (S1) လုံးဆန်း တစ်ပိဿာလျှင် ကျပ် ၁၁,၀၀၀ မှ ၁၁,၅၀၀ ၊ S1 ဆီဆံ တစ်ပိဿာလျှင် ကျပ် ၁၀,၆၀၀ မှ ၁၁,၀၀၀ ၊ အနီလုံးဆံ တစ်ပိဿာလျှင် ကျပ် ၁၀,၉၀၀ မှ ၁၁,၀၀၀ ၊ အနီဆီဆံ တစ်ပိဿာလျှင် ကျပ် ၉,၉၀၀ မှ ၁၀,၁၀၀ နှင့် အနီဆီဆံ (အညာ) တစ်ပိဿာလျှင် ကျပ် ၁၀,၀၀၀ မှ ၁၀,၃၀၀ ရှိသည်။
နှမ်းဈေးနှုန်းများမှာ နှမ်းနက်စမုန် (၄၅ ပိဿာတစ်အိတ်) လျှင် ကျပ် ၅၃၀,၀၀၀ မှ ၆၀၀,၀၀၀ ၊ နှမ်းဖြူ (ဂျပန်) တစ်အိတ်လျှင် ကျပ် ၃၄၀,၀၀၀ နှင့် နှမ်းဖြူ (ဗမာ) တစ်အိတ်လျှင် ကျပ် ၃၃၀,၀၀၀ မှ ၃၃၅,၀၀၀ ရှိသည်။
မေလ ၂၉ ရက်နေ့က မန္တလေးကုန်စည်ဒိုင်ပေါက်ဈေးတွင်မူ S1 လုံးဆံ တစ်ပိဿာလျှင် ကျပ် ၁၀,၈၀၀ မှ ၁၁,၂၀၀ ၊ S1 ဆီဆံ တစ်ပိဿာလျှင် ကျပ် ၁၀,၀၀၀ မှ ၁၀,၅၀၀ ၊ အနီလုံးဆံ တစ်ပိဿာလျှင် ကျပ် ၁၀,၅၀၀ မှ ၁၀,၈၀၀ ၊ အနီဆီဆံ တစ်ပိဿာလျှင် ကျပ် ၉,၈၀၀ မှ ၉,၉၀၀ နှင့် အနီဆီဆံ (အညာ) တစ်ပိဿာလျှင် ကျပ် ၉,၇၀၀ မှ ၁၀,၂၀၀ ရှိခဲ့သည်။
နှမ်းဈေးနှုန်းများမှာ နှမ်းနက်စမုန် ၄၅ ပိဿာတစ်အိတ်လျှင် ကျပ် ၅၃၀,၀၀၀ မှ ၆၄၀,၀၀၀ ၊ နှမ်းဖြူ (ဂျပန်) တစ်အိတ်လျှင် ကျပ် ၃၆၀,၀၀၀ မှ ၃၇၀,၀၀၀ နှင့် နှမ်းဖြူ (ဗမာ) တစ်အိတ်လျှင် ကျပ် ၃၅၈,၀၀၀ မှ ၃၆၀,၀၀၀ အထိ ရှိခဲ့သည်။
"အခုက ပြည်တွင်းမှာ မြေပဲဆီက ဈေးကွက်တစ်ခုလည်း ရနေပြီဆိုတော့ မြေပဲဆံဈေးကလည်း အတက်မှာပဲ ရှိနေတာ။ နှမ်းကကျတော့ ဆီလည်း အသုံးနည်းသေးတယ်။ ပြည်တွင်းမှာကလည်း မုန့်လုပ်ငန်း၊ အစားအသောက်လုပ်ငန်းလောက်ပဲ သုံးကြတာ။ စမုန်နက်ဆိုရင် ပြည်ပက ဝယ်လိုအားကောင်းမှ ဈေးကောင်းတာ" ဟု ပဲ၊ နှမ်းကုန်သည်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ရာသီက မကွေးတိုင်းဒေသကြီးအပါအဝင် နေရာအများစုတွင် မြေပဲစိုက်ပျိုးမှု လျော့ကျပြီး မြေပဲအထွက်နှုန်းများလည်း လျော့နည်းခဲ့ခြင်းကြောင့် မြေပဲဆံသည် ပြည်တွင်း၌ လက်ကျန်ပမာဏ အများကြီး မရှိတော့ကြောင်း သိရသည်။
မြေပဲနှင့် နှမ်းကို မကွေးတိုင်းဒေသကြီးတွင် အဓိက စိုက်ပျိုးခြင်းဖြစ်ပြီး ကျန်ရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး အပါအဝင် ဒေသအချို့တွင်လည်း စိုက်ပျိုးမှုရှိကြောင်း သိရသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
ဆက်စပ်ဆောင်းပါးများ
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
တစ်ပတ်စာဈေးကွက်သုံးသပ်ချက် (၂၀ - ၂၄.၇.၂၀၂၆)
ရှမ်းတောင်ရှိ ကုန်စိမ်းဈေးကွက်အခြေအနေ (ရွှေပဲ၊ ဘိုစားပဲနှင့် ငရုတ်ပွတို့ ဈေးနှုန်းမြင့်တက်နေ)
ဆက်စပ်မေးခွန်းများ
ပုဇွန်ကိုဘာနဲ့ချက်စားရင်ကောင်းလဲ. မဆလာနဲ့ကောင်းလားကြက်ဥနဲ့ကောင်းလား။
Thein Soe Min • ဖြေကြားချက် 4 ခု
ဒီနွားဘယ်မှာသွားပြီးဘာတွေစားခဲ့လဲဆိုတာဘယ်လိုပြန်ကြည့်လို့ရမလဲ။
Thein Soe Min • ဖြေကြားချက် 1 ခု
မလျှော်ဘဲနဲ့ဖြူတာရောမရှိဘူးလား။
Thein Soe Min • ဖြေကြားချက် 0 ခု
မျိုးေစ့ကုမ္ပဏီများထိုင်းနှံေကာက်မျိုးတတင်းဒါမှမဟုတ်သတင်းကွဲစျေးနှုန်းသည်လိုပါတယ်။
Thein Soe Min • ဖြေကြားချက် 0 ခု
ငါတွေကိုရေပြင်ထုတ်လိုက်လို့ရှိရင်အချိန်ဘယ်လောက်ကြာကြာအသက်ရှင်နိုင်လဲ
Thein Soe Min • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
ဧရာဝတီတိုင်းအတွင်း မိုးဆက်လက် ရွာသွန်းနိုင်ခြေ ရှိ
02/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026
ဩဂုတ်လ ၁၁ ရက်မှ ၁၃ ရက်အတွင်း မိုးရွာသွန်းမှုပိုမိုအားကောင်းလာမည့် ဒေသများ
30/07/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၄)
29/07/2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ရပ်ကွက်အချို့တွင် နွားများ အဖုအကြိတ်ပေါက်ကာ သေဆုံးသည်အထိဖြစ်နေ
28/07/2026
More from AMIA
အားလုံး
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ရပ်ကွက်အချို့တွင် နွားများ အဖုအကြိတ်ပေါက်ကာ သေဆုံးသည်အထိဖြစ်နေ
28/07/2026
တစ်ပတ်စာဈေးကွက်သုံးသပ်ချက် (၂၀ - ၂၄.၇.၂၀၂၆)
27/07/2026
ရှမ်းတောင်ရှိ ကုန်စိမ်းဈေးကွက်အခြေအနေ (ရွှေပဲ၊ ဘိုစားပဲနှင့် ငရုတ်ပွတို့ ဈေးနှုန်းမြင့်တက်နေ)
24/07/2026
ကြက်ဥဈေးနှုန်း မြင့်တက်ပြီး ပစ္စည်းပြတ်လပ်နေ
21/07/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....