ဈေးကွက်ဝင် မက္ကဒေးမီးယား
ယနေ့ခေတ် စူပါမားကတ်များတွင် ဈေးကြီးကြီးပေးပြီး ဝယ်စားနေကြရတဲ့ မက္ကဒေးမီးယားလို့ခေါ်တဲ့ အစေ့အဆံလေးအကြောင်းကို ဗဟုသုတအဖြစ် တင်ပြပေးပါ့မယ်။
မက္ကာဒေးမီးယားမှာဆိုရင် အကြမ်းအားဖြင့် စီးပွားရေးအရအရေးပါတဲ့ မျိုး၂ မျိုး ရှိပါတယ်။ ပထမတစ်မျိုးကတော့ အခွံချောမွေ့တဲ့ မက္ကဒေးမီးယားမျိုးပဲ ဖြစ်ပါတယ်။ သူ့ရဲ့သိပ္ပံနာမည်ကတော့ Macadamia integrifolia ဖြစ်ပါတယ်။ ဒုတိယမျိုးကတော့ အခွံကြမ်းတဲ့ မက္ကဒေးမီးယားမျိုးပါ။ သူ့ရဲ့ သိပ္ပံအမည်ကတော့ Macadamia tetraphylla ပဲ ဖြစ်ပါတယ်။
သူ့ရဲ့ အပင်အမြင့်ကတော့ မျိုးပေါ်မူတည်ပြီး ၂ မီတာမှ ၁၂ မီတာ အထိတောင် မြင့်ပါတယ်။ အသီးဟာဆိုရင်လည်း အရမ်းကိုမာကြောပြီး ထိပ်ဖျားချွန်နေပါတယ်။ အဲ့ဒီအသီးကို ခွဲလိုက်ရင်တော့ ကျွန်မတို့စားသုံးကြတဲ့ မက္ကဒေးမီးယားအစေ့ကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။
မက္ကဒေးမီးယားဟာဆိုရင်ဖြင့် အအေးပိုင်းဒေသတွေမှာရော အပူပိုင်းဒေသတွေမှာပါ စိုက်ပျိုးနိုင်ပါတယ်။ ဒါပေမယ့် နှင်းကျတာကိုတော့ မကြိုက်တဲ့အတွက် ဆီးနှင်းလွတ်တဲ့ဒေသဖြစ်ဖို့တော့ လိုအပ်ပါတယ်။ အပူချိန် ၁၀°C အောက် မကျဖို့လည်း လိုအပ်ပါတယ်။ ပျမ်းမျှအပူချိန်ကတော့ ၂၅°C ဖြစ်ပါတယ်။
မက္ကဒေးမီးယားက မြေဆီဩဇာကြွယ်ဝတဲ့မြေကို ပိုကြိုက်ပါတယ်။ ဒါပေမယ့် အမျိုးမျိုးသော မြေတွေမှာလည်း စိုက်ပျိုးဖြစ်ထွန်းနိုင်ပါတယ်။ အဓိက လိုအပ်တာကတော့ ရေသွင်းရေထုတ်ကောင်းဖို့ပါပဲ။ မြေချဉ်ငံဓာတ် (pH) ၅ မှ ၆ အကြားရှိတဲ့ မြေတွေမှာ ပိုမိုဖြစ်ထွန်းပြီး အလင်းရောင်ကောင်းစွာရဖို့လည်း လိုအပ်ပါတယ်။
အပင်ငယ်စဉ်မှာတော့ လေဒဏ်မှ ကာကွယ်ပေးဖို့လိုအပ်ပါတယ်။ မိုးရေချိန်အနေနဲ့ကတော့ ၄၀ လက်မ မှ ၈၀ လက်မကြား လိုအပ်ပါတယ်။ မိုးရေချိန်ပုံမှန်ရှိတဲ့ ဒေသတွေမှာတော့ အဆင်ပြေပေမယ့် မိုးရေချိန် ပုံမှန်မရှိတဲ့ဒေသတွေမှာဆိုရင်တော့ အပင်အရမ်းခြောက်သွေ့လာတဲ့အခါ ရေသွင်းပေးဖို့ လိုအပ်ပါတယ်။
အခုနက ပြောခဲ့သလိုပဲ မက္ကဒေးမီးယားပင်က ဆီးနှင်းကျတာကို မကြိုက်ပါဘူး။ အဲ့လိုပဲ ရေဝပ်တာကိုလည်း မကြိုက်ပါဘူး။ ဒါပေမယ့် မက္ကဒေးမီးယားအပင်က အတော်လေးကို အကြမ်းခံနိုင်ပါတယ်။ တကယ်လို့ ကိုယ်က ကျွေးနိုင်တယ်ဆိုရင်တော့ အနည်းလို အာဟာရဓာတ်တွေဖြစ်တဲ့ မဂ္ဂနီဆီယမ်၊ ဆာလဖိတ်၊ ဇင့်၊ ဘိုရွန် စတာတွေကို ကျွေးပေးလို့ရပါတယ်။ နိုက်ထရိုဂျင်ဓာတ်တွေလည်း ကျွေးပေးနိုင်ပါတယ်။
မက္ကဒေးမီးယားအပင်တွေဟာ ဖိုက်တိုပသော်ရာ အမြစ်ရောဂါဒဏ်ကို ခံနိုင်ရည် မရှိပါဘူး။ သူ့ရဲ့ အမြစ်တွေက နက်နက်မဆင်းနိုင်ဘဲ အမြစ်တိမ်တဲ့အတွက် လေမုန်တိုင်းတွေပြင်းပြင်းထန်ထန် တိုက်တဲ့အခါမှာလည်း လဲကျနိုင်ပါတယ်။
စိုက်ပျိုးနည်း
မက္ကဒေးမီးယားပင်ကို စိုက်မယ်ဆိုရင်တော့ အစေ့ကနေ စိုက်တာထက် ကိုင်းကူးကိုင်းဆက်နည်းနဲ့ စိုက်ဖို့ တိုက်တွန်းပါရစေ။ ဘာလို့ဆို အစေ့ကနေစိုက်မယ်ဆိုရင် အစေ့အဆံရဖို့ အချိန်အထိ ၇ နှစ်လောက် အနည်းဆုံးကြာနိုင်လို့ပါ။ ဒါပေမယ့် ကိုင်းကူးကိုင်းဆက်နည်းကိုသာ သုံးမယ်ဆိုရင်တော့ နှစ်နှစ်လောက်နဲ့တင် အသီးစတင်နိုင်ပါတယ်။ ချွင်းချက်အနေနဲ့ကတော့ မက္ကဒေးမီးယားအပင်တွေဟာ ကိုင်းကူးကိုင်းဆက်လုပ်ရာမှာ အောင်မြင်ဖို့တော့ နည်းနည်းခက်ခဲလှပါတယ်။ အဲ့ဒါကြောင့်လည်း မက္ကဒေးမီးယား အစေ့တွေဟာ ဒီနေ့ခေတ်ဈေးကွက်မှာတော့ ဈေးအကြီးဆုံး အစေ့အဆံတစ်ခုအဖြစ် ရပ်တည်နေနိုင်တာပဲ ဖြစ်ပါတယ်။ ပြီးတော့ မက္ကဒေးမီးယားအသီးတွေဟာ ဘယ်အချိန်ရင့်မှည့်တယ်ဆိုတာ မှန်းရခက်တဲ့အတွက် အသီးတွေ မြေပေါ်ကြွေကျတဲ့အထိ ထားကြရပါတယ်။ ကြွေကျသွားတဲ့အချိန်မှသာ လူတွေကကောက်ယူပြီး အစေ့ထုတ်ဖို့ ပြုလုပ်ကြရတာ ဖြစ်ပါတယ်။ အခုလောက်ဆိုရင်တော့ မက္ကဒေးမီးယားအပင်အကြောင်း အတော်လေး သိလောက်ပြီထင်ပါတယ်။ နောက်ဆုံးတစ်ခု ပြောချင်တာကတော့ မက္ကဒေးမီးယားအစေ့တွေဟာ ခွေးလေးတွေကို အဆိပ်အတောက်ဖြစ်စေပါတယ်။ အဲ့ဒါကြောင့် ချစ်လို့ဆိုပြီး မိမိခွေးလေးတွေကို တန်ဖိုးကြီးတဲ့ မက္ကာဒေးမီးယား အစေ့လေးတွေ သွားမကျွေးမိဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါရစေရှင့်။ ။
Reference: https://en.wikipedia.org/wiki/Macadamia
https://www.britannica.com/plant/macadamia
ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Phyo Min Oo
5 years ago👍👍👍
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from မဆုမြတ်ခင်
See all